နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သို့ တင်သွင်းမည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ တိုးမြင့်ကောက်မည်ဟု ထရန့်ကြေညာ

မေလ (၃၁) ရက်။

အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် သံမဏိများအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းသို့ နှစ်ဆ တိုးမြင့်ကောက်ယူမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့တွင် ကြေညာခဲ့သည်။

ပင်ဆယ်ဗေးနီးယား အနောက်မစ်ဖလင်းမြို့ ရှိ US သံမဏိစက်ရုံတွင် ထရန့်က သူ့တွင် “အဓိက ကြေညာချက်” ရှိသည်ဟု ပြောကြားခဲ့သည်။ လက်ခုပ်တီးကာအားပေးနေသော အမေရိကန် သံမဏိ ဝန်ထမ်းများအား ထရမ့်က အမေရိကန်၏ သံမဏိလုပ်သားများကို ကာကွယ်ရန်အတွက် အခွန်စည်းကြပ်မှု တိုးကောက်မည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ၂၅% ထပ်ပြီးတိုးမြင့်ကောက်ဖို့ လုပ်ဆောင်နေပါတယ်” ဟု ထရန့် ကပြောကြားခဲ့သည်။ “အမေရိကန်ပြည်ထောင်စုမှာ သံမဏိလုပ်ငန်းကို ပိုမိုလုံခြုံစေမယ့် သံမဏိအကောက်ခွန်ကို ၂၅% မှ ၅၀% အထိ တိုးမြှင့်ယူဆောင်သွားမှာဖြစ်ပါတယ်။”

ထရန့်က သူသည်၄၀% အခွန်စည်းကြပ်ရန် စဉ်းစားနေသော်လည်း စက်မှုလုပ်ငန်း အမှုဆောင်အရာရှိများက ၎င်းတို့သည် ၅၀% အခွန်ကောက်မှုကို လိုချင်ကြောင်း ပြောခဲ့သည်။

“၂၅% လုပ်ရင် သူတို့က အဲဒီခြံစည်းရိုးကို ကျော်ဖြတ်နိုင်တယ်” ဟု ထရန့်က ပြောကြားခဲ့သည်။ “၅၀% မှာ ဘယ်သူမှ ဒီခြံစည်းရိုးကို ကျော်မသွားနိုင်တော့ဘူး။”

မြင့်မားသောအကောက်ခွန်နှုန်းထားသည် ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် အသက်ဝင်မည် ဖြစ်ကြောင်း ၎င်းက နောက်ပိုင်းတွင် လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

“ဇွန် ၄ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်မည့် စတီးနှင့် အလူမီနီယံ စည်းကြပ်ခွန် ၂၅% မှ ၅၀% အထိ တိုးမြှင့်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ကျွန်ုပ်တို့၏ သံမဏိနှင့် အလူမီနီယံလုပ်ငန်းများသည် ယခင်ကကဲ့သို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အံ့သြဖွယ် သံမဏိနှင့် အလူမီနီယံအလုပ်သမားများအတွက် နောက်ထပ် သတင်းကောင်းတစ်ခု ဖြစ်ပါလိမ့်မည်။ အမေရိကန်ကို ထပ်ပြီး ကြီးမြတ်ပါစေ”ဟု ထရန့်သည် သူ၏ Truth Social platform တွင် ရေးသားခဲ့သည်။

မတ် ၁၂ ရက်တွင် ထရန့်သည် စတီးနှင့် အလူမီနီယံ တင်သွင်းမှုအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခဲ့ပြီးနောက် ကနေဒါမှ လက်တုံ့ပြန်မှုကြောင့် အမေရိကန်၏ ကားလုပ်ငန်း အတွက် စိတ်ပျက်စရာဖြစ်စေခဲ့သည်။ ဥရောပသမဂ္ဂကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပြီး လက်တုံ့ပြန် စည်းကြပ်ခွန်များကို အဆုံးစွန် ချမှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထရန့်က အမေရိကန်သံမဏိလုပ်ငန်းကို ကယ်တင်ရန်အတွက် ၎င်း၏ အခွန်စည်းကြပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သောကြာနေ့က ချီးကျူးခဲ့ပြီး အမေရိကန် သံမဏိလုပ်ငန်းသည် အခွန်စည်းကြပ်ရန် မလုပ်ဆောင်ပါက ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သံမဏိအားလုံးသည် နိုင်ငံခြားလုပ်ဖြစ်၍ စက်ရုံများ ပိတ်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အခွန်စည်းကြပ်မှုများကြောင့် အမေရိကန်သံမဏိလုပ်ငန်းတွင် များစွာလိုအပ်နေသည့် တွန်းအားပေးမှုတစ်ခု ဖြစ်နိုင်သော်လည်း အမေရိကန် ဆောက်လုပ်ရေးနှင့် ထုတ်လုပ်မှုအတွက် အဓိကပါဝင်ပစ္စည်းဖြစ်သောကြောင့် စျေးနှုန်းများကို မြှင့်တက်စေနိုင်သည်။ ထိုလုပ်ငန်းနှစ်ခုကို ပံ့ပိုးလိုကြောင်း ထရန့်က ပြောကြားခဲ့သည်။ အမေရိကန် ထုတ်လုပ်သူများအနေဖြင့် နိုင်ငံခြား သံမဏိများကဲ့သို့ ပြိုင်ဆိုင်မှုများပြားမည်ကို စိုးရိမ်စရာ မရှိသောကြောင့် ပြည်တွင်း၌ ထုတ်လုပ်သည့် စတီးလ်ထုတ်ကုန်များ၏ စျေးနှုန်းသည် မတ်လတွင် ၂၅% စည်းကြပ်ခွန်ကြေညာပြီးကတည်းက မြင့်တက်လာခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ထရန့်သည်သူ၏ ပထမသက်တမ်းတွင် သံမဏိအခွန် အကောက်အချို့ကို ချမှတ်သောအခါ အမေရိကန်ထုတ်လုပ်မှုသည် အနည်းငယ်သာ တိုးလာသော်လည်း ၎င်းသည်ကားများ၊ ကိရိယာများနှင့်စက်များအတွက် ကုန်ကျစရိတ်များ မြင့်တက်လာစေပြီး ထိုလုပ်ငန်းများကို ကျုံ့ဝင်သွားစေခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ထိုစက်မှုလုပ်ငန်းများ၏ ထွက်ရှိမှုကို ၃ ဘီလီယံကျော်အထိလျှော့ကျခဲ့ရကြောင်း အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု ကော်မရှင်၏ ၂၀၂၃ ခွဲခြမ်းစိတ်ဖြာချက်တွင် တွေ့ရှိခဲ့သည်။ ကုန်ကျစရိတ်များသည် ရရှိသည့် အကျိုးအမြတ်များထက် သာလွန်များပြားနေပေသည်။

သမ္မတ ထရန့်သည် ပုဒ်မ ၂၃၂ ဟု အများအားဖြင့် ရည်ညွှန်းသော ဥပဒေတစ်ရပ်ကို အသုံးပြုခဲ့ပြီး၊ နိုင်ငံတော် လုံခြုံရေးအရ အခွန်များ တိုးမြှင့်ကောက်ခံရန် သမ္မတအား အခွင့်အာဏာပေးကာ နိုင်ငံခြားသံမဏိများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် အခွင့်အာဏာ ပေးထားသည်။

အမေရိကန်သည် ယမန်နှစ်က ဒေါ်လာ ၃၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ သံနှင့် သံမဏိကို တင်သွင်းခဲ့ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာန၏ အချက်အလက်များအရ သိရသည်။ (အစိုးရ မှတ်တမ်းများတွင် သံနှင့် သံမဏိကို ပေါင်းစပ်ထားသည်။) ကနေဒါသည် သံနှင့်သံမဏိထုတ်လုပ်မှု၏ ထိပ်တန်းအရင်းအမြစ်ဖြစ်ပြီး အမေရိကန်သို့ ဒေါ်လာ ၇.၆ ဘီလီယံဖိုး တင်ပို့ခဲ့သည်။

‘မင်းကို စောင့်ကြည့်နေတယ်’

သောကြာနေ့ မိန့်ခွန်းအတွင်း ထရန့်သည် ဂျပန်နိုင်ငံ၏ နီပွန်း စတီးလ် (Nippon Steel) ကုမ္ပဏီ ကို ယူအက်စ် စတီးလ် (US Steel) ကုမ္ပဏီတွင် ထိန်းချုပ်ထားသော အစုရှယ်ယာများ ဝယ်ယူခွင့်ပြုရန် အတည်ပြုခဲ့သည့် သဘောတူညီချက်ကိုလည်း ဂုဏ်ပြုခဲ့သည်။

၎င်း၏မဲဆွယ်စည်းရုံးမှုအတွင်း၊ ထရန့် သည် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှ ယူအက်စ် စတီးလ် (US Steel) ကို ဝယ်ယူခြင်းကို ဆန့်ကျင်ခဲ့သည်။ ၎င်းသည် သူနှင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်တို့ သဘောတူညီ ခဲ့သည့် အချက်အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ဘိုင်ဒင်သည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုရှိသည်ဟု ကိုးကား၍ ဝယ်ယူခွင့်ကို ပိတ်ပင်ခဲ့သည်။

သို့သော် နီပွန်း စတီးလ် (Nippon Steel) သည် ယူအက်စ် စတီးလ် (US Steel) နှင့်၎င်း၏ အလုပ်သမားများကို နောက်ဆုံးတွင် ကယ်တင်နိုင်မည်ဟု ယုံကြည်ကြောင်း သောကြာနေ့တွင် ထရန့်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့သံမဏိလုပ်သားကြီးတွေအတွက် အကာအကွယ်မရှိဘဲ ယူအက်စ် စတီးလ် (US Steel) ကို နိုင်ငံခြားသားလက်ထဲကို ရောင်းလိုက်တယ်” ဟု ထရန့် ကယခင်က ပြောကြားခဲ့ဘူးသည်။ “ဒါကြောင့် ကျွန်တော်အနေနဲ့ ဒါဟာဘယ်လိုမှ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ မင်းကို ငါက စောင့်ကြည့် နေတယ်” ဟု ဆိုခဲ့သည်။

သို့သော် နောက်ဆုံးတွင် ထရန့်က နီပွန်း စတီးလ် (Nippon Steel) နှင့် ယူအက်စ် စတီးလ် (US Steel) ၏ အမှုဆောင်အရာရှိများသည် ပြဿနာကို ဆက်လက်တွန်းအားပေးခဲ့ပြီး၊ အဆုံးတွင် ထရန့်၏ သဘောတူညီချက်သည် လုံလောက်သည့်အခြေအနေအဖြစ် ရောက်ရှိလာခဲ့သည်။ အဓိက အချက်တစ်ချက်မှာ ကုမ္ပဏီကို လည်ပတ်ပုံနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုကို ပေးဆောင်သည့် ရွှေရှယ်ယာဟုခေါ်သော ရွှေအစုရှယ်ယာ ပေးအပ်ထားမှု ဖြစ်သည်ဟု သူက ဆိုသည်။

“သူတို့က ကျွန်တော့်ကို ဆက်မေးနေပြီး ကျွန်တော်က ဆက်ငြင်းနေခဲ့တယ်၊ နည်းလမ်းမရှိဘူး၊ နည်းလမ်းမရှိဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။ “သူတို့ဝင်လာတိုင်း ဝင်လာတိုင်း သဘောတူညီချက်က အလုပ်သမားတွေအတွက် ပိုပြီး ပိုကောင်းလာပါတယ်”

“ကျွန်တော် ဝါရှင်တန်ကို သွားတော့မယ်၊ အဲဒါကို ကျွန်တော်က စောင့်ကြည့်နေမှာပါ” ဟု ထရန့် က ထပ်လောင်း ပြောကြားခဲ့သည်။

အခွန်စည်းကြပ်မှုအသစ်နှင့် နီပွန်း စတီးလ် (Nippon Steel) ၏ သဘောတူညီချက်ဖြင့် အမေရိကန် သံမဏိ လုပ်သားများကို ဂုဏ်ပြုရန်များစွာ ရှိနေသည်ဟု ထရန့်က ပြောကြားခဲ့သည်။ သူသည် အမေရိကန်၏ သံမဏိလုပ်ငန်းအခြေအနေကို ဂုဏ်ပြုကာ ထရမ့်သည် စင်မြင့်ပေါ်မှနေ၍ သူ့အား ချီးမွမ်းနေသည့် အလုပ်သမားတချို့ကို ဖိတ်ကြားခဲ့သည်။

“ဒီနေ့ဟာ အလွန်ကြီးမားတဲ့နေ့တစ်နေ့ ဖြစ်မှာပါ” ဟု ထရန့် ကပြောကြားခဲ့သည်။ “ဒါက မင်းဘဝရဲ့ အကြီးကျယ်ဆုံးနေ့တွေထဲက တစ်နေ့ ဖြစ်လိမ့်မယ်။”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 77 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက