မြန်မာ့အားကစားဦးမော့လာစေဖို့ ဒို့တတွေကြိုးစားစို့
မြန်မာနိုင်ငံမှာ ကျောင်းပညာသင်ကြားရေးမှာစစ်အစိုးရအဆက်ဆက် ကျောင်းသားတွေကို စာသင်ကြားရေးကိုသာ ဇောင်းပေးလုပ်ခဲ့ပြီး အားကစားပညာကို အလေးမပေးခဲ့တာကြောင့် မြန်မာကလေးတွေ ထူးချွန်တဲ့အားကစားသမားတွေ ကမ္ဘာကျော် အားကစားထူးချွန်သူတွေ အဖြစ်ကနေဝေးခဲ့ရသလို ကာယဗလ ဉာဏဗလနှစ်ခုလုံး ဖွံ့ဖြိုးနိုင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရ ပါတယ်။ လူမွေးလူတောင်မပြောင်နိုင်ဘဲ ထွားကြိုင်းသန်မာသူတွေအဖြစ်ကြီးပြင်းမလာကြဘဲ ခါးချိ ဖင်လိမ် လူတန်းစေ့မရှိနိုင်ကြဘဲ ပိန်ကပ်ကပ် အရပ်အမောင်းမကောင်းတဲ့ လူ့ဗလံလေးများ အဖြစ်ရောက်ရှိ နေတဲ့ဘဝကနေလောင်းကစား ဆေးဝါးတွေသုံးစွဲနေကြတဲ့ဘဝတွေကနေ ပြန်လည်ထွားကြိုင်းလာပြီး အားကစားထူးချွန်သူ အားကောင်း မောင်းသန် မောင်မယ်များ ဖြစ်လာအောင် ဘာတွေလိုအပ်နေတယ်ဆိုတာကို ဦးထွန်းအောင်ကျော်က သူ့အမြင်ကို တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့