နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

တီဟီရန် မြို့သည် ပြင်းထန်သောရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကြောင့် ‘ရက်သတ္တပတ်များ အတွင်း’ ရေကုန်ခမ်းသွားနိုင်ချေရှိသည်။

CNN- ဇူလိုင် ၃၁၊ ၂၀၂၅

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်သည် ဆိုးရွားသော ရေအကျပ်အတည်းကို ကြုံတွေ့နေရ သောကြောင့် မြို့တော်၏ နေရာအနှံ့အပြားတွင် ရေပိုက်ခေါင်းများ ခြောက်သွေ့သွာမည့် နေ့ “ရက်သုည”ရောက်ရန် သီတင်းပတ်များ အကွာသို့ ရောက်ရှိ နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အဓိက ရေလှောင်ကန်များခမ်းခြောက်လာကာ အာဏာပိုင်များက ရေသုံးစွဲမှု လျှော့ချရန် အတတ်နိုင်ဆုံး ကြိုးပမ်းနေကြပြီး ဒေသခံများကို ကပ်ဆိုးဘေးမှ ကင်းဝေးစေရန် ထိန်းသိမ်းစောင့်ရှောက်ရန် အသည်းအသန် ကြိုးစားနေကြသည်။

“ဒီနေ့ အရေးတကြီး ဆုံးဖြတ်ချက်တွေ မချဘူးဆိုရင် နောင်မှာ ဖြေရှင်းလို့မရနိုင်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်” ဟု သမ္မတ မာဆွတ် ပက်ဇက်ခီယန် (Masoud Pezeshkian) က တနင်္လာနေ့တွင် ပြုလုပ်သော အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဤမိုးနည်းသောနိုင်ငံ၌ ရေသည် ရှားပါးသည်။ ကွာခြားချက်မှာ ဤအကျပ်အတည်းသည် မြို့တော်ကို ထိခိုက်လာနေပြီဟု ကုလသမဂ္ဂ ရေ၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး အင်စတီကျုမှ ဒါရိုက်တာ Kaveh Madani က ပြောသည်။

လူဦးရေ ၁၀ သန်းဝန်းကျင် နေထိုင်သည့် တီဟီရန်သည် စားသုံးမှုအဆင့်ကို မလျှော့ချပါက ရေလုံးဝ ကုန်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။ “ရက်သတ္တပတ်များအတွင်း ဖြစ်နိုင်ချေရှိတဲ့ ရေလုံးဝမရှိတော့တဲ့ သုညအခြေအနေ အကြောင်း ကျွန်တော်တို့ ပြောနေပါတယ်” ဟု အီရန်၏ လက်ထောက်အကြီးအကဲအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သည့် မာဒါနီ (Madani) က ပြောကြားခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန။

အကျပ်အတည်း၏ အရင်းမြစ်များသည် ဆယ်စုနှစ်များစွာ ရေစီမံခန့်ခွဲမှု ညံ့ဖျင်းမှုနှင့် ထောက်ပံ့မှုနှင့် ဝယ်လိုအားအကြား မညီမျှမှု တိုးမြင့်လာမှုကြောင့်ဖြစ်သည်ဟု အင်ဂျင်နီယာများက ပြောဆိုခဲ့သည်။

အားလုံးက ရာသီဥတု ဖောက်ပြန်မှု နဲ့ ဆက်စပ်နေခဲ့သည်။

အီရန်သည် ၎င်း၏ စံချိန်တင် မိုးခေါင်မှု အဆိုးရွားဆုံးကို ငါးနှစ်ဆက်တိုက် ခံစား ကြုံတွေ့နေရသည်။ တိုင်းပြည်သည်လည်း ရက်စက်ကြမ်းကြုတ်တဲ့ အပူဒဏ်ကို ခံနေရသည်။ ရာသီဥတု ပညာရှင်နှင့် မိုးလေဝသ သမိုင်းပညာရှင် မက်ဆီမီလီယာနို ဟာရဲရား(Maximiliano Herrera) ၏ ပြောကြားချက်အရ ယခုလအတွင်း နိုင်ငံ၏ ဒေသအချို့တွင် အပူချိန် ၁၂၂ ဒီဂရီ ဖာရင်ဟိုက်ထက် မြင့်တက်ခဲ့သည်။ “အီရန်သည် နှစ်ရှည်နီးပါး စံချိန်တင် အပူရှိန် အခြေအနေ တွင် ရှိနေပုံရသည်” ဟု ၎င်းက CNN သို့ ပြောကြားခဲ့သည်။

အကျပ်အတည်းကို တုံ့ပြန်ရာတွင် အာဏာပိုင်များသည် တီဟီရန်တွင် ရေဖိအားကို ထက်ဝက်နီးပါး လျှော့ချခဲ့ပြီး အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းခန့်ကို ထိခိုက်ခဲ့ကြောင်း တီဟီရန်ပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက် ဆာဒက် မိုတာမီဒီယန်(Mohammad Sadegh Motamedian) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အထပ်မြင့် အဆောက်အအုံများတွင် နေထိုင်သူများအတွက် ရေပေးဝေမှု လုံးဝမရှိနိုင်ပါ။ တီဟီရန်တွင် ၁၄ လွှာတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ၎င်း၏ ပိုက်များ မကြာခဏ ခြောက်တတ်သည်ဟု ဆိုသည်။

ရေနံတင်သင်္ဘောများဖြင့် မြို့တော်သို့ ရေများ ပို့ဆောင်နေပြီး ငွေကြေးတတ်နိုင်သူများမှာ သိုလှောင်ကန်များ တပ်ဆင်ရန် အပြေးအလွှား လုပ်ဆောင်နေကြသည်ဟု မာဒါနီ (Madani) က ပြောသည်။ “ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးပါဘူး… ဒါက တီဟီရန်အတွက် အသစ်ပါပဲ။”

လွန်ခဲ့သည့် ရက်သတ္တပတ်က အီရန်အစိုးရသည် တီဟီရန်ပြည်နယ်တွင် တစ်ရက်တာ အများပြည်သူအားလပ်ရက်အဖြစ် ကြေညာခဲ့ပြီး ရေနှင့်လျှပ်စစ်ဓာတ်အား သက်သာစေရန် နိုင်ငံတစ်ဝှမ်းရှိ အခြားဒေသများတွင်လည်း ကြိုးပမ်းခဲ့သည်။

ယခုအခါ တီဟီရန်ရှိ လူများအား တစ်ပတ်အများပြည်သူအားလပ်ရက်များ ပေးနိုင်ရန် စဉ်းစားနေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဖာတီမဟ် မိုဟာဂျာနီက တနင်္လာနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လူများ မြို့တော်မှ ခေတ္တထွက်ခွာသွားကာ ရေလိုအပ်ချက်ကို ဖြတ်တောက်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ မြောက်ပိုင်းရှိ အယ်ဘော့ဇ် တောင်တန်း (Alborz Mountain range)တွင် တည်ဆောက် ထားသော အမီရာ ကာဘီရာ ရေကာတာ(Amir Kabir dam) တွင်ရေသည် ဆည်အောက်ခြေအထိ ကျဆင်းသွားခဲ့သည်(ဓါတ်ပုံ-၂၀၂၅ ခုနှစ်၊ ဂျွန်လ ၁ရက်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော