နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ပူတင်၏ နေအိမ်အား ယူကရိန်းက တိုက်ခိုက်သည်ဆိုသော စွပ်စွဲချက်ကို ရုရှားက အခိုင်အမာ ထပ်လောင်းပြောဆိုသော်လည်း ခိုင်လုံသော သက်သေပြနိုင်ခြင်း မရှိသေး

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ နေအိမ်တစ်ခုကို ပစ်မှတ်ထား၍ ယူကရိန်းက တနင်္လာနေ့တွင် အကြီးအကျယ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်ကို ရုရှားက ထပ်လောင်းပြောဆိုလိုက်ပြီး စစ်တပ်ကလည်း အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ မှတ်ချက်အသစ်များ ထုတ်ပြန်ခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ဒရုန်းအပျက်အစီးများဘေးတွင် ရပ်နေသော စစ်သားတစ်ဦး၏ ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကမူ အဆိုပါ ဒရုန်းတိုက်ခိုက်မှုဆိုသည်မှာ ရုရှား၏ “လုံးဝ လုပ်ကြံဖန်တီးမှု” သာဖြစ်ကြောင်း ငြင်းဆိုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ တနင်္လာနေ့ အစောပိုင်း ဖုန်းဖြင့် ဆက်သွယ်မှုအတွင်း ထိုတိုက်ခိုက်မှုအကြောင်းကို ပူတင်က မိမိအား ပြောပြခဲ့ကြောင်း ဆိုသည်။ ထိုတိုက်ခိုက်မှု သည် အမှန်တကယ် မဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့ သော်လည်း၊ ပူတင်၏ စကားကို အယုံအကြည်ရှိကြောင်း ထရန့်က အရိပ်အမြွက် ပြောကြားခဲ့သည်။

အခြားသူများကလည်း ရုရှား၏ စွပ်စွဲချက်အပေါ် သံသယရှိနေကြသည်။

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) ကမူ ၎င်းသည် “တမင်တကာ အာရုံလွှဲခြင်း” သာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ယူကရိန်းနဲ့ သူ့ရဲ့ အနောက်အုပ်စု မိတ်ဖက်တွေ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဟန့်တားဖို့ မော်စကိုက ရည်ရွယ်နေတာပါ” ဟု သူမက X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ ရုရှားအနောက်မြောက် ပိုင်း နော့ဗ်ဂေါရော့ (Novgorod) ဒေသရှိ ဗယ်လ်ဒိုင် (Valdai) အနီးရှိ ပူတင်၏ နေအိမ်အား ယူကရိန်းမြောက်ပိုင်းမှ ဒရုန်း ၉၁ စင်းဖြင့် လွှတ်တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုဒရုန်းများထဲမှ ထက်ဝက်ကျော်ကို ကီလိုမီတာ ရာဂဏန်းအကွာ၌ပင် ကြားဖြတ် ဟန့်တား နိုင်ခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသော်လည်း အဆိုပါဒရုန်းများသည် ဗယ်လ်ဒိုင်သို့ ဦးတည် နေခြင်းဖြစ်ကြောင်း မည်သို့သိရှိသည်ကိုမူ အသေးစိတ် မပြောကြားခဲ့ပေ။ ကျန်ရှိသော ဒရုန်းများကိုမူ နော့ဗ်ဂေါရော့ အထက်တွင် တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီမှ ၈ နာရီခွဲအတွင်း ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ဝန်ကြီးဌာနသည် ဒရုန်းများ ပျံသန်းလာသည့် လမ်းကြောင်းနှင့် ပစ်ချခံရသည့် နေရာများကို ဖော်ပြထားသည့် မြေပုံတစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဒရုန်းအပျက်အစီးများဘေးတွင် မျက်နှာဖုံးစွပ်ထားသော စစ်သားတစ်ဦး ရပ်နေ သည့် ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါဒရုန်း၏ ပြင်းအားမြင့် ပေါက်ကွဲစေတတ်သော ထိပ်ဖူးသည် “လူကို ထိခိုက်စေနိုင်သော အစိတ်အပိုင်းများစွာ” ဖြင့် ဖွဲ့စည်းထားကာ အရပ် ဘက် ပစ်မှတ်များကို တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ဗီဒီယို ရိုက်ကူးခဲ့သည့် ရက်စွဲနှင့် တည်နေရာကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ထပ် ဗီဒီယိုတစ်ခုတွင်မူ သမ္မတနေအိမ် အနီးတွင် နေထိုင်သူဟု ဆိုသည့် အမျိုးသားတစ်ဦးက အသံကြောင့် နိုးလာခဲ့ရကြောင်း ပြောကြား ထားသည်။

“ကျွန်တော့်ဘဝမှာ ဒုံးကျည်သံကို ပထမဆုံးအကြိမ် ကြားဖူးတာပါ” ဟု အီဂေါ ဘိုလ်ရှာ ကော့ဗ် (Igor Bolshakov) က ပြောသည်။ “အသံက (ဗယ်လ်ဒိုင် အိုင်) ဘက်ကနေ လာတာပါ” ဟု ၎င်းက ဆိုသည်။

လုံခြုံရေး အလွန်တင်းကျပ်ထားသော ဗယ်လ်ဒိုင် သမ္မတနေအိမ်သည် ဗယ်လ်ဒိုင်အိုင် ကမ်းခြေတွင် တည်ရှိသည်။

ယူကရိန်းနယ်စပ်နှင့် အလှမ်းဝေးကွာသော ရုရှားနိုင်ငံအတွင်းပိုင်း၌ ယခုကဲ့သို့ အကြီးအကျယ် တိုက်ခိုက်မှုမျိုး ဖြစ်ပွားပါက ဆိုရှယ်မီဒီယာပေါ်တွင် ဒရုန်းများကို ကြားဖြတ်ပစ်ချသည့် ဗီဒီယိုများ တက်လာလေ့ရှိသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ မည်သည့်ဗီဒီယိုမှ တက်လာခြင်း မရှိသည်မှာ ထူးခြားနေသည်။

အင်္ဂါနေ့တွင် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က အဆိုပါ တိုက်ခိုက်မှုသည် “ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ သမ္မတ ထရန့်ရဲ့ ကြိုးပမ်းမှုတွေကို ဖျက်လိုဖျက်ဆီး လုပ်တာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ထရန့်သည် ယူကရိန်းနှင့် ရုရှားအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တိုးတက်လာစေရန် ကြိုးပမ်းနေသော်လည်း နှစ်ဖက်အကြား သဘောထား ကွဲလွဲမှုများစွာ ရှိနေဆဲဖြစ်သည်။

အနောက်နိုင်ငံ အစိုးရအချို့နှင့် လွတ်လပ်သော လေ့လာဆန်းစစ်သူများကမူ ရုရှား၏ စွပ်စွဲချက်အပေါ် သံသယရှိနေကြသည်။

ပူတင်၏ နေအိမ်အား ယူကရိန်းက တိုက်ခိုက်ရန် ကြိုးပမ်းသည်ဆိုသော စွပ်စွဲချက်အပေါ် ဒီမိုကရက် ထိပ်တန်းအမတ်၏ မှတ်ချက်- “ပူတင်က တကယ် ဘာလုပ်ဖို့ ကြိုးစားနေလဲ ဆိုတာကို ထရန့် မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုဆိုသည်။

“တစ်ရက်နီးပါး ကြာသွားတဲ့အထိ ယူကရိန်းက ‘ပူတင်ရဲ့ နေအိမ်ကို တိုက်ခိုက်တယ်’ ဆိုတဲ့ စွပ်စွဲချက်အတွက် ခိုင်လုံတဲ့ သက်သေတစ်ခုမှ ရုရှားက မပြနိုင်သေးဘူး” ဟု ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ပြနိုင်မှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်သေ မရှိလို့ပဲ။ အဲဒီလို တိုက်ခိုက်မှု မျိုး မဖြစ်ခဲ့ဘူး” ဟု ဆီဘီဟာက X တွင် ရေးသားခဲ့သည်။

ရုရှား၏ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ထရန့် အစိုးရအဖွဲ့နှင့် စကားပြော ဖြစ်ခဲ့ သလားဟု မေးမြန်းရာတွင် ဇလန်းစကီးက CNN သို့ ပြောကြားရာ၌ “ကျွန်တော်တို့ရဲ့ ညှိနှိုင်းရေးအဖွဲ့က အမေရိကန်အဖွဲ့နဲ့ ဆက်သွယ်ခဲ့ပါတယ်။ သူတို့ အသေးစိတ် ဆွေးနွေးခဲ့ကြ ပြီး ဒါဟာ လုပ်ကြံသတင်း (Fake) ဖြစ်တာကို ကျွန်တော်တို့ နားလည်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအနေနဲ့ ဒါဟာ သတင်းမှားဖြစ်တယ်ဆိုတာကို သူတို့ရဲ့ နည်းပညာ တွေသုံးပြီး အမြဲတမ်း စစ်ဆေးနိုင်ပါတယ်” ဟု ဆိုသည်။

နောင်လာမည့် လုံခြုံရေး အာမခံချက်များ အပါအဝင် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်၏ အခြားကဏ္ဍများအတွက် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ဇလန်းစကီးက အင်္ဂါနေ့တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။ ယူကရိန်းတွင် အမေရိကန်တပ်ဖွဲ့များ ချထား နိုင်ခြေ နှင့် ပတ်သက်၍ ထရန့်နှင့်လည်းကောင်း၊ Coalition of the Willing ကိုယ်စားလှယ်များ နှင့်လည်းကောင်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် ယူကရိန်းသို့ အမေရိကန် တပ်ဖွဲ့များ စေလွှတ်ရေး ဆုံးဖြတ်ချက်မှာ အမေရိကန်သမ္မတအပေါ်တွင်သာ မူတည်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

ရုရှား၏ စွပ်စွဲချက်အပေါ် အခြားသူများက သံသယရှိခြင်း

နေတိုး (NATO) ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မက်သယူး ဝှစ်တိတ်ကာ (Matthew Whitaker) က အင်္ဂါနေ့တွင် “Fox Business” နှင့် အင်တာဗျူးရာ၌ ရုရှား၏ ဒရုန်းတိုက်ခိုက်မှု စွပ်စွဲချက်အပေါ် သံသယရှိကြောင်း ထုတ်ဖော်ခဲ့သည်။ “ဒါဟာ အမှန်တကယ် ဖြစ်ခဲ့သလား ဆိုတာ မရှင်းလင်းသေးပါဘူး။ ကျွန်တော်တို့ ဒီသတင်းအချက်အလက်တွေရဲ့ အမှန်တရားကို စုံစမ်းသွားမှာပါ” ဟု ၎င်းက ဆိုသည်။

အင်္ဂါနေ့ အစောပိုင်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နှင့် နီးစပ်သည့် သတင်းရင်း မြစ် တစ်ခုကလည်း “ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေဆီက အချက်အလက်တွေကို တိုက်ဆိုင် စစ်ဆေးပြီးတဲ့ နောက်မှာတောင် ရုရှားအာဏာပိုင်တွေရဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို ထောက်ခံပေးမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

ရုရှားအနောက်မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နေတိုးအဖွဲ့ဝင် လစ်သူယေး နီးယား နိုင်ငံကမူ မော်စကို၏ စွပ်စွဲချက်မှာ ယူကရိန်းအပေါ် တိုက်ခိုက်မှုများကို မျှတအောင် လုပ်ဆောင်ရန် ရည်ရွယ်သည့် False Flag (မိမိကိုယ်ကို တိုက်ခိုက်ခံရဟန် ဖန်တီးခြင်း) စစ်ဆင်ရေးသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဒီတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ယူကရိန်းတပ်ဖွဲ့တွေ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်တဲ့အခါ တွေ့ရလေ့ရှိတဲ့ ပုံစံမျိုးနဲ့ မတူဘူး” ဟု ဝါရှင်တန်အခြေစိုက် စစ်ပွဲလေ့လာရေးတပ်ဖွဲ့ (ISW) က မှတ်ချက်ပြုခဲ့ပြီး၊ လေကြောင်းကာကွယ်ရေး စစ်ဆင်မှု ဗီဒီယိုများ သို့မဟုတ် ရုရှားဒေသန္တရ အာဏာပိုင်များ၏ ထုတ်ပြန်ချက်များ မရှိခြင်းကိုလည်း ထောက်ပြခဲ့သည်။

ရုရှား၏ လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်သည့် Agentstvo ကမူ ဗယ်လ်ဒိုင်ခရိုင် အုပ်ချုပ်ရေးမှူးသည် တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့သော်လည်း မည်သည့်တိုက်ခိုက်မှုအကြောင်းကိုမျှ ပြောကြားသွားခြင်း မရှိကြောင်း အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

ထို့အပြင် သမ္မတနေအိမ်နှင့် ၂၀ ကီလိုမီတာ (၁၂ မိုင်) ခန့်သာ ဝေးသော လူဦးရေ ၁၄,၀၀၀ ရှိသည့် ဗယ်လ်ဒိုင်မြို့၏ အများပြည်သူသုံး ဆိုရှယ်မီဒီယာ ချန်နယ်များတွင်လည်း ဒရုန်းတိုက်ခိုက်မှု သတင်းပေးပို့ချက် တစ်ခုမျှ ရှာမတွေ့ခဲ့ကြောင်း Agentstvo က ဆိုသည်။

အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပက်စကော့ဗ်အား တိုက်ခိုက်မှုနှင့် ပတ်သက်၍ ရုပ်ပိုင်းဆိုင်ရာ သက်သေများ ရှိပါသလားဟု မေးမြန်းခဲ့သည်။

“ဒီနေရာမှာ ‘သက်သေ’ ဆိုတာမျိုး ပြနေစရာ လိုမယ်လို့ မထင်ပါဘူး။ အခုလို အကြီးအကျယ် ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့ရဲ့ လေကြောင်းကာကွယ်ရေး အဖွဲ့တွေရဲ့ စနစ်တကျ လုပ်ဆောင်မှုကြောင့် အဲဒီဒရုန်းတွေကို ပစ်ချနိုင်ခဲ့တာပဲ သက်သေပါပဲ” ဟု ပက်စကော့ဗ်က ဆိုသည်။

“ဇလန်းစကီးကိုယ်တိုင်က ဒါကို ငြင်းဖို့ ကြိုးစားနေတယ်။ ကိယက်ဗ် အစိုးရနဲ့ တစ်လေသံ တည်း ထွက်နေတဲ့ အနောက်တိုင်း မီဒီယာ အတော်များများကလည်း ဒါဟာ မဖြစ်ခဲ့ဘူးလို့ လိုက်ပြောနေကြတယ်။ ဒါပေမဲ့ ဒါတွေဟာ ရူးသွပ်တဲ့ ပြောဆိုချက်တွေပါ” ဟု ၎င်းက ဆက်ပြောသည်။

ပူတင်သည် ထရန့်နှင့် တနင်္လာနေ့တွင် ဖုန်းဖြင့် စကားပြောစဉ် အဆိုပါ ဒရုန်းတိုက်ခိုက်မှု အကြောင်းကို အသိပေးခဲ့ပြီး၊ ယင်းကြောင့် ရုရှားအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အပေါ် ထားရှိသည့် သဘောထားကို ပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်ဟု ကရင်မလင် အကြံပေး ယူရီ အူရှာကော့ဗ် (Yuri Ushakov) နှင့် ဖုန်းဆက်သွယ်မှုကို ကိုးကား၍ ရုရှားနိုင်ငံပိုင် ရေဒီယိုက ဖော်ပြခဲ့သည်။

ဖလော်ရီဒါရှိ မာရာလာဂို (Mar-a-Lago) အပန်းဖြေစခန်းတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် မတွေ့ဆုံမီ ယူကရိန်း၏ တိုက်ခိုက်မှုဆိုသည်နှင့် ပတ်သက်၍ မေးမြန်းရာ တွင် ထရန့်က “ကျွန်တော် ဒါကို မကြိုက်ဘူး။ ဒါဟာ မကောင်းဘူး” ဟု သတင်းထောက်များ ကို ပြောကြားခဲ့သည်။

ပူတင်က မိမိအား ထိုတိုက်ခိုက်မှုအကြောင်း ပြောပြစဉ်က “ကျွန်တော် အရမ်း ဒေါသထွက်ခဲ့ တယ်” ဟု ထရန့်က ဆိုသည်။

သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို တုံ့ပြန်ရာတွင် ထရန့်က “ခင်ဗျားက တိုက်ခိုက်မှု မဖြစ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ပြောနေတာလား။ ဒါလည်း ဖြစ်နိုင်ခြေ ရှိတာပါပဲ။ ဒါပေမဲ့ သမ္မတ ပူတင်ကတော့ ဖြစ်ခဲ့တယ်လို့ ဒီမနက်မှာ ကျွန်တော့်ကို ပြောခဲ့တယ်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများတွင် ထိုသို့သော တိုက်ခိုက်မှုအတွက် သက်သေရှိမရှိ မေးမြန်းရာတွင် ထရန့်က “ကျွန်တော်တို့ သိရမှာပါ” ဟု ဖြေကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 70 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက