နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုသည် ပူတင်၏ နေအိမ်အား ပစ်မှတ်ထားခြင်းမဟုတ်ဟု CIA က သုံးသပ်ချက်က ကရင်မလင်၏ ပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ

CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်

မကြာသေးမီက ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် အသုံးပြုသည့် နေအိမ်အား ပစ်မှတ်ထားခဲ့ခြင်း မဟုတ် ကြောင်း CIA က သုံးသပ်ထားသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသည် တနင်္လာနေ့က သမ္မတ ဒေါ်နယ်ထရန့်နှင့် ဖုန်းဖြင့် ဆွေးနွေးစဉ်အတွင်း ရုရှားခေါင်းဆောင်၏ ပြောဆိုချက်ကို ချေဖျက်လိုက်ခြင်းလည်း ဖြစ်သည်။

CIA ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် (John Ratcliffe) သည် အဆိုပါ သုံးသပ်ချက်နှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် ထရန့်အား ရှင်းလင်းတင်ပြခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ယူကရိန်းသည် ပူတင်၏ နေအိမ်ကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု ရုရှားက တနင်္လာနေ့ တွင် လူသိရှင်ကြား စွပ်စွဲခဲ့ပြီး၊ ပူတင်က မိမိအား ဖုန်းဖြင့် ပြောကြားခဲ့ကြောင်း ထရန့်က သတင်းထောက်များကို ပြောခဲ့သည်။ ထိုအချိန်က သမ္မတ ထရန့်သည် ယူကရိန်းဘက်မှ ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုး လုပ်ဆောင်ခြင်း မရှိကြောင်း အပြင်းအထန် ငြင်းဆိုထား သော်လည်း ရုရှားခေါင်းဆောင်၏ ပြောကြားချက်ကို ယုံကြည်ပုံရပြီး ထိုလုပ်ရပ်အပေါ် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ပြောကြားခဲ့သည်။

“ဒါကို ကျွန်တော် မကြိုက်ဘူး။ ဒါဟာ မကောင်းတဲ့ကိစ္စပဲ” ဟု ထရန့်က ပြောဆိုခဲ့ပြီး အဆိုပါ စွပ်စွဲချက်ကို ကြားရသည့်အခါ မိမိကိုယ်ကို “အလွန်ဒေါသထွက်မိကြောင်း” ဖော်ပြခဲ့သည်။

သို့သော်လည်း ယင်းစွပ်စွဲချက်သည် မှားယွင်းနိုင်ပြီး ထိုသို့သော တိုက်ခိုက်မှုမျိုး အမှန်တကယ် မဖြစ်ပွားခဲ့ခြင်းလည်း “ဖြစ်နိုင်ခြေရှိသည်” ဟု သူက ဝန်ခံခဲ့သည်။ ထို့နောက် “ဒါပေမဲ့ ဒီမနက်မှာ သမ္မတ ပူတင်က ကျွန်တော့်ကို ဒါဟာ တကယ်ဖြစ်ခဲ့တယ်လို့ ပြောတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ရက်ကလစ်ဖ်က အဆိုပါ စွပ်စွဲချက်မှာ အမှန်မဟုတ်ကြောင်း CIA က ယူဆထားသည်ကို ထရန့်အား ရှင်းလင်းပြခဲ့သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ ဗုဒ္ဓဟူးနေ့တွင်မူ ထရန့်သည် ရုရှား၏ ပြောဆိုချက်အပေါ် ပိုမိုသံသယရှိသည့် သဘောထားမျိုး ပြသခဲ့ပြီး Truth Social ကွန်ရက်ပေါ်တွင် “ပူတင်၏ ‘တိုက်ခိုက်မှု’ ဟု ဟိန်းဟောက် ပြောဆို ခြင်း က ရုရှားသည် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း ပြသနေသည်” ဟူသော New York Post ၏ အယ်ဒီတာ့အာဘော် လင့်ခ်တစ်ခုကို မျှဝေခဲ့သည်။

New York Post ၏ အယ်ဒီတာအဖွဲ့က “လေးနှစ်နီးပါးကြာ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကို ဆင်နွှဲခဲ့သည့် ပူတင်က သူ၏ အနီးအနားတွင် ဖြစ်ပွားသော မည်သည့် အကြမ်းဖက်မှု မဆိုသည် အထူးဒေါသထွက်ဖွယ် ဖြစ်သည်ဟု ယုံကြည်နေခြင်းမှာ ရယ်ဖွယ်ကောင်းလှသည်” ဟု မှတ်ချက်ပြုခဲ့ပြီး “ပူတင်အပေါ် မည်သည့် တိုက်ခိုက်မှုမဆိုသည် လုံလောက်သော တရား မျှတမှု ရှိသည်” ဟု ဆိုသည်။

“ဒါပေမဲ့ ဒီမှာ ပြဿနာက ဒရုန်းတိုက်ခိုက်မှုဟာ တကယ် ဖြစ်မလာခဲ့တာပါပဲ။ (ယူကရိန်းသမ္မတ) ဇလန်းစကီးက ပြင်းပြင်းထန်ထန် ငြင်းဆိုထားတယ်။ (ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ) ပက်စကော့ဗ်ကလည်း ရုရှားတွေဘက်က သက်သေပြစရာ မရှိဘူးလို့ ပြောပြီး၊ ကရင်မလင်ရဲ့ စကားကိုပဲ ယုံကြည်ပေးဖို့ သတင်းစာတွေကို တိုက်တွန်းနေတယ်။ မဟုတ်ဘူး၊ ကျွန်တော်တို့ မယုံဘူး” ဟု အယ်ဒီတာအဖွဲ့က ရေးသားခဲ့သည်။

CNN သည် အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် အိမ်ဖြူတော်သို့ ဆက်သွယ်ခဲ့သော်လည်း CIA ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ပူတင်၏ တိုက်ခိုက်ခံရသည်ဆိုသော ပြောဆိုချက်နှင့် ထိုအချက်မှာ မမှန်ကန်ကြောင်း နောက်ဆက်တွဲ ထွက်ပေါ်လာသော အမေရိကန်၏ သုံးသပ်ချက်တို့သည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ထရန့်နှင့် သူ၏ အထူးကိုယ်စားလှယ်များ ဦးဆောင်သည့် အရှိန်အဟုန်မြှင့် ဆွေးနွေးမှုများကြားတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ပူတင်သည် ထရန့်နှင့် ဇလန်းစကီးတို့ Mar-a-Lago တွင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် တိုးတက်မှုများရှိလာမည်ဟု အကောင်းမြင်မှုများ ထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ စွပ်စွဲချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အချို့သော ဥရောပ တာဝန်ရှိသူများကမူ အဆိုပါ စွပ်စွဲချက်သည် ထရန့်၏ အပြစ်တင်မှုကို မခံရစေဘဲ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်ရန် ပူတင်၏ ကြိုးပမ်းမှုဖြစ်ကြောင်း ပြောဆိုကြသည်။

အခြားသူများကလည်း ရုရှား၏ ပြောဆိုချက်အပေါ် သံသယဖြစ်နေကြသည်။ ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားရာ၌ ၎င်းမှာ “တမင်တကာ အာရုံလွှဲခြင်း” သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်စကိုရှိ ကာကွယ်ရေးဝန်ကြီးဌာနကမူ ယူကရိန်းမြောက်ပိုင်းမှ ပစ်လွှတ်လိုက်သော ဒရုန်းစင် ၉၁ စင်းသည် ရုရှားအနောက်မြောက်ပိုင်း နော့ဗ်ဂေါရော့ဒ် (Novgorod) ဒေသရှိ Valdai အနီးရှိ ပူတင်၏ နေအိမ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထက်ဝက်ကျော်ကို ကီလိုမီတာ ရာဂဏန်းခန့်အကွာတွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသော်လည်း အဆိုပါ ဒရုန်းများသည် Valdai သို့ ဦးတည်နေကြောင်း မည်သို့သိရှိသည်ကိုမူ အသေးစိတ် ပြောကြားခြင်း မရှိပေ။ ကျန်ရှိသော ဒရုန်းများကို ဒေသစံတော်ချိန် တနင်္လာနေ့ နံနက် ၃ နာရီမှ ၈ နာရီခွဲအတွင်း နော့ဗ်ဂေါရော့ဒ် အထက်တွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဝန်ကြီးဌာနသည် ဒရုန်းများ၏ ပျံသန်းမှုလမ်းကြောင်းနှင့် ၎င်းတို့ကို ပစ်ချခဲ့သည့် နေရာများကို ပြသထားသော မြေပုံတစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက