နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အိန္ဒိယ

ဒေလီမြို့တော်ရှိ ပြည်သူသန်းနှင့်ချီ၍ ရက်အတော်ကြာ ရေပြတ်လပ်မှု ကြုံတွေ့ခဲ့ရပြီး အချို့ကမူ လက်ရှိ ရရှိနေသော ရေများမှာ အဆိပ်အတောက်ဖြစ်နေဆဲဟု ဆိုကြသည်။

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်

ဒေလီမြို့တော်၏ ရေအကျပ်အတည်း

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဒေလီမြို့ အနောက်မြောက်ဘက်ရှိ Sharma Enclave ရပ်ကွက်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် ရာဗင်ဒါ ကူးမား (Ravinder Kumar) သည် နေ့စဉ် ခြေကျင်းဝတ်အထိ နစ်သော ရွှံ့နွံများကို ဖြတ်သန်းသွားလာနေရသော်လည်း ၎င်း၏နေအိမ် အတွင်း၌မူ သောက်သုံးရန် ရေတစ်စက်မျှ မရှိပေ။

“ သုံးရက်မှ တစ်ကြိမ်ပဲ ရေလာတယ်၊ အဲဒီလိုလာတဲ့အခါမှာလည်း တစ်နာရီလောက်ပဲ ရေကြည်ရတယ်” ဟု ကူးမားက CNN သို့ ပြောကြားခဲ့သည်။ “ ရေချိုးဖို့တောင် ခက်ခဲ ပါတယ်။ တစ်ခါတလေ ရေက အမည်းရောင်တွေ ထွက်လာတတ်လို့ ၄ ရက် ဒါမှမဟုတ် ၅ ရက်မှ တစ်ခါပဲ ရေချိုးဖြစ်တော့တယ်” ဟု ဆိုသည်။

ယမုံနာမြစ် ညစ်ညမ်းမှုနှင့် အကျိုးဆက်များ

ယခုကဲ့သို့ ရေပြတ်လပ်ရခြင်းမှာ ယမုံနာ (Yamuna) မြစ်အတွင်း အမိုးနီးယား (Ammonia) ပါဝင်မှု မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ စက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများကြောင့် မြစ်ရေမှာ အလွန်အမင်း ညစ်ညမ်းလာကာ မြို့တော်၏ အဓိက ရေပေးဝေရေး စက်ရုံ ၉ ရုံအနက် ၆ ရုံကို ယာယီပိတ်ထားခဲ့ရသည်။

ထိခိုက်မှုအတိုင်းအတာအနေနှင့် လူဦးရေ ၂ သန်းခန့် နေထိုင်သည့် ရပ်ကွက်ပေါင်း ၄၃ ခုတွင် ရေပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရသည်။ရေအရည်အသွေးသည်လက်ရှိရရှိနေသော ရေအချို့မှာ အဝါရောင်သန်းနေပြီး ဥပုပ်နံ့ကဲ့သို့ အနံ့ဆိုးများ ထွက်နေကြောင်း ဒေသခံများက ဆိုသည်။ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး “ လူတိုင်း ကျန်းမာရေးတွေ ထိခိုက်ကုန်ပြီ၊ ဒီမှာ အရာအားလုံးက ညစ်ပတ်နေတာပဲ” ဟု ဒေသခံတစ်ဦးဖြစ်သူ ရှာရှီ ဘာလာ (Shashi Bala) က ပြောသည်။

ရေပြဿနာသည်ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ပြဿနာဖြစ်သည်။

ယမူနာမြစ်သည် ဒေလီမြို့အတွက် လိုအပ်သော ရေပမာဏ၏ ၄၀% ခန့်ကို ထောက်ပံ့ ပေးထားသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ အဆိပ်သင့် ဓာတုပစ္စည်းများနှင့် မသန့်စင် ရသေးသော မိလ္လာစွန့်ပစ်မှုများကြောင့် ပျက်စီးနေခဲ့သည်။

ဒေလီဟာ ယမုံနာမြစ် စီးဆင်းနေလို့ မြို့ဖြစ်လာတာပါ။ အခုတော့ ကျွန်တော်တို့က ဒီမြစ်ကို ဖျက်ဆီးလိုက်ကြပြီ” ဟု စေတနာ့ဝန်ထမ်း ပန်ကပ် ကူးမား (Pankaj Kumar)ကဆိုသည်။

စိန်ခေါ်မှုများနှင့် အနာဂတ်အစီအစဉ်

စနစ်တကျ မဟုတ်သော မြို့ပြတိုးချဲ့မှုများကြောင့် လူသန်းပေါင်းများစွာမှာ ပိုက်လိုင်းစနစ်နှင့် ရေနုတ်မြောင်းစနစ် မရှိသည့် ရပ်ကွက်များတွင် နေထိုင်နေကြရသည်။ ၎င်းတို့၏ စွန့်ပစ် ပစ္စည်းများသည် မြေဆီလွှာအတွင်း စိမ့်ဝင်ကာ မြေအောက်ရေကိုပါ အဆိပ်သင့်စေကြောင်း ၂၀၂၂ ခုနှစ် လေ့လာမှုတစ်ခုက ဖော်ပြသည်။

အစိုးရ၏ တုံ့ပြန်မှုကိုကြည့်လျှင် ဒေလီရေပေးဝေရေးအဖွဲ့ (Delhi Water Board) က ရေပေးဝေမှုများကို ပြန်လည်လုပ်ဆောင်နေပြီဟု ဆိုသော်လည်း အချို့ဒေသများတွင် ပိုက်လိုင်းဖိအား မမှန်ကန်မှုများ ရှိနေဆဲဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၂၈ ခုနှစ်တွင် မိလ္လာသန့်စင်မှု လုပ်ငန်းစဉ်ကို နှစ်ဆတိုးမြှင့်ရန်နှင့် ရပ်ကွက်အားလုံးတွင် ရေဆိုးထုတ် စနစ်များ တပ်ဆင်ရန် ရည်မှန်းထားသည်။

မှတ်ချက်။ မြန်မာနိုင်ငံတွင် ဒေလီမြို့၏ဖြစ်ပျက်နေမှုကိုသင်္ခန်းစာအဖြစ်သတိထားသင့်ပြီး အထူးသဖြင့်ရန်ကုန်မြို့တွင်ရေဆိုးထုတ်မှုစံနစ်တကျမရှိခြင်း၊ စက်ရုံအလုပ်ရုံများနှင့် ကန်တော်ကြီး၊ ကန်တော်မင် (ဦးဥတ္တမပန်းခြံ)တို့တွင်ရှိ စားသောက်ဆိုင်များမှ စွန့်ပစ် ရေဆိုးများကြောင့်ကန်ရေများအစိမ်းပုတ်‌ရောင်များဖြစ်နေခြင်း၊ ရေသွားရေလာ မကောင်းသဖြင့်လမ်းများတွင်မိုးတွင်းရေလွှမ်းခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ညစ်ညမ်းနေသော ယမုနာမြစ်၏ မနက်ခင်းမြင်ကွင်း။(ပုံ)

ယမုံနာမြစ်ကမ်းနံဘေးတွင် အဆိပ်သင့်ရေမြှုပ်များ ပေကျံနေသော ပန်ကက်ဂျ် ကူမား။ အီရှာ မီထရာ/CNN(ပုံ)

ရာဗင်ဒါ ကူမားသည် ဒေလီ၊ ရှာမာ အန်ကလဗ်ရှိ ၎င်း၏နေအိမ်အပြင်ဘက်ရှိ ရေကိုဖြတ်ကူးရန် လှေကားထစ်များကို အသုံးပြုသည်။ အီရှာ မီထရာ/CNN (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း

“ ဒီလူက ကျွန်မပါ၊ အရမ်းလှတယ်” – ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု လုပ်ငန်းခွင်အတွင်းပိုင်း

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
AFP -၂၀၂၆ခုနှစ်၊မတ်လ (၁၁)ရက် ဖနွမ်းပင် (AFP) – ဘာသာစကားမျိုးစုံဖြင့် ရေးသားထားသော ဇာတ်ညွှန်းများ၊ အမျိုးသမီး ငယ်လေးများ၏ ဓာတ်ပုံများနှင့် အိမ်သာတက်ချိန်ကိုပင် ကန့်သတ်ထားသည့် စည်းကမ်း ချက်များအကြောင်းကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယား ဆိုင်ဘာလိမ်လည်မှု
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား