ဇွန်လ (၁)ရက်။
မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ယာယီကာကွယ်ရေးစစ်ကြောင်း (၄)ကြောင်း စုဖွဲထားတယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီယာယီကာကွယ်ရေးစစ်ကြောင်းတွေဟာ ပခုက္ကူခရိုင်အနေနဲ့ စစ်ကြောင်း (၁/၄)နဲ့ မင်းဘူးခရိုင်အနေနဲ့ စစ်ကြောင်း(၂/၄)တိုဖြစ်တယ်လို ဆိုပါတယ်။
ပခုက္ကူခရိုင်စစ်ကြောင်း(၁)မှာ 21Bagan၊ Bagan Garuda Force၊ ဒေါင်းရင်သွေး၊ Badassess Burma Force၊ PKU တပ်ပေါင်းစု(PDLB)နဲ့ မဟာမိတ်တပ်ဖွဲဝင်တွေ ပါဝင်တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး ပခုက္ကူခရိုင် စစ်ကြောင်း(၄)မှာ Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group၊ ပြည်သူ့အားမာန်၊ Anyar Ayeyarwaddy Revolution Force၊ King Cobra၊ Golden Eagle နဲ့ ဒေါင်းစစ်သည်ဖြစ်တယ်လို ရေးသားထားပါတယ်။
ဒါ့အပြင် မင်းဘူးခရိုင် စစ်ကြောင်း (၂)နဲ့ (၄)ကို ဒေါင်းစစ်အောင် LPDF နဲ့ စုဖွဲထားတယ်လိုလဲ ထုတ်ပြန်ထားပါတယ်။
ဒီစစ်ကြောင်းတွေကို လတ်တလောဖြစ်ပေါ်နေတဲ့ စစ်တပ်စစ်ကြောင်းခုခံတွန်းလှန်ဖိုနဲ့ ပိုမိုထိရောက်တဲ့ စစ်ဆင်ရေးဆိုင်ရာ စွမ်းဆောင်ရည် ရရှိစေဖိုအတွက် စနစ်တကျ ပြန်လည်စုဖွဲတာလို ပြောဆိုထားပါတယ်။
အခုလို စုဖွဲထားတဲ့ စစ်ကြောင်း (၄)ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်နေပြီး ယာယီကာကွယ်ရေးစစ်ကြောင်းတွေ ဆက်လက်စုဖွဲတယတွေ လုပ်ဆောင်နေတယ်လို အသိပေးထားချက်အရ သိရပါတယ်။









