နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို တော်လှန်ရေးတပ်တွေ အပြည့်အဝသိမ်းပိုက်ထား

ဇန်နဝါရီလ (၂)ရက်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်အထိ တော်လှန်ရေးတပ်တွေ မြို့နယ်ပေါင်း (၃၇)မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရေးအစီရင်ခံစာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း (၄၁)မြို့နယ်ကို ဆက်လက်ဝိုင်းပတ်ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

‌အခုအခါ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းမြောက်ဒေသသာမက မကွေးနဲ့ တနင်္သာရီဒေသတွေမှာပါ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတယ်လို့ ဖော်ပြထားပါတယ်။

မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နဲ့ မောတောင်မြို့တွေကို တော်လှန်ရေး‌တပ်တွေ အပြည့်အဝ သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သလို ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာနဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ စစ်တပ်ကို ပြင်းထန်စွာ ဖိအားပေးတိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

နောက်ပြီး စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပိုင်းနဲ့ မွန်-တနင်္သာရီ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးအဖွဲ့တွေ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ တောင်ငူ စတဲ့ မြို့ကြီးတွေက စစ်တပ်ရဲ့ တိုင်းစစ်ဌာနတွေ၊ လေတပ်စခန်းတွေနဲ့ အရေးပါတဲ့ တပ်ရင်းစခန်းတွေကို ပြောက်ကျားစနစ်နဲ့ ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်တာထဲ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲပေါင်း (၇၁၃၉)ကြိမ် ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်က (၅၆၉၉)ဦး သေဆုံးခဲ့ပြီး (၂၇၀၀)ကျော် ဒဏ်ရာရကာ သုံ့ပန်း (၁၁၂၄)ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီကာလထဲ ဗိုလ်မှူး (၂)ဦးအပါအဝင် စုစုပေါင်း စစ်သည် (၅၃၆)ဦးဟာ စစ်အာဏာရှင်ဘက်က စွန့်ခွာပြီး ပြည်သူ့ဘက်ကို ကူးပြောင်းရပ်တည်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာ(NDS)ကို အတည်ပြုချမှတ်ခဲ့ပြီး အခုနဗစ်ထဲ စစ်အနိုင်တိုက်ဖို့ ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို