နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

ဂျာမဏီ

ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက်

ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –

ဖလော်ရီဒါ ပြောကြားချက်များ – သမ္မတထရန့်သည် သောကြာနေ့ညနေပိုင်းက ဖလော်ရီဒါပြည်နယ်၊ West Palm Beach တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ အီရန်နှင့် သဘောတူညီချက် မရယူခြင်းက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” မလားဟူ၍ မေးခွန်းထုတ်ခဲ့သည်။ ဖလော်ရီဒါသို့ မထွက်ခွာမီတွင်လည်း စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်သည့် တီဟီရန်၏ နောက်ဆုံးအဆိုပြုချက်အပေါ် ၎င်းအနေဖြင့် စိတ်ကျေနပ်မှု မရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လုံးဝမညီညွတ်ပါ” – လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ စစ်အင်အားသုံးစွဲမှုကို ကန့်သတ်ထားသည့် ဥပဒေသည် “ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လုံးဝမညီညွတ်ကြောင်း” လည်း ထရန့်က ပြောကြားခဲ့သည်။ သို့သော်လည်း လွှတ်တော်ခေါင်းဆောင်များထံ ပေးပို့သော စာတွင် အီရန်နှင့် ဖြစ်ပွားနေသည့် စစ်မက် “ ရန်လိုမှုများ” မှာ “ ပြီးဆုံးသွားပြီ” ဖြစ်ကြောင်း ၎င်းက အကြောင်းပြခဲ့သည်။

လက်ဘနွန် – အပစ်အခတ်ရပ်စဲရေး အခြေအနေ မရေမရာဖြစ်နေစဉ်အတွင်း အစ္စရေး စစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ဒေသခံများအား နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ယနေ့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သောကြာနေ့က လက်ဘနွန်တောင်ပိုင်းသို့ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်း – ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်ကို ရုပ်သိမ်းမည့် ကြေညာချက်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို “ နားလည်သဘောပေါက် စေရန်” NATO အဖွဲ့က အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဘာလင်ကာကွယ်ရေးဝန်ကြီးကမူ ဤခြေလှမ်းမှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လူထုသဘောထား – စနေနေ့က ထုတ်ပြန်ခဲ့သည့် Washington Post/ABC News/Ipsos တို့၏ စစ်တမ်းအရ အမေရိကန်နိုင်ငံသား ၁၀ ဦးတွင် ၆ ဦးက အီရန်အပေါ် စစ်ရေးအင်အား အသုံးပြုခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခု ဖြစ်သည်ဟု ဖြေဆိုကြသည်။

နာဂတ်စ် မိုဟာမ္မဒီ (Narges Mohammadi) – အီရန်နိုင်ငံမှ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမ္မဒီသည် “ ကျန်းမာရေး အခြေအနေ ဆိုးရွားစွာ ကျဆင်းလာပြီးနောက်” အကျဉ်းထောင်မှ ဆေးရုံသို့ ပြောင်းရွှေ့လိုက်ရကြောင်း သူမ၏ ဖောင်ဒေးရှင်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အင်တာပိုလ် (Interpol) က အလိုရှိနေသည့် သဘောထားတင်းမာသူ ဗိုလ်ချုပ်တစ်ဦး အီရန်စစ်ပွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပေါ်ထွက်လာ

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများရရှိရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့သည့်
တရုတ် နိုင်ငံတကာသတင်း ရုရှား

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ခရီးစဉ်သွားရောက်မည်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် ဟောင်ကောင် — တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်တို့အား တရုတ်နိုင်ငံတွင် တစ်ဦးပြီးတစ်ဦး ရက်ပိုင်း မျှသာခြား၍
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 11 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထူးခြားသော ကန့်ကွက်မှုအဖြစ် ရီပတ်ပလီကန်အမတ်အချို့ ပါဝင်သည့် အောက်လွှတ်တော်က ထရမ့်၏ အီရန်စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် မဲခွဲဆုံးဖြတ်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 11 Views
CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက် အောက်လွှတ်တော်သည် အီရန်နိုင်ငံအပေါ် သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့် များကို ကန့်သတ်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး၊ ယင်းမှာ ထရမ့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 62 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို အချိန်တိုအတွင်း အပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ယူကရိန်းရှိ ရုရှား၏ စစ်ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ