နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

Southern Yesagyo တပ်ပေါင်းစုက မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ စစ်ကြောင်း(၃)အနေနဲ့ စတင်တာဝန်ထမ်းဆောင်

မေလ (၂၇)ရက်။

Southern Yesagyo တပ်ပေါင်းစုက မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ စစ်ကြောင်း (၃)အနေနဲ့ စတင်တာဝန်ထမ်းဆောင်သွားမယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒီကနေ့တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးတစ်ခုထဲသာ မဟုတ်တော့ဘဲ နိုင်ငံရေးအရွေ့၊ အုပ်ချုပ်ရေးအရွေ့၊ စည်းရုံးရေးအရွေ့တွေနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ဖို့အတွက် အရေးကြီးတဲ့ သမိုင်းအကူးအပြောင်းကာလတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တပ်ပေါင်းစုအနေနဲ့ တော်လှန်ရေးရဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ ပြည်သူ့ဆန္ဒကို အလေးထားကာ မကွေးဖတ်ဒရယ်ယူနစ်အစိုးရရဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာ ရပ်တည်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုရပ်တည်တာဟာ ကိုယ်ကျိုးစီးပွား၊ အဖွဲ့အစည်းအာဏာချဲ့ထွင်တာတွေအတွက်မဟုတ်ဘဲ ပြည်သူ့အာဏာ ပြန်လည်ရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့နဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့တို့အတွက်သာဖြစ်တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး တော်လှန်ရေးကာလထဲ အဖွဲ့အစည်းတွေအကြား စည်းလုံးညီညွတ်မှု၊ Command and Coordination တွေကို အလေးထားကာ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ စစ်ရေး၊ နိုင်ငံရေး လမ်းညွှန်ချက်တွေအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးရဲ့ အောင်မြင်မှုဟာ လက်နက်အားအပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘဲ နိုင်ငံရေးရင့်ကျက်မှု၊ အဖွဲ့အစည်းစည်းကမ်း၊ ပြည်သူနဲ့ ယုံကြည်မှုတည်ဆောက်နိုင်မှုတို့အပေါ်မှာလဲ မူတည်နေတယ်လို့ ပြောဆိုထားပါတယ်။

တပ်ပေါင်းစုအနေနဲ့ ပြည်သူလူထုကို အခြေခံတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်အနေနဲ့ ရပ်တည်ကာ ပြည်သူကို အကာအကွယ်ပေးမယ့် တပ်ဖွဲ့၊ ပြည်သူကို လေးစားတဲ့တပ်ဖွဲ့၊ စည်းကမ်းနဲ့ နိုင်ငံရေးခံယူချက်ရှိတဲ့ တပ်ဖွဲ့တခု ဖြစ်လာစေဖို့ ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။

တော်လှန်ရေးကာလထဲ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို မပျက်စေဖို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရအောက်မှာ တာဝန်ကျေပွန်စွာ၊ သစ္စာရှိစွာ၊ စည်းကမ်းရှိစွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။

Southern Yesagyo တပ်ပေါင်းစုထဲ Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group(YRG)၊ ပြည်သူ့အားမာန်-PDF၊ King Cobra၊ ဒေါင်းစစ်သည်၊ Golden Eagle နဲ့ Ayeyarwaddy Revolution Forceတို့ ပါဝင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 57 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 60 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 53 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 54 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 52 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ