နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

SRF အဖွဲ့ကို ဖမ်းဆီးချိန် ပြည်သူအချို့ နှောင့်ယှက်တာကြောင့် ‌သေနတ်တွေ မိုးပေါ်ချိန်ပစ်ဖောက်ခဲ့တာလို့ မင်းကင်းပအဖ ထုတ်ပြန်ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖမ်းဆီးသွားမယ်လို့ဆို

မေလ (၂၈)ရက်။

SRF အဖွဲ့ကို ဖမ်းဆီးရာမှာ ပြည်သူအချို့က တားဆီးနှောင့်ယှက်တာကြောင့် သေနတ်တွေ မိုးပေါ်ချိန်ပစ်ဖောက်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာလို့ မင်းကင်းပအဖက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မင်းကင်းပအဖက ထုတ်ပြန်တာမှာ ပြစ်မှုကျူးလွန်သူတွေကို လာရောက်ဖြေရှင်းဖို့ အကြိမ်ကြိမ်အကြောင်းကြားခဲ့ပေမယ့် လာရောက်ဖြေရှင်းတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် မေလ (၂၅)ရက်နေ့မှာ ဖမ်းဆီးဖို့ ဆောင်ရွက်ခဲ့ပေမယ့် SRF အဖွဲ့ဟာ ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ခေါ်ယူဝန်းရံထားခဲ့ကာ ပြည်သူတွေ ထိတ်လန့်၊ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် မဖမ်းဆီးနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် မေလ (၂၆)ရက်နေ့မှာတော့ ပြည်သူတွေကို “SRF အဖွဲ့ကို ဖြိုခွင်းဖျက်ဆီးဖို့မဟုတ်ဘဲ ပြစ်မှုကျူးလွန်သူတွေကိုသာ ဖမ်းဆီးအရေးယူတာကြောင့် လူစုခွဲပေးဖို့” တောင်းဆိုခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ညနေ(၅)နာရီ နောက်ဆုံးထားကာ အပ်နှံဖို့ အကြောင်းကြားပေမယ့် အပ်နှံပေးတာ မရှိတဲ့အတွက် သွားရောက်ဖမ်းဆီးရာ ပြည်သူအချို့က တားဆီးနှောင့်ယှက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီအတွက် သေနတ်တွေ မိုးပေါ်ချိန်ရွယ်ပစ်ဖောက်ကာ အခြေအနေကို ထိန်းသိမ်းခဲ့ရပြီး ဘယ်ပြည်သူကိုမှ ချိန်ရွယ်ကာ သေနတ်ပစ်ဖောက်ခဲ့တာ မရှိခဲ့ဘူးလို့ မင်းကင်းပအဖက ထုတ်ပြန်ထားပါတယ်။

အခုအခါ ပြစ်မှုကျူးလွန်ထားတဲ့ SRF ရဲ့ အဓိကတာဝန်ရှိသူကို ဖမ်းဆီးရရှိပြီးဖြစ်ကာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ကျန်တဲ့ ပြစ်မှုကျူးလွန်သူတွေကိုလဲ ဆက်လက်ဖမ်း‌ဆီးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဆီးထိန်းသိမ်းတာဟာ SRF တပ်ဖွဲ့ကို ဖြိုခွဲတာမဟုတ်ဘဲ ပြစ်မှုကျူးလွန်ထားတဲ့ တရားခံတွေကိုသာ ဖမ်းဆီးတာဖြစ်ပြီး SRF ရဲဘော်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 34 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 34 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို