မေလ (၂၈)ရက်။
မေလ (၂၆)ရက်နေ့က ငါ့သရောက်နယ်ထဲ စစ်ကောင်စီစစ်သားတဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ Earthquake PDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဖမ်းမိခဲ့သူဟာ ငါ့သရောက်နယ်ထဲ စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်မှုထမ်းတပ်သား မျိုးထက်ဇော်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
သူနဲ့အတူ MA -1 သေနတ် (၁)လက်၊ ကျည် (၁၀၀)၊ ဘောက်(၄)ဘောက်နဲ့ ၆၀မမ (၁)ဖူးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီလုပ်ဆောင်တာကို Earthquake People’s Defense Force၊ ပခုက္ကူခရိုင်တပ်ရင်း(၈)၊ ပခုက္ကူခရိုင် Localတပ်ရင်း(PDLB)၊ 21Bagan-People Defense Force၊ Bagan Garuda Force၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့-DYT နဲ့ Badassess Burma Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။








