နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူသတ်မှုကျူးလွန်တဲ့ ဆလိုင်းဇာကျုံးလျန်ကို ရာထူးကရပ်ဆိုင်းပြီး ဖမ်းဆီးထားတယ်လို့ CDF-Hakha ထုတ်ပြန်

မေလ (၂၉)ရက်။

တော်လှန်ရေးရဲဘော်အချင်းချင်း ပြဿနာမှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ဖမ်းဆီးထားတယ်လို့ CDF-Hakha ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မေလ (၁၅)ရက်နေ့က CDF-Hakha ရုံးချုပ်ခန်းမဆောင်ကို ခွင့်ပြုချက်မရှိဘဲ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့အဖွဲ့က အကြောင်းမဲ့ လာရောက်ဖြိုချခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်က သွားရောက်တားဆီးကာ စကားများပြီး ဆလိုင်းဆန်လိန်းက ဆလိုင်းဇာကျုံးလျန်ကို မှောက်လှဲတဲ့အထိ ပါးရိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တရားရုံးရဲ့ ဖမ်းဝရမ်းနဲ့ ဖမ်းဆီးနေချိန် ဆလိုင်းဇာကျုံးလျန်က ဆလိုင်းဆန်လိန်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အခုလို တော်လှန်ရေးရဲဘော်အချင်းချင်းကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို လက်နက်အသုံးပြုပြီး လူသတ်မှုကျူးလွန်တာဟာ လုံးဝမဖြစ်သင့်တဲ့ စိတ်ရွံ့ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ CDF-Hakha က ပြောဆိုထားပါတယ်။

ဒီလို လူသတ်မှုကျူးလွန်တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို တရားစွဲဆိုဖို့ ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အထွေထွေအတွင်းရေးမှူးရာထူးက ရပ်ဆိုင်းထားတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့ အထူးစုံစမ်းစစ်ဆေးရေးကော်မတီတရပ်ကို ဖွဲ့စည်းဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီကော်မတီမှာ CDF-Hakha Central Council ကာကွယ်ရေးကော်မတီ၊ Legal Affairs Department၊ Chinland Council ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေပါဝင်တယ်လို့ ‌‌ဆိုပါတယ်။

CDF-Hakha အနေနဲ့ ကနဦးဖြစ်စဉ်ကို စုံစမ်းစစ်ဆေးတာ၊ ကျန်ရစ်သူမိသားစုတွေ နှစ်သိမ့်တာနဲ့ အရေးပေါ်စစ်ရေးအခြေအနေတွေကြောင့် သတင်းထုတ်ပြန်တာ နောက်ကျတဲ့အတွက် ပြည်သူတွေကို ထည့်သွင်းတောင်းပန်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို