နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်တပြည်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ AA ထုတ်ပြန်

မေလ (၃၀)ရက်။

အခုအချိန်မှာ ရခိုင်တပြည်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ အာရက္ခတပ်တော်(AA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

AA အနေနဲ့ ရခိုင်ပြည်သူတရပ်လုံးနဲ့အတူ လက်တွဲပြီး မရပ်မနား ဆင်နွှဲနေကာ တမျိုးသားလုံးရဲ့ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ဖို့ လက်တကမ်းအလိုကို ရောက်နေပြီလို့ ဆိုပါတယ်။

ဒီလိုအောင်မြင်မှုရတာဟာ စစ်သည်တော်တွေရဲ့ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်း စွန့်လွှတ်ပေးဆပ် တိုက်ပွဲဝင်ပြီး ရယူနိုင်တဲ့ အကျိုးရလဒ်ဖြစ်သလို ရဲရင့်ပြောင်မြောက်တဲ့ ရခိုင်ပြည်သူတွေရဲ့ တာဝန်ကျေပွန်တာကြောင့်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး မပြီးပြတ်သေးတဲ့ အလုံးစုံ ပြည့်ဝအောင်မြင်ဖို့ ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်နေပြီး ရှုံးမဲမဲနေတဲ့ စစ်တပ်က မြို့ရွာတွေကို လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာကို အရင်ထက် ပိုမိုလုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒီလို စစ်ရေးအရ အပြင်းထန်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်နေရသလို နိုင်ငံတကာဖိအားတွေ သက်ရောက်စေဖို့ အားထုတ်ကြိုးပမ်းနေတဲ့ အစုအဖွဲ့တွေ၊ အမျိုးသားသစ္စာဖောက်အချို့ရဲ့ တိုက်ခိုက်တာတွေကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်အရေး တိုက်ခိုက်တာတွေကြားမှာ AA အနေနဲ့ တိုင်းပြည်တည်ဆောက်ရေးကဏ္ဍတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လူထုနဲ့ လက်တွဲပြီး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် နှစ်ရှည်ကြာ စုပုံနေတဲ့ အာဏာပိုင်အဆက်ဆက်တွေရဲ့ ဆိုးမွေတွေကြောင့် ရခိုင်ဒေသထဲ လူမှုဘဝနေထိုင်မှု အဆင့်အတန်းဟာ နိမ့်ကျနေတယ်လို့ ပြောဆိုထားပါတယ်။

AA အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားစေဖို့၊ လူနေထူထပ်တာတွေကို စနစ်တကျ ဖြေရှင်းပေးနိုင်ဖို့နဲ့ မြို့ပြတည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မြို့ပြစီမံကိန်းတွေ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားရေးအခြေခံစိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ်ထားတဲ့ အရင်းခံ စေတနာစိတ်တွေနဲ့ အရင်ကထက် ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖိတ်ခေါ်တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို