နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

‘3 Body Problem’ ဇာတ်လမ်းတွဲကို Netflix သို့ ယူဆောင်ပေးခဲ့သည့် ဘီလီယံနာအား အဆိပ်ခတ်သတ်ဖြတ်သူကို သေဒဏ်စီရင်ပြီးစီး

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက်

ဟောင်ကောင် — Netflix ၏ နာမည်ကြီး သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်သော “3 Body Problem” ကို ထုတ်လုပ်ရာတွင် ကူညီပေးခဲ့သည့် ဂိမ်းလောကမှ ဘီလီယံနာသူဌေးကြီးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့် တရုတ်ရှေ့နေတစ်ဦးကို သေဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများအရ သိရသည်။

ရွှီယာအို (Xu Yao) သည် ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏အထက်လူကြီး လင်ချီ (Lin Qi) အား အကျိုးပြုဘက်တီးရီးယား (probiotic) အားဆေးတောင့်များဟုဆိုကာ ပေးအပ်၍ လုပ်ကြံခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ အားဆေးတောင့်များကို ဒေါ့ဝဘ် (dark web) မှတစ်ဆင့် ဝယ်ယူပြီး ၎င်း၏ကိုယ်ပိုင်ဓာတ်ခွဲခန်း၌ ဆက်စပ်ထားသည့် သေစေနိုင်သော အဆိပ်အတောက်များ ပါဝင်နေခဲ့သည်။

ယင်းနှစ်အစောပိုင်းက အောင်မြင်ကျော်ကြားနေသည့် ရှေ့နေရွှီယာအိုသည် လင်ချီအတွက် လျူစစ်ရှင်း (Liu Cixin) ၏ ကျော်ကြားလှသော “The Three-Body Problem” ဖြင့် စတင် သည့် သိပ္ပံစိတ်ကူးယဉ် သုံးစုံတွဲစာအုပ်များကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းရိုက်ကူးခွင့် မူပိုင်ခွင့်များရရှိအောင် ကူညီပေးခဲ့သူဖြစ်သည်။

ရှန်ဟိုင်းတရားရုံးတစ်ခုက ၎င်းအား လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခဲ့ပြီး နှစ်နှစ်အကြာ၊ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ၎င်းအား သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

သေဒဏ်စီရင်ပြီးစီးကြောင်း သတင်းကို အင်္ဂါနေ့တွင် တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သည့် Economic Observer က အခြေအနေသိရှိသူများကို ကိုးကား၍ ပထမဆုံး ဖော်ပြခဲ့သည်။

အဆိုပါစာအုပ်၏ မူပိုင်ခွင့်ဆိုင်ရာ ဉာဏပစ္စည်းများကို တိုးချဲ့လုပ်ကိုင်ရန် လင်ချီပိုင်ဆိုင်ခဲ့ ဖူးသော Three Body Universe ကုမ္ပဏီက အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ကာ သတင်းကို အတည်ပြုခဲ့ပြီး “ဥပဒေစနစ်က တရားမျှတမှုကို ဖော်ဆောင်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဝန်ထမ်းအားလုံးက ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့သည့် Netflix ၏ “3 Body Problem” ဇာတ်လမ်းတွဲ အစပိုင်းအညွှန်းတွင် အမှုဆောင်ထုတ်လုပ်သူ (executive producer) အဖြစ် အမည်တပ်ခြင်းခံရသူ လင်ချီကို ဂုဏ်ပြုဖော်ပြထားသည်။ လင်ချီသည် လျူ၏ စာအုပ်တွဲ များကို အလွန်အမင်း နှစ်သက်သူတစ်ဦးဖြစ်ပြီး ယင်းဇာတ်လမ်းတွဲကို ဖန်တီးပုံဖော်ရန် ရေရှည်အိပ်မက်ရှိခဲ့သူ ဖြစ်သည်။

Netflix က ၎င်းဇာတ်လမ်းတွဲကို ထုတ်လုပ်ရန် အစီအစဉ်ရှိကြောင်း ကြေညာပြီး လအနည်း ငယ်အကြာမှာပင် လင်ချီသည် အသက် ၃၉ နှစ်အရွယ်၌ အဆိပ်ခတ်လုပ်ကြံခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ် ဆောင်းရာသီ ညနေခင်းတစ်ခုတွင် ၎င်း၏ကုမ္ပဏီဖြစ်သော Yoozoo Games ရှန်ဟိုင်းရုံးချုပ်မှ ကားမောင်း၍ အိမ်အပြန်လမ်း၌ ရုတ်တရက် နေမကောင်းဖြစ်လာသဖြင့် ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ပြသခဲ့သည်။

၎င်းသည် ၁၀ ရက်အကြာ ခရစ္စမတ်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ ၎င်း၏ခန္ဓာကိုယ်အတွင်း၌ ပြဒါးနှင့် အဆိပ်ပြင်းငါး (tetrodotoxin) အပါအဝင် သေစေနိုင်သော အဆိပ်အတောက် အနည်းဆုံး ငါးမျိုးခန့် တွေ့ရှိခဲ့ရသည်။

ထို့နောက် ရွှီယာအိုကို သံသယရှိသူအဖြစ် ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်။

တရားရုံး၏ စီရင်ချက်အရ ရွှီယာအိုသည် “ကုမ္ပဏီစီမံခန့်ခွဲမှုကိစ္စရပ်များ” နှင့်ပတ်သက်၍ လင်ချီနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းအား အဆိပ်ခတ်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

အစိုးရ၏ ပြင်းထန်သော သတင်းဆင်ဆာဖြတ်တောက်မှုရှိသည့် တရုတ်မီဒီယာများတွင် ရွှီယာအို၏ လူသတ်မှုကြံစည်ပုံ အသေးစိတ်အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

ရွှီယာအိုသည် စိတ်ကြွရူးသွပ်ဆေးပြားချက်လုပ်သည့် ဓာတုဗေဒဆရာတစ်ဦးအကြောင်း ရိုက်ကူးထားသည့် အမေရိကန်ဇာတ်လမ်းတွဲ “Breaking Bad” ထံမှ စိတ်ကူးစိတ်သန်း ရယူခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ရှန်ဟိုင်းဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဓာတ်ခွဲခန်းတစ်ခု ဆောက်လုပ်ခဲ့ပြီး စမ်းသပ်ရန်အတွက် ဒေါ့ဝဘ်မှ အဆိပ်အတောက် အမျိုးပေါင်း တစ်ရာ ကျော်ကို ဝယ်ယူခဲ့ကာ၊ စပ်ထားသောအဆိပ်များကို ကြောင်၊ ခွေးနှင့် အခြားတိရစ္ဆာန်များ ပေါ်တွင် မကြာခဏ စမ်းသပ်ခဲ့သည်။

ထို့ပြင် ၎င်းသည် အငြင်းပွားမှုဖြစ်ပွားခဲ့သည့် အခြားအမှုဆောင်အရာရှိနှစ်ဦး၏ ရုံးခန်းအတွင်းရှိ ဖျော်ရည်များထဲတွင်လည်း အဆိပ်ခတ်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက် လေးဦး နေမကောင်းဖြစ်ခဲ့ရသည်။ အဆိုပါ လေးဦးမှာမူ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

၎င်းသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို ရရှိရန် ဂျပန်နိုင်ငံတွင် ကုန်သွယ်ရေးကုမ္ပဏီ တစ်ခုကို တည်ထောင်ခဲ့ပြီး၊ တစ်ချိန်က ဆင်းမ်ကတ်ဖုန်းနံပါတ်ပေါင်း ၁၆၀ အထိ ကိုင်ဆောင် ခဲ့ဖူးသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလနှင့် ဒီဇင်ဘာလကြားတွင် ရွှီယာအိုသည် လုပ်ဖော်ကိုင်ဖက်များ ၏ ရုံးခန်းအတွင်းရှိ ကော်ဖီဘူးများ၊ ဝီစကီပုလင်းများနှင့် ရေသန့်ပုလင်းများထဲရှိ အရည်များ ကို မျိုချမိလျှင်၊ ရှူမိလျှင် သို့မဟုတ် ထိမိလျှင် သေစေနိုင်သော အဆိပ်ပြင်းတစ်မျိုးဖြစ်သည့် မီသိုင်းမာကျူရီကလိုရိုက် (methylmercury chloride) များဖြင့် လဲလှယ်ထည့်သွင်းခဲ့သည်။

နောက်ပိုင်းတွင် ၎င်းသည် သေစေနိုင်သော ထိုဒြပ်ပစ္စည်းများကို ဆေးတောင့်အဖြစ် ပြုလုပ် ကာ လင်ချီထံ အားဆေးအဖြစ် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ပြစ်ဒဏ်စီရင်ချက်ကြားနာပွဲသို့ တက်ရောက်လာသည့်တရားခံ ရွှီယာအို။ (ဓာတ်ပုံ – Shanghai Intermediate People’s Court/weixin)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက