နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ဥရောပတိုက်သားတွေအနေနဲ့ သူတို့ကို ဘယ်လိုအုပ်ချုပ် စီမံခန့်ခွဲမလဲဆိုတဲ့ နေရာမှာ အသံ ပိုထွက်လာနိုင်စေဖို့ (သို့မဟုတ်) ပိုပြီး ပါဝင်ပြောဆိုခွင့် ရလာစေဖို့အတွက် အပေါ်အင်္ကျီအဝါ ဝတ်လှုပ်ရှားမှု (Yellow Vests) ခေါင်းဆောင်တွေနဲ့ ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူ ဟောင်းတွေ ပူးပေါင်းလိုက်ကြပါပြီ။

သတင်းရေးသူ – ပက်ထရာ ပါဗလိုဗီချိုဗာ (ဘရပ်ဆဲလ်၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်)

EU Observer News- အီးယူကော်မရှင်နာဟောင်း ဗီရာ ဂျိုရိုဗာ (Věra Jourová) နှင့် အခြားထိပ်တန်း ခေါင်းဆောင် များ သည် ၂၀၂၇ ခုနှစ် နိုင်ငံရေးစက်ဝန်းမတိုင်မီ ဥရောပသမဂ္ဂအတွင်း ပြည်သူလူထုပါဝင်မှု ကို မြှင့်တင်ရန်နှင့် အီးယူအဖွဲ့အစည်းများအပေါ် နိုင်ငံသားများ၏ ယုံကြည်မှုကို ပြန်လည်ရရှိ စေရန် ရည်ရွယ်သည့် “Democracy27” ဟူသော အစီအစဉ်သစ်တစ်ခုကို တနင်္လာနေ့ (ဇွန်လ ၁ ရက်) က စတင်မိတ်ဆက်ခဲ့သည်။

“လူတွေက ဒီမိုကရေစီကို တန်ဖိုးထားတယ်လို့ ပြောကြပေမဲ့ အများစုကတော့ ဒီမိုကရေစီ လည်ပတ်ပုံအပေါ် မကျေနပ်ကြပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ဒီနေရာကို ရောက်နေ ရတာပါ” ဟု ဂျိုရိုဗာက ဘရပ်ဆဲလ်မြို့တွင် အဆိုပါအစီအစဉ်ကို ထုတ်ဖော်ပြသရင်း ပြောကြားခဲ့သည်။ “ဒီမိုကရေစီအပေါ် ယုံကြည်မှု ဘာကြောင့် လျော့နည်းလာရသလဲ ဆိုတာကို နားလည်ဖို့နဲ့ အဖြေရှာဖို့ ကျွန်မတို့ လိုအပ်ပါတယ်။”

Democracy27 သည် မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများတွင် တွေ့ရှိရသည့် ရှေ့နောက်မညီသော ကွဲလွဲချက်တစ်ခုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ပြူးသုတေသန(Pew Research) ၏ ၂၀၂၅ ခုနှစ် စစ်တမ်းတစ်ခုအရ ဥရောပတိုက်သား ၇၇ ရာခိုင်နှုန်းက ဒီမိုကရေစီသည် အရေးကြီးကြောင်း ပြောဆိုကြသော်လည်း ၆၄ ရာခိုင်နှုန်းကမူ ၎င်း၏ လက်တွေ့လည်ပတ်ပုံအပေါ် စိတ်ပျက်နေကြသည်။

ဤစီမံကိန်းသည် ဥရောပသားများနှင့် ၎င်းတို့၏ ဒီမိုကရေစီစနစ်များအကြား ပိုမိုကြီးထွား လာသော ကွာဟချက်ကို လေ့လာဆန်းစစ်ရန်အတွက် ဝါရင့်နိုင်ငံရေးသမားများ၊ ပညာရှင်များ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်အမျိုးမျိုးကို စုစည်းထားခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင် အီးယူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းအွမ်ဘတ်စ်မန် (Ombudsman) အီမလီ အိုရိုင်းလီး (Emily O’Reilly) နှင့် ပြင်သစ်ပညာရေးဝန်ကြီးဟောင်း နာဂျတ် ဗာလောက်ဒ်-ဘယ်လ်ကာဆမ် (Najat Vallaud-Belkacem) တို့ကဲ့သို့သော ပုဂ္ဂိုလ်များ ပါဝင်သည်။

အလုပ်အဖွဲ့ဝင်များထဲတွင် အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီယို ဗာရတ်ကာ (Leo Varadkar) လည်း ပါဝင်ပြီး၊ သူက ဥရောပအတွင်းရော ပြင်ပမှာပါ ဒီမိုကရေစီ နောက်ပြန် ဆုတ်မှုများ ပိုမိုထင်ရှားလာနေကြောင်း သတိပေးခဲ့သည်။

“ဒီမိုကရေစီအပေါ် ယုံကြည်မှုတွေ လျော့နည်းလာနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ဥရောပမှာ ဒီမိုကရေစီ ရှိနေတာကို ရိုးရိုးလေးနဲ့ သေချာပေါက် ရှိနေမယ့်အရာလို့ သတ်မှတ် လို့ မရတော့ပါဘူး။”

ယူကရိန်းနိုင်ငံတွင် ပြည်သူများက ဒီမိုကရေစီတန်ဖိုးများအတွက်တိုက်ပွဲဝင်နေကြသော်လည်း အမေရိကန်ပြည်ထောင်စုသည် အနောက်ကမ္ဘာတွင် ယခင်ကကဲ့သို့ ခေါင်းဆောင်မှုကို “ထောက်ပံ့ပေးနိုင်ခြင်း မရှိတော့ကြောင်း” လည်း ၎င်းက ပြောကြားခဲ့သည်။ “ကမ္ဘာတစ်ဝန်းမှာ အာဏာရှင်စနစ်အပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပါတယ်။”

အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်သည့် Freedom House ၏ အစီရင်ခံစာအရ ကမ္ဘာ့လွတ်လပ်ခွင့်သည် နှစ်ပေါင်း ၂၀ ဆက်တိုက် ကျဆင်းခဲ့ပြီး၊ ကမ္ဘာ့လူဦးရေ၏ ၂၁ ရာခိုင်နှုန်းသာ “လွတ်လပ်သော” နိုင်ငံများတွင် နေထိုင်ကြရတော့သည်။

အဆိုပါ အစီရင်ခံစာတွင် ဘူဂေးရီးယားနှင့် အီတလီနိုင်ငံတို့၌ ရမှတ်များ သိသိသာသာ ကျဆင်းသွားခြင်း အပါအဝင် ဥရောပအတွင်း လွတ်လပ်ခွင့်ကျဆင်းလာမှုကို မီးမောင်း ထိုးပြထားသည်။

သတိပေးအချက်ပြမှုများ

ယနေ့ခေတ် ဒီမိုကရေစီရင်ဆိုင်နေရသော အကြီးမားဆုံးစိန်ခေါ်မှုများအကြောင်း မေးမြန်း ရာတွင် ဂျိုရိုဗာက ဒီမိုကရေစီနိုင်ငံများ၌ အာဏာရှင်ဆန်သော လမ်းကြောင်းများ ပိုမိုကြီးထွား လာနေခြင်းကို ထောက်ပြခဲ့သည်။

“သတိပေးအချက်ပြမှုတွေ ရှိနေပါတယ်” ဟု သူမက EUobserver သို့ ပြောကြားခဲ့သည်။ “ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အချို့အစိုးရတွေဟာ သူတို့ရဲ့ အာဏာက ပြည်သူတွေဆီကလာတာ မဟုတ်ဘဲ နတ်ဘုရားတွေဆီကလာတယ်လို့ ထင်မှတ်လာကြပါတယ်။”

ဘရပ်ဆဲလ်နှင့် ဟန်ဂေရီ၊ ပိုလန်တို့အကြား အငြင်းပွားမှုများဖြစ်ပွားစဉ်အတွင်း ဂျိုရိုဗာသည် အီးယူ၏ တရားဥပဒေစိုးမိုးရေးမူဘောင်ကို အထင်ရှားဆုံး ကာကွယ်စောင့်ရှောက်သူတစ်ဦး ဖြစ်လာခဲ့သည်။ “ဗစ်တာ အော်ဘန် (Viktor Orbán) က ၁၆ နှစ်တာကာလအတွင်း ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းတွေကို ဖြိုဖျက်နိုင်ခဲ့တာကို [ဆလိုဗက်ကီးယားဝန်ကြီးချုပ်] ဖီကို (Fico) က တစ်နှစ်တည်းနဲ့ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု သူမက ဆိုသည်။

အရေးကြီးသောအချက်မှာ ပြည်သူများအနေဖြင့် လမ်းမများပေါ်ထွက်ကာ ၎င်းတို့၏ အမြင်များကို ထုတ်ဖော်ပြသကြရန်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။ “ပြည်သူတွေနဲ့ အနုပညာရှင်တွေရဲ့ တုံ့ပြန်မှုကို ကျွန်မတို့ တွေ့မြင်ခဲ့ရပါတယ်။ ဆလိုဗက် နွေဦး (Slovak Spring) ရှိခဲ့ပါတယ်။ ဒါဟာ ဒီလို [အာဏာရှင်ဆန်တဲ့] လမ်းကြောင်းတွေကို အောင်မြင်စွာ တားဆီးနိုင်ဖို့အတွက် ပထမဆုံး အခြေအနေပဲ ဖြစ်ပါတယ်။”

အာဏာရှင်များသည် ပူတင်၏ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာနေကြခြင်းဖြစ်ကြောင်း ဂျိုရိုဗာက ထပ်မံပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးရေးကို ကာကွယ်ခြင်းသည် ဥရောပ အတွက် အဓိကဦးစားပေးအဖြစ် ရှိနေရမည်ဟု အခိုင်အမာဆိုခဲ့သည်။

ဥရောပဒီမိုကရေစီ အရေးယူဆောင်ရွက်မှုအစီအစဉ် (European Democracy Action Plan) ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်၊ ဒီမိုကရေစီကာကွယ်ရေးဒိုင်း (Democracy Shield) သည် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများနှင့် သတင်းမှားဖြန့်ဝေမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်း လျက်ရှိသည်။ ယခုအစီအစဉ်သစ်သည် လက်တွေ့မြေပြင်တွင် လုပ်ဆောင်ရန် လိုအပ်သည့် အရာများစွာဖြင့် ၎င်းကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဂျိုရိုဗာက ပြောကြားခဲ့သည်။

“ကျွန်မတို့ဟာ ဟိုက်ဘရစ်စစ်ပွဲ (Hybrid war – နည်းဗျူဟာစုံသုံးစစ်ပွဲ) ရဲ့ အလယ်ဗဟိုကို ရောက်နေတာပါ။ စကားလုံးတွေကို လက်နက်သဖွယ် အသုံးပြုနေကြတာကို တွေ့မြင် နေရပါတယ်” ဟုလည်း သူမက ဆိုသည်။

လာမည့် ရွေးကောက်ပွဲများ

Democracy27 ၏ ရည်မှန်းချက်မှာ ပြင်သစ်၊ အီတလီ၊ စပိန်နှင့် ပိုလန်တို့အပါအဝင် အီးယူနိုင်ငံအတော်များများတွင် ကျင်းပမည့် ၂၀၂၇ ခုနှစ် ရွေးကောက်ပွဲများမတိုင်မီ ဒီမိုကရေစီအရေးကို လုပ်ငန်းစဉ်များတွင် ပြန်လည်ထည့်သွင်းရန် ဖြစ်သည်။

အဆိုပါအဖွဲ့သည် လာမည့်နှစ်ကို ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို နားထောင်ရန်၊ ယင်းလမ်းကြောင်းများကို လေ့လာရန် သုံးစွဲသွားမည်ဖြစ်ပြီး၊ ထို့နောက်တွင် ဥရောပတစ်ဝန်း ဒီမိုကရေစီအုပ်ချုပ်ရေးကို မည်သို့မြှင့်တင်ရမည်ကို ဖော်ပြသည့် လမ်းပြမြေပုံတစ်ခုကို ထုတ်ပြန်မည်ဖြစ်သည်။

“လာမယ့် ရွေးကောက်ပွဲတွေဟာ အလွန်အရေးကြီးပါလိမ့်မယ်” ဟု ဥရောပဒစ်ဂျစ်တယ် မီဒီယာစောင့်ကြည့်ရေးအဖွဲ့ (EDMO) ၏ အကြံပေးကောင်စီဥက္ကဋ္ဌ မက်ဒလင်း ဒီ ကော့ခ် ဘန်းနင်း (Madeleine de Cock Buning) က ပြောကြားခဲ့ပြီး၊ သတင်းမှားများ မြင့်တက် လာမှုအပေါ် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ကာ လွတ်လပ်သောမီဒီယာသည် “ဒီမိုကရေစီ၏ အောက်ဆီဂျင်” ဖြစ်ကြောင်း တင်စားပြောဆိုခဲ့သည်။

“မကြာသေးမီနှစ်တွေအတွင်း အများပြည်သူဆိုင်ရာ ဆွေးနွေးငြင်းခုံမှုတွေဟာ လမ်းလွဲ သွားခဲ့ပါတယ်” ဟု ပြင်သစ်နိုင်ငံမှ ဗာလောက်ဒ်-ဘယ်လ်ကာဆမ်က ပြောကြားခဲ့သည်။ “ဒါဟာ ပိုပြီး အကြမ်းဖက်ဆန်လာပြီး ပိုပြီးရက်စက်လာပါတယ်။ သဘောထားကွဲလွဲမှုတွေ မဖြစ်ပွားစေဘဲ ငြင်းခုံဖို့ ပိုပြီးခက်ခဲလာပါတယ်။”

(- ဤစကားကို အပြည့်အဝနားလည်ရန် အော်ဘန်၏ နည်းဗျူဟာနှင့် ဖီကို၏ လက်ရှိလုပ်ဆောင်ချက်များကို အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်ရန် လိုအပ်သည်။)

က။ ဗစ်တာ အော်ဘန် ၏ နည်းလမ်း (The Orbán Playbook)

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် ၂၀၁၀ ပြည့်နှစ်ကတည်းက အာဏာရလာခဲ့ပြီး ၎င်း၏စနစ်ကို “အောက်ခြေလွတ် ဒီမိုကရေစီ” (Illiberal Democracy) ဟု ပွင့်လင်းစွာ ခေါ်ဆိုခဲ့သည်။ သူသည် ၁၆ နှစ်တာကာလအတွင်း ဒီမိုကရေစီ၏ အဓိကမဏ္ဍိုင်များကို တဖြည်းဖြည်းချင်း အားပျော့သွားအောင် လုပ်ဆောင်ခဲ့သည် –

• တရားစီရင်ရေးကို ထိန်းချုပ်ခြင်း: တရားသူကြီးများကို မိမိလူများဖြင့် အစားထိုးခြင်း။

• မီဒီယာကို စည်းရုံးခြင်း: လွတ်လပ်သော မီဒီယာများကို ပိတ်ပစ်ခြင်း သို့မဟုတ် အစိုးရလိုလားသော လုပ်ငန်းရှင်များလက်ထဲ ရောက်အောင် ဖန်တီးခြင်း။

• ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ခြင်း: မိမိပါတီ အမြဲအနိုင်ရရန် ဥပဒေများကို ပုံဖော်ခြင်း။

ခ။ ရောဘတ် ဖီကို ၏ အရှိန်အဟုန် (The Fico Acceleration)

ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကိုသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အာဏာပြန်ရလာပြီးနောက် အော်ဘန်၏ လုပ်ထုံးလုပ်နည်းများကို အချိန်တိုအတွင်း အပြင်းအထန် ကျင့်သုံးခဲ့သည် –

• အထူးအစိုးရရှေ့နေရုံးကို ဖျက်သိမ်းခြင်း: ထိပ်တန်းအဂတိလိုက်စားမှုများနှင့် အစိုးရအရာရှိများကို စုံစမ်းစစ်ဆေးသည့် ရုံးကို ချက်ချင်းဖျက်သိမ်းခဲ့သည်။

• အများပြည်သူဆိုင်ရာ မီဒီယာများကို ထိန်းချုပ်ခြင်း: ဆလိုဗက် ရုပ်မြင်သံကြားနှင့် ရေဒီယို (RTVS) ကို ဖျက်သိမ်းပြီး အစိုးရဩဇာခံ မီဒီယာအဖြစ် ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။

• အရပ်ဘက်အဖွဲ့အစည်းများကို ဖိနှိပ်ခြင်း: အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) ကို ပြည်ပအေးဂျင့်များအဖြစ် တံဆိပ်ကပ်ရန် ဥပဒေများ ပြဋ္ဌာန်းရန် ကြိုးစားခဲ့သည်။

ခြုံငုံသုံးသပ်ချက်

ဂျိုရိုဗာ၏ သတိပေးချက်မှာ ဥရောပသမဂ္ဂ (EU) အတွင်း၌ အာဏာရှင်ဆန်သော လမ်းစဉ်ကို လျှောက်လှမ်းသည့် နိုင်ငံရေးသမားများသည် ယခင်ကထက် ပိုမိုရဲတင်းလာပြီး “အချိန်မဆွဲ တော့ဘဲ အာဏာကို အလျင်အမြန်ဆုပ်ကိုင်သည့် နည်းဗျူဟာ” ကို ပြောင်းလဲကျင့်သုံး လာကြသည်ဟူသော အချက်ပင် ဖြစ်သည်။ ထို့ကြောင့် ဥရောပသားများအနေဖြင့် မိမိတို့၏ ဒီမိုကရေစီစနစ် နောက်ပြန်မဆုတ်စေရန် မြေပြင်တွင် အမြန်ဆုံး ကာကွယ်ကြရမည်ဟု သူမက မီးမောင်းထိုးပြခြင်း ဖြစ်ပါသည် ။မြန်မာနိုင်ငံမှာလည်း စစ်အုပ်စု အဆက်ဆက် ထိုလုပ်ဆောင်မှုများကိုကျင့်သုံး၍အာဏာရယူခဲ့ကြသလို ယခုနွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့များသည်လည်း အခြေခံဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးချယ်မှုမပြုဘဲ မိမိတို့ လူများကို ပြည်သူ‌ရွေးချယ်မှုကို လစ်လျှူရှုပြီး ခန့်ထား အုပ်ချုပ်ခြင်းများကို ကျင့်သုံး လာခဲ့သည်ကို ဝမ်းနည်းစွာမြင်တွေ့လာရသည်။

(ဘာသာြပန်သူ မှ ဖြည့်စွက်ရှင်းလင်းချက်)

(ပုံစာ – အီးယူကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း ဗီရာ ဂျိုရိုဗာ၊ ဓာတ်ပုံ – EC – Audiovisual Service)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 70 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 71 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 67 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက