နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။

၂၀၂၆ခုနှစ်၊ မတ်လ ၃ရက်

အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ ရှင်းလင်းတင်ပြသူများထံမှ ဥပဒေကြောင်းအရ ခိုင်လုံသော အကြောင်းပြချက်များကို ချပြလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“ သူတို့မှာ ခိုင်လုံတဲ့ ဥပဒေကြောင်းအရ အကြောင်းပြချက်ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု သွန်း က ပြောကြားခဲ့ပြီး အဆိုပါ စစ်ဆင်ရေးအတွက် အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်၏ အတည်ပြုချက် ရယူရန် မလိုအပ်ကြောင်း ငြင်းဆိုခဲ့သည်။

“ အခု အစိုးရအုပ်ချုပ်ရေးအဖွဲ့ လုပ်ဆောင်ခဲ့တာဟာ ယခင် အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ဆောင်ခဲ့တာတွေနဲ့ ကိုက်ညီမှုရှိပါတယ်။ အရင်က ပဋိပက္ခတွေကို ပြန်ကြည့်ရင် ၄၁ ဆက်မြောက်သမ္မတ ဘွတ်ရှ် (Bush) ကနေ အိုဘားမား(Obama) အထိ၊ ဖြေရှင်းဖို့ လိုအပ်တဲ့ အမျိုးသားလုံခြုံရေး ပြဿနာ ဒါမှမဟုတ် တုံ့ပြန်ဖို့ လိုအပ်တဲ့ ခြိမ်းခြောက်မှုတွေလို့ ယူဆ ရတဲ့ အလားတူ အခြေအနေမျိုးတွေ ရှိခဲ့ဖူးပါတယ်။ အခု လုပ်ဆောင်ချက်ဟာလည်း အဲဒါကို ကိုယ်စားပြုတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် “ အီရန်မှာ ရှိနေတဲ့ ပဲ့ထိန်းဒုံးကျည် ခြိမ်းခြောက်မှုဟာ ဒေသတွင်း က ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေကိုပါ ခြိမ်းခြောက်နေတယ်” ဟု ယုံကြည် ကြောင်း ၎င်းက ဆိုသည်။

GOP (ရီပတ်ဘလီကန်) ခေါင်းဆောင် သွန်း သည် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေစဉ် အတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့များ စေလွှတ်မည့် ဖြစ်နိုင်ခြေကိုလည်း ပယ်ချခြင်း မရှိပေ။ “ အဲဒီလို ဖြစ်လာမယ်လို့ ကျွန်တော် မမြင်မိပေမဲ့… ဘာဖြစ်လာနိုင်တယ်၊ ဘာမဖြစ်နိုင်ဘူး ဆိုတာကိုတော့ အခုအချိန်မှာ ကျွန်တော် မပြောနိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အီရန်ပြည်သူများအနေဖြင့် ၎င်းတို့၏ အနာဂတ်အစိုးရကို ကိုယ်တိုင် ပုံဖော်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ ဒါဟာ အီရန်ပြည်သူတွေရဲ့ လက်ထဲမှာပဲ အဓိက ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ အီရန်အစိုးရရဲ့ ခေါင်းဆောင်ပိုင်း တစ်ခုလုံးဟာ အခြေခံအားဖြင့် ဖယ်ရှားခံလိုက် ရပါပြီ” ဟု ၎င်းက ပြောသည်။ “ ဒါကြောင့် သူတို့အနေနဲ့ ဒီမိုကရေစီကို တည်ဆောက်မလား၊ ကမ္ဘာကြီးနဲ့ သူတို့ရဲ့ အိမ်နီးချင်းတွေကို အမြဲတမ်း ခြိမ်းခြောက်နေမယ့်အစား ကမ္ဘာကြီးရဲ့ မိတ်ဖက် ဖြစ်လာမလား ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သမိုင်းဝင် ထူးခြားတဲ့ အခွင့်အရေးနဲ့ အခိုက်အတန့်ကို ရရှိထားတာပါ။”

“ အဲဒါ ဘာဖြစ်သင့်တယ်ဆိုတာကို ဝင်ရောက် စွက်ဖက်ပြီး ဆုံးဖြတ်ပေးဖို့ကတော့ ကျွန်တော်တို့ရဲ့ နေရာမဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်က ဝါရှင်တန်ဒီစီတွင် သတင်းထောက်များနှင့် စကားပြောဆိုနေသော အထက်လွှတ်တော် လူများစုခေါင်းဆောင် John Thune။ (ဓာတ်ပုံ – Heather Diehl/Getty Images)(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က