နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

ကျူးဘား

ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်

ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀ ဦးကို ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့သည်။

အာဏာရကွန်မြူနစ်ပါတီ၏ တရားဝင်သတင်းစာဖြစ်သော Granma ရှိ အကြောင်းကြား စာအရ၊ အကျဉ်းသားများ၏ ကောင်းမွန်သော အမူအကျင့်၊ ကျန်းမာရေးအခြေအနေနှင့် ၎င်းတို့ကျူးလွန်ခဲ့သော “ လုပ်ရပ်များ၏ သဘောသဘာဝ” တို့အပေါ် အခြေခံ၍ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အကျဉ်းသားများထဲတွင် လူငယ်များ၊ အမျိုးသမီးများ၊ အသက် ၆၀ ကျော်အရွယ်များနှင့် နိုင်ငံခြားသားများ ပါဝင်ကြောင်း ဖော်ပြထားသည်။ သို့သော် လူသတ်မှု၊ နာကျင်စေမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု သို့မဟုတ် “ အာဏာပိုင်များကို ဆန့်ကျင်သော ပြစ်မှုများ” ကဲ့သို့သော ရာဇဝတ်မှုကျူးလွန်သူများ ထိုစာရင်းတွင် မပါဝင်ပေ။

Human Rights Watch ၏ အဆိုအရ ကျူးဘားသည် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ ဆန္ဒပြသူများနှင့် နိုင်ငံရေးအတိုက်အခံများ အပါအဝင် အစိုးရကို သဘောထားကွဲလွဲသူများကို ပုံမှန်ဖမ်းဆီးထိန်းသိမ်းလေ့ရှိသည်။

ဟာဗားနားသည် ယခင်ကလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် သဘောတူညီချက်များ၏ အစိတ်အပိုင်းအဖြစ် အကျဉ်းသားများကို အစုလိုက်အပြုံလိုက် လွှတ်ပေးခဲ့ဖူးသည်။ ဥပမာ အားဖြင့်၊ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ဘိုင်ဒန်အစိုးရက ကျူးဘားအပေါ် ပိတ်ဆို့ အရေးယူ မှုများ ဖြေလျှော့ပေးရန် ကတိပြုခဲ့သည့် အမေရိကန်နှင့် ဗာတီကန်တို့အကြား ညှိနှိုင်းမှုများ အပြီးတွင် အကျဉ်းသား ၅၅၃ ဦးကို လွှတ်ပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ရာထူးတက်လာပြီးနောက် ယင်းသဘောတူညီချက်ကို ပယ်ဖျက်ခဲ့သဖြင့် ကျူးဘားက အကျဉ်းသားလွှတ်ပေးမှုကို ခေတ္တရပ်ဆိုင်းခဲ့ပြီး မတ်လမှသာ အပြီးသတ်လုပ်ဆောင်ခဲ့သည်။

Granma ၏ ထုတ်ပြန်ချက်တွင် အမေရိကန်အကြောင်း တစ်စုံတစ်ရာ ထည့်သွင်းဖော်ပြခြင်း မရှိဘဲ၊ ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘာသာဝင်များ အီစတာပွဲတော် ကျင်းပချိန်ဖြစ်သော “ သန့်ရှင်းသောရက်သတ္တပတ်၏ ဘာသာရေးအခမ်းအနားများ” ကြောင့် လွှတ်ပေးခြင်း ဖြစ်ကြောင်း ရည်ညွှန်းထားသည်။ သို့သော် ကျူးဘားသည် ထရန့်အစိုးရ၏ ဖိအားပေးမှု များကြောင့် ဒဏ်ခတ်ခံနေရပြီး ကျွန်း၏ ရုန်းကန်နေရဆဲ စီးပွားရေးကို ပိုမိုဆိုးရွား စေခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ထရန့်အစိုးရသည် ဗင်နီဇွဲလားရှိ စစ်ရေးအရေးယူမှုနှင့် မက္ကဆီကို အပေါ် အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်မှုများမှတစ်ဆင့် ကျူးဘားသို့ ရေနံစီးဆင်းမှုကို ဖြတ်တောက်ခဲ့သည်။ ၎င်းသည် ကွန်မြူနစ်အုပ်ချုပ်သော ကျူးဘားကို သိသာထင်ရှားသော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာစေရန် အတင်းအကျပ် ဖိအား ပေးရန် ကြိုးပမ်းခြင်းဖြစ်သည်။

ကျူးဘားအစိုးရသည် ဗဟိုချုပ်ကိုင်မှုရှိသော စီးပွားရေးကို မပြိုလဲမီ နောက်ဆုံးတွင် ဖွင့်ပေး ရန် လိုအပ်ကြောင်း ထရန့်က အခိုင်အမာ ပြောကြားခဲ့သည်။ ၎င်းက “ ကျူးဘားကို သိမ်းပိုက် ခြင်း” နှင့် ပတ်သက်၍လည်း မကြာခဏ ပြောဆိုလေ့ရှိသည်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို အပါအဝင် ထရန့်၏ နိုင်ငံရေးမဟာမိတ် အများအပြား သည် ကျူးဘား၏ ကွန်မြူနစ်ခေါင်းဆောင်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် ကာလရှည်ကြာ တောင်းဆိုခဲ့ကြသော ကျူးဘားအရေး အစွန်းရောက်ဝါဒီများ ဖြစ်ကြသည်။

လက်ရှိတွင် ကျူးဘားကျွန်း၌ မော်တော်ယာဉ်များနှင့် လျှပ်စစ်ထုတ်လုပ်ရန် အသုံးပြုသည့် ကျန်ရှိသော ရေနံများ လျင်မြန်စွာ ကုန်ဆုံးနေပြီး ကာလရှည်ကြာ ဖြစ်ပွားနေသော စွမ်းအင် အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။

ကျွန်းပေါ်တွင် လျှပ်စစ်ဓာတ်အား ကြာရှည်ပြတ်တောက်မှုများ ဖြစ်လေ့ရှိသော်လည်း၊ ယခုအခါ လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် လည်ပတ်ရန် လောင်စာဆီ မလုံ လောက် သဖြင့် ပိုမိုဆိုးရွားလာခဲ့သည်။ မတ်လအတွင်းတွင် ကျူးဘား၌ တစ်ပတ်အတွင်း နှစ်ကြိမ် တိုင်တိုင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁၀ သန်းကျော် လျှပ်စစ်မီး မရှိဘဲ ဖြစ်ခဲ့ရသည်။

စာသင်ကျောင်းအများအပြားတွင် အတန်းများ ရပ်နားထားရခြင်း၊ စွမ်းအင်ချွေတာရန် အလုပ်သမားများကို ခွင့်ရက်ရှည် ပေးထားရခြင်းနှင့် ခရီးဝေးပျံသန်းမှုများအတွက် လောင်စာဆီ မလုံလောက်သဖြင့် အချို့နေရာများမှ လေကြောင်းခရီးစဉ်များ ဖျက်သိမ်း ရခြင်းတို့ကြောင့် လူနေမှုဘဝများမှာ ရပ်တန့်လုနီးပါး ဖြစ်နေသည်။

ယခုရက်သတ္တပတ် အစောပိုင်းတွင် ထရန့်က “ သူတို့ ရှင်သန်ရမယ်” ဟု ဆိုကာ ရုရှား အလံလွှင့်ထူထားသော ရေနံတင်သင်္ဘောတစ်စီးကို ကျူးဘားရေပိုင်နက်အတွင်း ဝင်ရောက် ခွင့်ပြုပြီး လောင်စာဆီ ပိတ်ဆို့မှုကို ဖြေလျှော့ပေးခဲ့သည်။ ယင်းနောက်တွင် အိမ်ဖြူတော်က ၎င်းမှာ “ မူဝါဒပြောင်းလဲခြင်း မဟုတ်” ဟု ပြောကြားခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ဖီဒယ်ကတ်စထရို ဦးဆောင်သော ကျူးဘားတော်လှန်ရေးသမားများက အမေရိကန်ကျောထောက်နောက်ခံပြု ဖူလ်ဂျင်စီယို ဘာတစ်စတာ အစိုးရကို ဖြုတ်ချပြီး ကတည်းက ကျူးဘားသည် အမေရိကန်၏ တင်းကျပ်သော စီးပွားရေး ပိတ်ဆို့မှုအောက်တွင် ရှိနေခဲ့သည်။ ယင်းသည် ကျွန်းပေါ်တွင် အမေရိကန်များနှင့် ပတ်သက်သော ကုန်သွယ်မှု အများစုကို ပိတ်ပင်ထားပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များအတွက် ကြီးမားသော ဥပဒေရေးရာ အတားအဆီးများကို ဖန်တီးထားသည်။

၂၀၁၃ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့ရှိ Combinado del Este အကျဉ်းထောင်သို့ မီဒီယာများ လေ့လာရေးခရီးစဉ်အတွင်း ကင်းမျှော်စင်ပေါ်မှ စောင့်ကြည့်နေသော စစ်ဘက်ဆိုင်ရာ အစောင့်တစ်ဦး။ Franklin Reyes/AP(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။