နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတကိုအမေရိကန်ဖမ်းဆီးမှုနှင့်ပတ်သက်သည့် ဆီနေတာ ဘားနီးဆန်းဒါးစ်၏ မိန့်ခွန်း

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက်

ဒေါ်နယ်ထရန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် သူရဲ့ မလေးစားမှုကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်ပြန်ပါပြီ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတာကတော့ – အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတတယောက်အနေနဲ့ မာဒူရို (Maduro) လို ခြစားပြီး ရက်စက်တဲ့ အာဏာရှင်မျိုးနဲ့ပဲ ဖြစ်ဖြစ်၊ ဒီနိုင်ငံကို စစ်ပွဲထဲရောက်အောင် တစ်ဖက်သတ် ဆွဲသွင်းပိုင်ခွင့် မရှိပါဘူး။ ဒီကနေ့မနက် ထရန့် ပြောကြားခဲ့သလိုမျိုး အမေရိကန်ပြည်ထောင်စုအနေနဲ့ ဗင်နီဇွဲလားနိုင်ငံကို “ စီမံအုပ်ချုပ်” ဖို့ အခွင့်အရေး မရှိပါဘူး။ လွှတ်တော်အနေနဲ့ ဒီတရားမဝင် စစ်ဆင်ရေးကို ရပ်တန့်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိတို့ရဲ့ တာဝန်ဝတ္တရားတွေကို ပြန်လည်ကျင့်သုံးဖို့အတွက် စစ်အာဏာဆိုင်ရာ ဆုံးဖြတ်ချက် (War Powers resolution) ကို ချက်ချင်း အတည်ပြုရပါမယ်။

ဗင်နီဇွဲလားအပေါ် ထရန့်ရဲ့ တိုက်ခိုက်မှုဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာကြီးကို ပိုမိုဘေးကင်းစေမှာ မဟုတ်ပါဘူး။ အဲဒီအစား ဆန့်ကျင်ဘက်ရလဒ်တွေကိုပဲ ဖြစ်ပေါ် စေမှာပါ။ အပြည်ပြည်ဆိုင်ရာ ဥပဒေကို အခုလို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဟာ အခြားနိုင်ငံတစ်ခုရဲ့ သယံဇာတတွေကို သိမ်းပိုက်ဖို့ ဒါမှမဟုတ် အစိုးရကို ပြောင်းလဲပစ်ဖို့ တိုက်ခိုက်လိုတဲ့ ဘယ်နိုင်ငံကိုမဆို မီးစိမ်းပြလိုက်သလို ဖြစ်နေပါတယ်။ ဒါဟာ ပူတင် (Putin) က ယူကရိန်းကို ရက်ရက်စက်စက် တိုက်ခိုက်ဖို့ အကြောင်းပြချက်ပေးခဲ့တဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ “ အင်အားသုံးဖြေရှင်းနည်း” သဘောတရားပါပဲ။

ထရန့်အစိုးရဟာ ဒီအနောက်ကမ္ဘာခြမ်းက ကိစ္စရပ်တွေကို လွှမ်းမိုးချုပ်ကိုင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ “ မွန်ရိုးဝါဒ” (Monroe Doctrine) ကို ပြန်လည်အသက်သွင်းချင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ ဗင်နီဇွဲလားရဲ့ ရေနံသယံဇာတ တွေကို ထိန်းချုပ်ဖို့အတွက်လည်း သူတို့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြပါတယ်။

အမှားအယွင်းမရှိအောင် ပြောရရင် ဒါဟာ အဆင့်နိမ့်တဲ့ နယ်ချဲ့ဝါဒ (Imperialism) ပါပဲ။ ဒါဟာ ဆိုးရွားတဲ့ အမွေအနှစ်တွေ ကျန်ရစ်ခဲ့တဲ့ လက်တင်အမေရိကအတွင်း အမေရိကန်ရဲ့ စွက်ဖက်မှု သမိုင်းစာမျက်နှာဟောင်းတွေကို ပြန်လည်သတိရစေပါတယ်။ ဒါကို ဒီမိုကရေစီကမ္ဘာက ရှုတ်ချမှာဖြစ်သလို၊ ရှုတ်ချလည်း ရှုတ်ချသင့်ပါတယ်။

ထရန့်ဟာ သမ္မတလောင်းအဖြစ် မဲဆွယ်တုန်းက “ အမေရိကန်ကို ပထမဦးစားပေးမယ်” (America First) ဆိုတဲ့ မူဝါဒနဲ့ မဲဆွယ်ခဲ့တာပါ။ သူကိုယ်တိုင် “ ငြိမ်းချမ်းရေးကို လိုလားတဲ့ ကိုယ်စားလှယ်” ပါလို့လည်း ဆိုခဲ့ပါတယ်။ အခုလို အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်း လောက်ဟာ ရရှိတဲ့လစာနဲ့ လကုန်အောင် မနည်းရုန်းကန်နေရတဲ့အချိန်၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲနေတဲ့အချိန်၊ နိုင်ငံတစ်ဝန်းက လူတွေ အိမ်ရာမတတ်နိုင်ကြတဲ့ အချိန်နဲ့ AI နည်းပညာကြောင့် အလုပ်အကိုင် သန်းပေါင်းများစွာ ခြိမ်းခြောက်ခံနေရတဲ့ အချိန်မျိုးမှာ – သမ္မတအနေနဲ့ ဒီနိုင်ငံရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို အာရုံစိုက်ဖို့နဲ့ ပြည်ပက စစ်ရေးစွန့်စားမှုတွေကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီ။

ထရန့်ဟာ အမေရိကန်ပြည်ထောင်စုကို အုပ်ချုပ်ရမယ့် သူ့ရဲ့တာဝန်မှာ ကျရှုံးနေပါတယ်။ သူဟာ ဗင်နီဇွဲလားကို အုပ်ချုပ်ဖို့ မကြိုးစားသင့်ပါဘူး။

 အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

Bernie Sanders speech

Donald Trump has once again shown his contempt for the constitution and the rule of law. Let’s be clear, the President of the United States does not have the right to unilaterally take this country into war, even against the corrupt and brutal dictator like Maduro. The United States does not have the right as Trump stated this morning to “run” Venezuela. Congress must immediately pass a War Powers resolution to end this illegal military operation and reassert its constitutional responsibilities. Trump attack on Venezuela will not make the United States and the world safer. Quite the contrary. This brazen violation of international law gives a green light to any country on earth that may wish to attack another nation to seize their resources or change their governments. This is the horrific logic of force that Putin used to justify his brutal attack on Ukraine. Trump administration made it very clear that they want to revive the Monroe Doctrine, a belief that claims that the United States has the right to dominate the affairs of the hemisphere. They have spoken openly about controlling Venezuela’s oil reserves, the largest in the world. Let’s make no mistake about it: This is rank imperialism. It recalls the darkest chapters of the US interventions in Latin America, which have left a terrible legacy. It will and should be condemned by the democratic world. Trump campaigned for President on an “American First” platform. He claimed to be the “peace candidate”. Well, at a time when 60% of Americans live paycheck to paycheck, when our health care system is collapsing, when people throughout this country cannot afford housing, and when artificial intelligence threatens millions of jobs, it is time for the president to focus on the cries facing this country and end the military adventurism abroad. Trump is failing in his job to run the United States of America. He should not be trying to run Venezuela. Thank you Very much.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 13 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland)
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာဒူရို အဖမ်းခံရပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို ဦးဆောင်မည့် ဒယ်လ်စီ ရော်ဒရီဂက်ဇ် (Delcy Rodríguez) ဆိုသည်မှာ မည်သူနည်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 33 Views
CNN- ဇန်နဝါရီလ ၄ရက်၊ ၂၀၂၆ခုနှစ် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်စစ်ဆင်ရေးတစ်ခုအတွင်း သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) အဖမ်းခံရပြီးနောက်၊
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားသမတမာဒူရိုကိုအမေရိကန်တပ်ဖွဲ့များကဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားမှု အပြည့်အစုံ နဲ့မြန်မာနိုင်ငံနဲ့နှိုင်းယှဥ်ကြည့်ခြင်း။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက တကယ့်ကို ထိတ်လန့်စရာ ကောင်းပြီး သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။ အဓိကဖြစ်ရပ်ကတော့ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို အမေရိကန်တပ်ဖွဲ့တွေက
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

သမ္မတ ထရမ့်က ဗင်နီဇွဲလားတိုက်ခိုက်မှု “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု ပြောကြား၊ သမ္မတ မာဒူရိုနှင့် ဇနီးဖြစ်သူအား ဖမ်းဆီးပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခဲ့ဟုဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 17 Views
ဇန်နဝါရီလ (၃) ရက်။ အမေရိကန်သမ္မတ ထရမ့်သည် မြန်မာစံတော်ချိန် (၃) ရက်နေ့၊ ညနေ ၃ နာရီကျော်တွင် ၎င်း၏ လူမှုကွန်ရက် (SNS) မှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံအား တိုက်ခိုက်မှုကို “အောင်မြင်စွာ ပြီးဆုံးခဲ့သည်” ဟု
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာနေပြီး နေတန်ယာဟု၏ လက်ယာစွန်းအစိုးရကြောင့်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပြစ်တင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျန်နဝါရီလ ၂ရက် ဂျေရုဆလင်မြို့ ။ ၎င်းတို့ကိုယ်ကို “ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးများ” (Women in Red) ဟု ခေါ်ဆိုကြသည်။ ဂါဇာစစ်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် အစ္စရေးအစိုးရကို တိတ်ဆိတ်စွာ ဆန္ဒပြသည့်အနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဆန္ဒပြသူများကို ကာကွယ်ရန် အမေရိကန်တွင် ‘အသင့်ပြင်ထားပြီးဖြစ်သည်’ ဟု ထရမ့်ပြောကြားသော်လည်း တပ်ဖြန့်မှုပမာဏ သိသိသာသာ ပြောင်းလဲခြင်းမရှိသေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် အီရန်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပါက အမေရိကန်က အင်အားသုံး ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ နံနက် အစောပိုင်းတွင် Truth Social မှတစ်ဆင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုသည် ပူတင်၏ နေအိမ်အား ပစ်မှတ်ထားခြင်းမဟုတ်ဟု CIA က သုံးသပ်ချက်က ကရင်မလင်၏ ပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မကြာသေးမီက ရုရှားနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဒရုန်းတိုက်ခိုက်မှုသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် အသုံးပြုသည့် နေအိမ်အား ပစ်မှတ်ထားခဲ့ခြင်း မဟုတ် ကြောင်း