နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက်

ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။

အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “ အမျိုးသားလုံခြုံရေး ရှုထောင့်အရ ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်” ဟု ဆိုခဲ့သည်။ ထရန့်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒိန်းမတ်ပိုင်နက်ဖြစ်သော ဂရင်းလန်းကို အမေရိကန်၏ ပိုင်နက်တစ်ခုအဖြစ် သိမ်းယူရန် အလားအလာကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး၊ ၎င်း၏ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာကျသည့် တည်နေရာနှင့် သတ္တုသယံဇာတ ကြွယ်ဝမှုကို အကြောင်းပြချက်အဖြစ် ထောက်ပြခဲ့သည်။

ဂရင်းလန်း ဝန်ကြီးချုပ် ဂျန့်စ် ဖရက်ဒရစ် နေးလ်ဆင် (Jens Frederik Nielsen) က “ ဒါက တော်လောက်ပါပြီ” ဟု တုံ့ပြန်ခဲ့ပြီး အမေရိကန်က ကျွန်းကို ထိန်းချုပ်မည့် အယူအဆမှာ “ စိတ်ကူးယဉ်မှု” သာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၎င်းက “ ထပ်ပြီး ဖိအားမပေးပါနဲ့တော့။ အရိပ်အမြွက် ပြောဆိုတာတွေ မလုပ်ပါနဲ့တော့။ သိမ်းပိုက်ဖို့ စိတ်ကူးယဉ်တာတွေလည်း မလုပ်ပါနဲ့တော့။ ကျွန်ုပ်တို့က ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားပါတယ်။ ဒါပေမဲ့ ဒါဟာ သင့်လျော်တဲ့ လမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံတကာဥပဒေကို လေးစားမှုရှိရှိနဲ့ ဖြစ်လာရမှာပါ” ဟု ပြောကြားခဲ့သည်။

အစောပိုင်းတွင် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ဆင် (Mette Frederiksen) က “ ဒိန်းမတ်ဘုရင့်နိုင်ငံတော်အတွင်းမှာရှိတဲ့ နိုင်ငံသုံးနိုင်ငံထဲက ဘယ်နိုင်ငံကိုမှ သိမ်းယူဖို့ အမေရိကန်မှာ အခွင့်အရေး မရှိဘူး” ဟု ပြောကြားခဲ့သည်။

ဖရက်ဒရစ်ဆင်က ဆက်လက်၍ ဒိန်းမတ်နှင့် ဂရင်းလန်းတို့သည် နေတိုး (NATO) အဖွဲ့ဝင် ဖြစ်ပြီး မဟာမိတ်အဖွဲ့၏ လုံခြုံရေးအာမခံချက်အောက်တွင် ရှိကြောင်း၊ အမေရိကန်ကို ကျွန်းသို့ ဝင်ရောက်ခွင့်ပြုသည့် ကာကွယ်ရေးသဘောတူညီချက်မှာလည်း ရှိပြီးသား ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထရန့်၏ အဆင့်မြင့်လက်ထောက်တစ်ဦးဖြစ်သူ စတီဖင် မီလာ (Stephen Miller) ၏ ဇနီး ကေတီ မီလာ (Katie Miller) က လူမှုမီဒီယာပေါ်တွင် အမေရိကန်အလံအရောင်များ ခြယ်သ ထားသည့် ဂရင်းလန်းမြေပုံနှင့်အတူ “ မကြာမီ (SOON)” ဟူသော စာသားကို တင်ခဲ့ပြီးနောက် ဒိန်းမတ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးကလည်း လက်ယာယိမ်း ပေါ့ဒ်ကတ်စ် ထုတ်လွှင့်သူ ဖြစ်ပြီး ထရန့်၏ ပထမသက်တမ်းတွင် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မီလာ၏ ပို့စ်ကို တုံ့ပြန်ရာတွင် နိုင်ငံနှစ်ခုမှာ မဟာမိတ်များဖြစ်ကြောင်း “ ရင်းနှီးစွာ သတိပေးချက်” ပေးခဲ့ပြီး ဒိန်းမတ်အနေဖြင့် ၎င်း၏ ပိုင်နက်စိုးမိုးမှုကို လေးစားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလား ဖြစ်ရပ်နှင့် စိုးရိမ်မှုများ

ဂရင်းလန်း၏ အနာဂတ်နှင့်ပတ်သက်၍ အပြန်အလှန် အငြင်းပွားမှုများသည် စနေနေ့က ဗင်နီဇွဲလားအပေါ် ပြုလုပ်ခဲ့သည့် ကြီးမားသော စစ်ဆင်ရေးအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ စစ်ဆင်ရေးတွင် သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) နှင့် ၎င်း၏ဇနီးကို ဖမ်းဆီးကာ နယူးယောက်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထရန့်က နောက်ပိုင်းတွင် အမေရိကန်သည် ဗင်နီဇွဲလားကို “ စီမံအုပ်ချုပ်” သွားမည်ဖြစ်ပြီး အမေရိကန် ရေနံကုမ္ပဏီများသည်လည်း “ နိုင်ငံအတွက် ငွေရှာပေးတော့မည်” ဟု ပြောကြားခဲ့သည်။

ဤအခြေအနေသည် အာတိတ်ဒေသရှိ ကျယ်ပြောလှသော ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရန် အတွက် အမေရိကန်က အင်အားသုံးရန် စဉ်းစားနိုင်သည်ဟူသော စိုးရိမ်မှုများကို ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။ ယင်းကိစ္စကို အမေရိကန်သမ္မတက ယခင်က ငြင်းဆန်ထားဖူးသည်။

ဂရင်းလန်းကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်ခြင်းသည် ၎င်း၏ မဟာဗျူဟာကျသော တည်နေရာနှင့် နည်းပညာမြင့်ကဏ္ဍများအတွက် အရေးပါသော သတ္တုသယံဇာတ ပေါကြွယ်ဝမှုကြောင့် အမေရိကန်၏ လုံခြုံရေးအကျိုးစီးပွားကို အထောက်အကူပြုမည်ဟု ထရန့်က အခိုင်အမာ ပြောဆိုထားသည်။

မကြာသေးမီက ထရန့်အစိုးရသည် ဂရင်းလန်းအတွက် အထူးသံတမန်တစ်ဦး ခန့်အပ်ရန် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒိန်းမတ်တွင် ဒေါသတကြီး တုံ့ပြန်မှုများ ပေါ်ပေါက်ခဲ့သည်။ လူဦးရေ ၅၇,၀၀၀ ရှိသော ဂရင်းလန်းသည် ၁၉၇၉ ခုနှစ်မှစ၍ ကျယ်ပြန့်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ရရှိထားသော်လည်း ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒမှာမူ ဒိန်းမတ်၏ လက်ထဲတွင်သာ ရှိနေဆဲဖြစ်သည်။

ဂရင်းလန်းသားအများစုမှာ ဒိန်းမတ်ထံမှ နောက်ဆုံးတွင် လွတ်လပ်ရေးရရှိရန် လိုလားကြ သော်လည်း၊ လူထုသဘောထားစစ်တမ်းများအရ အမေရိကန်၏ အစိတ်အပိုင်း ဖြစ်လာရန် ကိုမူ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာ (Sir Keir Starmer) က ဘီဘီစီသို့ ပြောကြားရာတွင် ဒိန်းမတ်နှင့် ဂရင်းလန်းတို့သာလျှင် အဆိုပါ ပိုင်နက်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်ဟု ဆိုသည်။

“ ဂရင်းလန်းနဲ့ ဒိန်းမတ်နိုင်ငံတော်ကပဲ ဂရင်းလန်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ရပါမယ်၊ သူတို့နှစ်ဖက် တည်းကပဲ ဆုံးဖြတ်ရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

သီးခြားအနေဖြင့် ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်တစ်ဦးကလည်း ထိုပိုင်နက်ကို အမေရိကန်က ထိန်းချုပ်ရန် EU က “ လိုအပ်သည်” ဟူသော ထရန့်၏ ပြောကြားချက်ကို ပယ်ချခဲ့သည်။

ထရန့်က ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် Air Force One လေယာဉ်ပေါ်၌ သတင်းထောက် များကို ပြောကြားရာတွင် “ EU က ဂရင်းလန်းကို ကျွန်တော်တို့ လက်ထဲမှာ ရှိဖို့ လိုအပ်တယ်၊ အဲဒါကို သူတို့ သိပါတယ်” ဟု ဆိုခဲ့သည်။

ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ပါလာ ပင်ဟို (Paula Pinho) က ၎င်းသည် EU ၏ ရပ်တည်ချက် “ လုံးဝမဟုတ်ကြောင်း” နှင့် အမေရိကန်နှင့် ဤကိစ္စအပေါ် ဆွေးနွေးမှု ပြုလုပ် ခဲ့သည်ကို မသိရှိကြောင်း ဘီဘီစီသို့ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော