နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး အဆုံးသတ်ရန် စောင့်ဆိုင်းနေသည့် စစ်ပွဲကို ဟစ်ဇဘိုလာက ပြန်လည်စတင်လိုက်ပြီ

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်

တနင်္လာနေ့ နံနက်အာရုဏ်မတက်မီ အချိန်တွင် ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုသို့ “ဒုံးကျည်များနှင့် ဒရုန်းအုပ်စုများ” ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်အပေါ် ဆင်နွှဲနေသည့် အမေရိကန်-အစ္စရေး စစ်ပွဲတွင် စစ်မျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သည်။

လက်ဘနွန်တောင်ပိုင်းတွင် အခြေစိုက်သည့် အဆိုပါ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့က ဤတိုက်ခိုက်မှုသည် အီရန်၏ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ အသတ်ခံရမှုအတွက် လက်စားချေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးဘက်ကမူ ဤတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ ဒုံးကျည်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ကျန်ရှိသော ဒုံးကျည်များမှာ လူသူမရှိသည့် နေရာများသို့ ကျရောက်ခဲ့ကြောင်း ပြောဆိုထားသည်။ ထို့အတူ လက်ဘနွန်ဝန်ကြီးချုပ် နဝပ်ဖ်ဆလမ် (Nawaf Salam) ကလည်း ၎င်းလုပ်ရပ်ကို “တာဝန်မဲ့ပြီး သံသယဖြစ်ဖွယ် လုပ်ရပ်” ဟု ခေါ်ဆိုခဲ့ကာ ဟစ်ဇဘိုလာ၏ စစ်ရေးလှုပ်ရှားမှုများကို ပိတ်ပင်ခဲ့သည်။

အစ္စရေးသည် ဤအခိုက်အတန့်အတွက် လပေါင်းများစွာ အသင့်ပြင်ထားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း၊ ဟစ်ဇဘိုလာအဖွဲ့သည် လက်နက်များပြန်လည် တပ်ဆင်ခြင်းနှင့် အင်အားပြန်လည်တည်ဆောက်ခြင်းတို့ဖြင့် သဘောတူညီချက်ကို ချိုးဖောက်နေသည်ဟု စွပ်စွဲကာ အစ္စရေးစစ်တပ်က လက်ဘနွန်ကို နေ့စဉ်နှင့်အမျှ နီးပါး တိုက်ခိုက်နေခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဟစ်ဇဘိုလာ၏ ဒုတိယအဆင့် အမြင့်ဆုံး ခေါင်းဆောင်နှင့် စစ်ဦးစီးချုပ်ဖြစ်သူ ဟေသမ် အလီ တာဘာတာဘိုင်း (Haytham Ali Tabatabai) ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

သို့သော် ထိုတိုက်ခိုက်မှုများသည် တစ်ဦးချင်းကို ဦးတည်သည့် တိုက်ခိုက်မှုများသာ ဖြစ်ခဲ့ သည်။ လွန်ခဲ့သည့်ကာလများတွင် အမေရိကန်ပြည်ထောင်စုသည် အစ္စရေး-လက်ဘနွန် နယ်စပ် တလျှောက် ပိုမိုကျယ်ပြန့်သော ပဋိပက္ခများ မဖြစ်ပွားစေရန် တားဆီးရန် ကြိုးပမ်း ခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက နှစ်နိုင်ငံ အရပ်ဘက်အရာရှိများအကြား ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုများ ဖြစ်မြောက်စေရန် ကူညီပေးခဲ့သည်။

လွန်ခဲ့သည့် တစ်ပတ်ကလည်း လက်ဘနွန် နိုင်ငံခြားရေးဝန်ကြီး ယူဆက်ဖ် ရာဂျီ (Youssef Raggi) က “ဟစ်ဇဘိုလာဘက်က ကြားဝင်ပတ်သက်မှု တစ်ခုခုလုပ်လာရင် အစ္စရေးက အခြေခံအဆောက်အအုံ ပစ်မှတ်တွေကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကို ရရှိထားတယ်” ဟု ပြောကြားခဲ့သည်။ ထိုသတိပေးချက်သည် အစ္စရေးနှင့် အမေရိကန်တို့ အီရန်ကို ပူးပေါင်းမတိုက်ခိုက်မီက ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရာဂျီက လူမှုကွန်ရက်စာမျက်နှာတွင် ဟစ်ဇဘိုလာအနေဖြင့် “စွန့်စားမှုအသစ်များ မပြုလုပ်ရန်နှင့် လက်ဘနွန်ကို ထပ်မံပျက်စီးခြင်းမှ ကာကွယ်ပေးရန်” မျှော်လင့်ကြောင်း ရေးသားခဲ့သည်။

ယခုအခါ ဟစ်ဇဘိုလာက စစ်ပွဲထဲသို့ ဝင်ရောက်လာပြီး ပဋိပက္ခကို ချဲ့ထွင်ရန် ဆုံးဖြတ် လိုက်ခြင်းသည် အစ္စရေးခေါင်းဆောင်ပိုင်းအတွက် လက်ဘနွန်တောင်ပိုင်းနှင့် မြို့တော် ဘေရွတ်ရှိ ဟစ်ဇဘိုလာ ပစ်မှတ်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်ရန် ခိုင်လုံသော အကြောင်းပြချက် ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖ်ဖီ ဒီဖရင် (Effie Defrin) က သတင်းစာရှင်းလင်းပွဲတွင် “ဟစ်ဇဘိုလာက မနေ့ညက စတင်ပစ်ခတ်ခဲ့တယ်။ ကျွန်တော်တို့ သူတို့ကို သတိပေးခဲ့ပြီးပြီ။ အခုတော့ သူတို့ ကြီးလေးတဲ့ တန်ဖိုးကို ပေးဆပ် ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ တနင်္လာနေ့ နံနက်ပိုင်းအထိ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘေရွတ်နှင့် လက်ဘနွန်တောင်ပိုင်းတို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။

တစ်ရက်အလိုတွင် အစ္စရေးသည် အရန်တပ်ဖွဲ့ဝင် ၁၀၀,၀၀၀ (တပ်ရင်း၊ တပ်မဟာနှင့် တပ်မ ပေါင်းများစွာ) ကို ဆင့်ခေါ်ထားကြောင်း ကြေညာခဲ့ပြီး အများစုကို လက်ဘနွန်နှင့် နယ်စပ်ရှိ မြောက်ပိုင်းဒေသတွင် ဖြန့်ကြက်မည်ဖြစ်သည်။ IDF သည် နယ်စပ်တလျှောက်ရှိ နေရာ ၅ ခု ကို လက်ဘနွန်တောင်ပိုင်းသို့ လှမ်းကြည့်နိုင်သည့် ကင်းထောက်စခန်းများအဖြစ် အကန့် အသတ်မရှိ ဆက်လက်သိမ်းပိုက်ထားဆဲ ဖြစ်သည်။

အင်အားအမြောက်အမြားကို ယခုကဲ့သို့ စုစည်းထားခြင်းကြောင့် အစ္စရေးအနေဖြင့် လက်ဘနွန် အတွင်းသို့ မြေပြင်ကျူးကျော်စစ်ကို ပိုမိုကျယ်ပြန့်စွာ ဆင်နွှဲရန် ပြင်ဆင်နေ သလားဟု ဒီဖရင်ကို မေးမြန်းခဲ့ရာ ၎င်းက “ရွေးချယ်စရာ အားလုံးကို စားပွဲပေါ်မှာ တင်ထားပါတယ်။ ကျွန်တော်တို့ အခြေအနေတွေကို အမြဲမပြတ် သုံးသပ်နေပါတယ်” ဟု ဖြေကြားခဲ့သည်။

IDF ၏ နိုင်ငံခြားမီဒီယာ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နာဒပ် ရှိုရှာနီ (Nadav Shoshani) ကမူ ထိုမေးခွန်းကိုပင် “မြေပြင်ကျူးကျော်ဖို့အတွက် လက်ငင်းပြင်ဆင်နေတာမျိုး မရှိသေး ပါဘူး” ဟု အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ဖြေဆိုခဲ့သည်။ သို့သော် ရှေ့တွင် ရှည်လျားသော စစ်ဆင်ရေးတစ်ခု ဖြစ်လာနိုင်ခြေကိုမူ သတိပေးခဲ့သည်။

“အကယ်၍ ဟစ်ဇဘိုလာကသာ ပိုပြီး အရှိန်မြှင့်လာမယ်ဆိုရင် ဒီအခြေအနေဟာ ရက်သတ္တပတ်ပေါင်းများစွာ ကြာရှည်သွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရှိ အခမ်းအနားတစ်ခုတွင် ချီတက်နေကြသည့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာ စစ်သွေးကြွများ။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 29 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 35 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 36 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ