နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်

အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့

ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန် (Suprabuddha Sen) ၏ အဖိုးသည် အိန္ဒိယ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို သရုပ်ဖော်ရေးဆွဲခဲ့သူဖြစ်သည်။ ဆယ်စုနှစ်များစွာကြာအောင် ဤအမျိုးသားနှစ်ဦးစလုံးသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် ထိုဖွဲ့စည်းပုံက အာမခံထားသော မဲပေးပိုင်ခွင့်ကို ကျင့်သုံးခဲ့ကြသည်။

သို့သော် ဧပြီလအတွင်းက ကျင်းပခဲ့သည့် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မစတင်မီ ရက်ပိုင်းအလိုတွင် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်း သိရှိခဲ့ရသည်။ ယင်းအတွက် ရှင်းလင်းချက်မှာလည်း မရှိသလောက်ပင်။

အသက် ၆၂ နှစ်ရှိပြီဖြစ်သော စစ်ပြန်ကြီး အလမ်က သူ၏ မဲပေးပိုင်ခွင့်အတွက် ဒေသခံ အရာရှိများကို တင်ပြခဲ့သည့် စာရွက်စာတမ်း ၃၀ ခန့်ပါသော အညိုရောင်ဖိုင်တွဲကြီးကို ဖွင့်ပြသည်။ ယင်းတွင် ၁၉၂၀ ပြည့်နှစ်များက သူ၏ အဖိုးပိုင်ဆိုင်ခဲ့သော မြေယာဂရန်များ၊ လွန်ခဲ့သော ဆယ်စုနှစ်များက သူ၏ မိဘများ မဲပေးခဲ့သည့် အထောက်အထားများနှင့် သူ၏ စစ်မှုထမ်းဟောင်းလက်မှတ်များ ပါဝင်သည်။ သို့သော် အရာမထင်ခဲ့ပေ။

“ကျွန်တော့်နိုင်ငံဟာ ကျွန်တော့်နိုင်ငံ မဟုတ်တော့ဘူးလို့ တွေးမိတာ တော်တော် ထူးဆန်း နေတယ်” ဟု အနောက်ဘင်္ဂလားရှိ ၎င်း၏နေအိမ်တွင် အလမ်က CNN သို့ ပြောကြားခဲ့သည်။ “ဒါဟာ ကျွန်တော့်ရဲ့ နာကျင်မှုပါပဲ။ လူတိုင်းက ကျွန်တော့်ကို မေးနေကြတယ် – ‘စစ်တပ်ထဲမှာ ရှိခဲ့တာတောင် မင်းနာမည်က ဘယ်လိုလုပ်ပြီး ကျန်ရစ်ခဲ့တာလဲ’ တဲ့။”

အနောက်ဘင်္ဂလားပြည်နယ်၏ မဲစာရင်းမှ ပယ်ဖျက်ခံလိုက်ရသည့် နာမည်ပေါင်း ကိုးသန်း ကျော်တွင် အလမ်နှင့် ဆူပရာဘူဒါတို့လည်း ပါဝင်သည်။ အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ရွေးကောက်ပွဲများ မစတင်မီ တစ်နိုင်ငံလုံးတွင် အခြားသော နာမည်သန်းပေါင်းများစွာလည်း ပယ်ဖျက်ခံခဲ့ရသည်။ ဤရွေးကောက်ပွဲများသည် အာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရသီယ ဂျာနတာပါတီ (BJP) အနေဖြင့် ၎င်းတို့ အစဉ်အလာအရ အားနည်းခဲ့သည့် တောင်ပိုင်းနှင့် အရှေ့ပိုင်းပြည်နယ်များတွင် အခြေကုပ်ရယူနိုင်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ် ပေးမည်ဖြစ်သည်။

မဲစာရင်းများကို ရှင်းလင်းခြင်းမှာ အမည်ထပ်နေမှုများ၊ ကွယ်လွန်သူများ၏ အမည်များနှင့် အခြားသော လွဲမှားမှုများကို ဖယ်ရှားရန်နှင့် ဒီမိုကရေစီ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အတွက် အရေးကြီးကြောင်း BJP က ဆိုသည်။ ဝေဖန်သူများကမူ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်ရမည့် အိန္ဒိယရွေးကောက်ပွဲကော်မရှင် (ECI) သည် BJP ၏ လွှမ်းမိုးမှု အောက်တွင် လုပ်ဆောင်နေပြီး၊ အိန္ဒိယရှိ မွတ်စလင်လူနည်းစုများ၏ ကိုယ်စားပြုမှုကို အားနည်းစေရန် ရည်ရွယ်နေသည်ဟု ဆိုကြသည်။

အနောက်ဘင်္ဂလားပြည်နယ်တွင် လူဦးရေ သန်း ၉၀ ၏ သုံးပုံတစ်ပုံနီးပါးမှာ မွတ်စလင်များ ဖြစ်ကြပြီး BJP က ဤပြည်နယ်တွင် ခြေကုပ်ရရန် ကြိုးပမ်းနေခြင်းကြောင့် ဤမဲစာရင်း ပြဿနာမှာ ပိုမိုပြင်းထန်နေခြင်း ဖြစ်သည်။

ယုတ္တိမတန်သော ကွဲလွဲမှု’

မဲမပေးမီ ရက်ပိုင်းအလိုတွင် အလမ်အား ၎င်း၏အမည်ကို မဲစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း အကြောင်းကြားခဲ့သည်။ အရာရှိများက အလမ်နှင့် သူ၏မိခင်ကြား အသက်ကွာဟချက်မှာ ၁၅ နှစ်သာရှိနေခြင်းကို “ယုတ္တိမတန်သော ကွဲလွဲမှု” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၉ ခုနှစ်က ပါကစ္စတန်နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲတွင် ပါဝင်ခဲ့သည့် စစ်ပြန်ကြီးအတွက် ယင်းစွပ်စွဲချက်မှာ စော်ကားမှုတစ်ခုပင်။ “၁၉၆၃ ခုနှစ် အစောပိုင်းမှာ ကျွန်တော့်အဖိုးက သူ့ရဲ့ ၁၄ နှစ်အရွယ် သမီးကို အိမ်ထောင်ချပေးခဲ့ပြီး၊ အဲဒီနှစ် ဒီဇင်ဘာလမှာ ကျွန်တော် မွေးခဲ့တာ ပါ။ ဒါက ကျွန်တော့်အပြစ်လား? ကျွန်တော်ဟာ ကျွန်တော့်အမေရဲ့ သားမဟုတ်ဘူးလို့ သံသယရှိနေတာလား?” ဟု သူက မေးခွန်းထုတ်ခဲ့သည်။

အသက် ၈၈ နှစ်ရှိပြီဖြစ်သော ဆူပရာဘူဒါ ဆင်းန် မှာမူ ဆယ်စုနှစ်များစွာ ကျင့်သုံးလာခဲ့သည့် မဲပေးပိုင်ခွင့် အဘယ်ကြောင့် ဆုံးရှုံးသွားသနည်းဟူသည့် အကြောင်းရင်းကိုပင် အသိပေးခြင်း မခံခဲ့ရပေ။

၁၉၄၇ ခုနှစ်တွင် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယဒီမိုကရေစီ စနစ်၏ အခြေခံအုတ်မြစ်နှင့် ပတ်သက်နေသော သူ့အတွက် ဤဖြစ်ရပ်မှာ ပို၍ပင် နာကျင် စရာ ကောင်းသည်။ သူ၏အဖိုးရေးဆွဲခဲ့သော သရုပ်ဖော်ပုံများသည် အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တန်ဆာဆင်ထားပြီး၊ အစိုးရ၏ တရားဝင်စာခေါင်းနှင့် နိုင်ငံကူးလက်မှတ် များပေါ်တွင် တွေ့ရသည့် အထင်ကရ ခြင်္သေ့လေးကောင်တံဆိပ်မှာလည်း သူ၏အဖိုး ကြီးကြပ်မှု အောက်တွင် သူ၏တပည့်တစ်ဦးက ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်သည်။

ကျူးကျော်ဝင်ရောက်သူများ’

အိန္ဒိယတရားရုံးချုပ်က မဲစာရင်းမှ ပယ်ဖျက်ခံရသူများအနေဖြင့် အယူခံဝင်ပိုင်ခွင့်ရှိ သော်လည်း၊ အနောက်ဘင်္ဂလားရှိ ရွေးကောက်ပွဲ အချိန်ဇယားကိုမူ နောက်ဆုတ်ပေးမည် မဟုတ် ကြောင်း ဆုံးဖြတ်ခဲ့သည်။

“ဒါဟာ နိုင်ငံရေး လှည့်ကွက်တစ်ခုပါ၊ ရွေးကောက်ပွဲကော်မရှင်ဟာ BJP အစိုးရရဲ့ အလိုကျ လုပ်ဆောင်နေတာပါ” ဟု ဒီမိုကရေစီအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်း (APDR) မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဆာဂျစ် ရာမန် (Sajid Rahman) က ပြောကြား ခဲ့သည်။

ပြည်ထဲရေးဝန်ကြီး အာမစ်ရှား (Amit Shah) ကမူ ပြီးခဲ့သည့် ဒီဇင်ဘာလက လွှတ်တော် အတွင်း မိန့်ခွန်းပြောကြားရာတွင် “ကျူးကျော်ဝင်ရောက်လာသူတွေဟာ နိုင်ငံရဲ့ ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးချုပ်က ဘယ်သူဖြစ်သင့်တယ်ဆိုတာကို မဆုံးဖြတ်နိုင်စေရဘူး” ဟု ထည့်သွင်း ပြောကြားခဲ့ပြီး၊ တရားမဝင် ဝင်ရောက်လာသူများကို “ဖော်ထုတ်၊ ပယ်ဖျက်၊ နှင်ထုတ်” မည်ဟု ဆိုခဲ့သည်။

အိမ်နီးချင်း မွတ်စလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ကျူးကျော် သူများကို နှင်ထုတ်မည့် BJP ၏ ကမ်ပိန်းမှာ မဲပေးပိုင်ခွင့် ဆုံးရှုံးသွားသူများအတွက် ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကိုပါ နောက်ထပ် မေးခွန်းထုတ်လာမည်ကို စိုးရိမ်ပူပန်စေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မူရှီဒါဘတ်ခရိုင်တွင် ထိုစိုးရိမ်မှုများမှာ အထင်အရှားပင်။ မာသူရာပူရ် ကျေးရွာတွင် မဲဆန္ဒရှင် ၈၀၀ အနက် ၂၄၃ ဦးမှာ မဲစာရင်းမှ ပယ်ဖျက်ခံခဲ့ရသည်။ “သူတို့က ကျွန်တော်တို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုပါ သိမ်းယူချင်နေကြ တာလို့ လူတွေက ပြောနေကြတယ်၊ ဒါကြောင့် ကျွန်မတို့ ကြောက်နေရတာပါ” ဟု မဲစာရင်းမှ ပယ်ဖျက်ခံရသူ အိမ်ရှင်မတစ်ဦးဖြစ်သော နူးရ်ဖာ ဘီဘီ (Noorfa Bibi) က ပြောကြားခဲ့သည်။

သရုပ်ဖော်ဆရာ၏ မြေးဖြစ်သူ ဆူပရာဘူဒါနှင့် သူ၏ဇနီးမှာ တရားရုံးချုပ်သို့ အယူခံဝင်ပြီး နောက် မဲစာရင်းတွင် နာမည်ပြန်လည်ပါဝင်လာခဲ့သော်လည်း၊ အခြားသော သန်းပေါင်းများစွာ သော လူထုမှာမူ ၎င်းတို့၏ မဲပေးပိုင်ခွင့်နှင့် အိန္ဒိယနိုင်ငံသားအဖြစ် ရပ်တည်နိုင်မှုမှာ လုံခြုံမှုရှိ၊ မရှိကို မသိရှိရဘဲ မရေရာသော အခြေအနေနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

Members of minority communities stage a protest demanding the immediate removal of Chief Election Commissioner Gyanesh Kumar outside the State Election Commission office in Kolkata, West Bengal, India, on March 10.

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကာလကတ္တား မြို့ရှိ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့တွင် လူနည်းစု အသိုက်အဝန်းမှ အဖွဲ့ဝင်များက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နာချုပ် ဂါနက်ရှ် ကူမား (Gyanesh Kumar) အား ရာထူးမှ ချက်ချင်းဖယ်ရှားပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။(ဓါတ်ပုံ)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဆီလီဂူရီမြို့ရှိ ပစ္စည်းဖြန့်ဖြူးရေးဌာနတစ်ခု၌ အနောက်ဘင်္ဂလားပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ပထမအဆင့်မတိုင်မီ ရွေးကောက်ပွဲဆိုင်ရာအရာရှိတစ်ဦးက မဲရုံစာရင်းကို စစ်ဆေးနေစဉ်။ Rupak De Chowdhuri/NurPhoto/Getty Images ။(ဓါတ်ပုံ)

အနောက်ဘင်္ဂလားပြည်နယ်၊ မူရှီဒါဘတ်ခရိုင်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က နူးရ်ဖာ ဘီဘီ (Noorfa Bibi) သူမ၏ အထောက်အထား စာရွက်စာတမ်းများကို ပြသနေစဉ်။ Esha Mitra/CNN(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 43 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 48 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 46 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 52 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက