နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်

အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အာရပ်စော်ဘွားများပြည်နယ် (UAE) သည် အီရန်နိုင်ငံက ၎င်း၏နိုင်ငံအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း၊ အရှေ့ပိုင်းစော်ဘွားနယ်မြေဖြစ်သော ဖူဂျေရာရှိ ရေနံချက်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းခဲ့ပြီး အိန္ဒိယနိုင်ငံသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သော ဤတိုက်ခိုက်မှုများသည် ဧပြီလ ၈ ရက်နေ့က အီရန်နှင့် အမေရိကန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက်ပိုင်း UAE အပေါ် ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စရေး နှင့် အီရန်တို့ကြား စစ်ပွဲစတင်ကတည်းက ပိတ်ထားခဲ့ရသည့် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ပိတ်မိနေသည့် ရေနံတင်သင်္ဘောများကို လုံခြုံစွာထွက်ခွာနိုင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုးပမ်းမှုအသစ်များ စတင်ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။

အီရန်၏ ပူးပေါင်းစစ်ဌာနချုပ်ကမူ အမေရိကန်၏ ကမ်းလှမ်းမှုကို လက်ခံသည့် ကုန်သွယ်ရေး သင်္ဘောများကို သတိပေးထားပြီး အမေရိကန်တပ်ဖွဲ့များသည် “ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်ဝင်ရောက်ရန် ရည်ရွယ်ပါက တိုက်ခိုက်ခံရမည်” ဟု ပြောကြားထားသည်။

UAE ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်သည် အီရန် ဘက်မှ ပစ်ခတ်လိုက်သော ဘာလစ္စတစ်ဒုံးကျည် ၁၂ စင်း၊ ခရုဇ်ဒုံးကျည် ၃ စင်းနှင့် ဒရုန်း ၄ စင်းတို့ကို တစ်နေ့တာအတွင်း “ကြားဖြတ်ဟန့်တား” နိုင်ခဲ့သည်ဟု ဆိုသည်။

UAE နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း “အရပ်သားပစ်မှတ်များနှင့် အဆောက်အအုံများကို ဦးတည်တိုက်ခိုက်သည့် အီရန်၏ အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ” ကို အပြင်း ထန်ဆုံး ရှုံ့ချလိုက်သည်။ ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု မှန်သမျှကို သည်းခံမည်မဟုတ်ဘဲ တုံ့ပြန်ရန် “အပြည့်အဝနှင့် တရားဝင်သော အခွင့်အရေး” ရှိကြောင်း သတိပေးခဲ့သည်။

အီရန်ဘက်ကမူ ဤစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ အစိုးရရုပ်သံလိုင်း IRIB က စစ်ဘက် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ အီရန်အနေဖြင့် “ရေနံအဆောက်အအုံများကို တိုက်ခိုက် ရန် ကြိုတင်စီစဉ်ထားသော အစီအစဉ်မရှိကြောင်း” ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်မှာဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောများကို တရားမဝင်ဖြတ်သန်းခွင့်ရရန် ကြိုးပမ်းသော “အမေရိကန် ၏ စစ်ရေးစွန့်စားမှု” ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

တစ်ဆက်တည်းမှာပင် အီရန်၏ တာ့စ်နင်းမ် (Tasnim) သတင်းဌာနက “UAE အနေဖြင့် ပညာမဲ့သော လုပ်ရပ်များ လုပ်ဆောင်လာပါက ၎င်းတို့၏ အကျိုးစီးပွားအားလုံးသည် အီရန်၏ ပစ်မှတ်ဖြစ်လာလိမ့်မည်” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ သတိပေးထားသည်။

‘ပင်လယ်ဓားပြလုပ်ရပ်’

UAE သမ္မတ၏ အကြံပေးပုဂ္ဂိုလ် အန်နဝါ ဂါဂတ်ရှ် (Anwar Gargash)ကဘာရက်ခ(Barakah) ရေနံတင်သင်္ဘောအား တိုက်ခိုက်မှုကို “ပင်လယ်ဓားပြလုပ်ရပ်” အဖြစ် ရှုံ့ချခဲ့သည်။ ထို့နောက် ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖူဂျေရာ စော်ဘွားနယ်မြေ၏ အဆိုအရ အီရန်ဒရုန်းကြောင့် ရေနံလုပ်ငန်းဇုန်တွင် “မီးအကြီးအကျယ် လောင်ကျွမ်း” ခဲ့ပြီး အိန္ဒိယနိုင်ငံသား သုံးဦး အသင့်အတင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒူဘိုင်းအခြေစိုက် သတင်းထောက် နာတာရှာ တူးရက်ခ် (Natasha Turak) က “အပစ်ရပ်စဲရေး ရရှိပြီးနောက် တစ်လနီးပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်မတို့ဖုန်းတွေထဲမှာ ဒုံးကျည်သတိပေးသံတွေ ကြားလိုက်ရပါတယ်။ လူတွေက တော်တော်လေး စိတ်ပျက်၊ ဒေါသထွက်နေကြပေမယ့် အံ့အားသင့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်နဲ့ အီရန်ကြားက အဓိကပြဿနာတွေက မဖြေရှင်းရသေးလို့ပါပဲ” ဟု Al Jazeera သို့ ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရှုံ့ချမှုများ

ဤတိုက်ခိုက်မှုအပေါ် ကမ္ဘာတစ်ဝန်းမှ ချက်ချင်းဆိုသလို ရှုံ့ချမှုများ ထွက်ပေါ်လာခဲ့သည်။ ဆော်ဒီအာရေးဗီးယားနှင့် ကာတာနိုင်ငံတို့က အီရန်ကို ရှုံ့ချခဲ့ပြီး UAE ၏ အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံတို့ကလည်း ဤလုပ်ရပ်မှာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် အန္တရာယ်ရှိသော အခြေအနေတိုးမြှင့်မှုဖြစ်ကြောင်း ရှုံ့ချခဲ့ကြသည်။ ထို့ပြင် ကနေဒါ၊ ဂျာမနီနှင့် ယူကေနိုင်ငံတို့ကလည်း အီရန်အား ဆွေးနွေးပွဲများသို့ ပြန်လည် လာရောက် ရန်နှင့် ထပ်မံ၍ အခြေအနေများ မဆိုးရွားစေရန် တိုက်တွန်းခဲ့ကြသည်။

ဥရောပသမဂ္ဂ (EU) ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) ကလည်း ဤတိုက်ခိုက်မှုများသည် “အချုပ်အခြာအာဏာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း” ဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို