နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေရှိခဲ့တယ်လို့ ဝန်ကြီးဦးရည်မွန်ပြော

သိမ်းပိုက်ထားတဲ့ မြို့အချို့ကို စွန့်ခွာရတာအပါအဝင် မြေပြင်အခက်အခဲနဲ့ အတက်အကျတွေဟာ စစ်မက်ရေးရာရဲ့ သဘာဝလို့ဆို

မေလ (၅)ရက်။

နေရာဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF (၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“(၅)နှစ်တာ ဖြတ်သန်းတဲ့အထဲ အောင်မြင်မှုတွေ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနဲ့ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်တွေကြောင့် နေရာဒေသအချို့မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့တဲ့ အမှားအယွင်းတွေ၊ ဟာကွက်တွေ ရှိခဲ့တာကို မျက်ကွယ်ပြုထားမှာမဟုတ်ဘူး”လို့ ဆိုပါတယ်။

အဲ့ဒီအချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်တဲ့ အရေးယူဖြေရှင်းတာတွေ ပြုလုပ်နေတယ်လို့ အသိပေးထားပါတယ်။

နောက်ပိုင်းမှာလဲ ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေဖို့၊ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာဖို့နဲ့ တော်လှန်ပြည်သူတွေကို အမှန်တကယ် အကာအကွယ်ပေးနိုင်တဲ့ တပ်မတော်ဖြစ်လာစေဖို့ ပြုပြင်ထိန်းကျောင်းတာတွေကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ သူက ကတိသစ္စာပြုထားပါတယ်။

နောက်ပြီး သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရတာတွေအပါအဝင် မြေပြင်မှာ အခက်အခဲတွေ၊ အတက်အကျတွေ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပဲဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့ကြောင့် လှေနံဓားထစ် စစ်ဗျူဟာတွေကို မသုံးဘဲ ရန်သူ့အခြေအနေနဲ့ မိမိအင်အားအပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပြည်သူ့စစ်မဟာဗျူဟာတွေကို ကျင့်သုံးကာ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ပြည်သူတွေအနေနဲ့ လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်ကျဆင်းတာမရှိဘဲ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ ပြင်းပြတဲ့ ယုံကြည်ချက်တွေနဲ့ တော်လှန်ရေးပန်းတိုင်ကို မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လဲ မြေပြင်ရှိ ရဲဘော်တွေနဲ့အတူ  အမြဲ အတူတကွ ရှိနေမှာဖြစ်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမယ်လို့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို