နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန်

ပါကစ္စတန်မြို့တော်ရှိ ဗလီတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား၊ အနည်းဆုံး ၃၁ ဦး သေဆုံး

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၇ရက်။

ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမ္မာဘတ်ရှိ ရှီအာမွတ်စလင်ဗလီတစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသမားတစ်ဦးကြောင့် အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

၎င်းသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက အနောက်မြောက်ပိုင်းရှိ ပရှဝါမြို့ (Peshawar) ဗလီတစ်ခုတွင် လူတစ်ရာကျော် သေဆုံးခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်း နိုင်ငံအတွင်း အသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်သည်။

“ ကျွန်တော်တို့ ဝတ်ပြုဆုတောင်းပွဲ စတင်ကာရှိသေးတယ်၊ သေနတ်ပစ်ခတ်သံတွေ ကြား လိုက်ရပြီးနောက် ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတာပဲ” ဟု အသက် ၄၇ နှစ် အရွယ် ဝတ်ပြုသူ ဆယဒ် အာမီယာ ဟူစိန် ရှား (Syed Ameer Hussain Shah) က CNN သို့ ပြောကြားခဲ့သည်။

“ ကျွန်တော်လည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗလီခန်းမထဲမှာ ဝတ်ပြုသူ ၄၀၀ ကျော်နဲ့ ပြည့်နေတာပါ”

ပါကစ္စတန်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း စစ်သွေးကြွလှုပ်ရှားမှုများ မြင့်တက် လာခြင်းကို ကြုံတွေ့နေရသော်လည်း လုံခြုံရေးတင်းကျပ်ထားသည့် မြို့တော်တွင်မူ တိုက်ခိုက်မှုများ ဖြစ်ခဲလှသည်။ နိုဝင်ဘာလအတွင်းက အစ္စလာမ္မာဘတ်တွင် လူ ၁၂ ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုသည် မြို့တော်၌ ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း ဖြစ်ပွားခဲ့သော အသေအပျောက်အများဆုံး အသေခံတိုက်ခိုက်မှု ဖြစ်ခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြင်ကွင်းများတွင် ဖန်ကွဲစများနှင့် အပျက်အစီးများကြား ဗလီကြမ်းပြင်ပေါ်၌ သွေးအိုင်ထဲတွင် လဲလျောင်းနေသော ရုပ်အလောင်းများကို တွေ့ရသည်။

“ ဒါဟာ ကျွန်တော့်ဘဝမှာ တစ်ခါမှ မမှန်းဆဖူးတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းပါပဲ” ဟု ဒဏ်ရာရရှိသွားသော ၎င်း၏ဝမ်းကွဲညီအစ်ကိုထံ လာရောက်ကြည့်ရှုသည့် အသက် ၂၄ နှစ်အရွယ် ရှိုအစ်ဘ် (Shoaib) က အစ္စလာမ္မာဘတ်ရှိ PIMS ဆေးရုံတွင် CNN သို့ ပြောကြား ခဲ့သည်။

“ သောကြာနေ့ ဝတ်ပြုနေတုန်း သေနတ်သံတစ်ချက် ကြားလိုက်ရတယ်၊ စက္ကန့်ပိုင်းအတွင်း မှာပဲ နားကွဲမတတ် ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်လာတာ။ လူတိုင်း အပြင်ကို ပြေး ကြသလို တချို့ကလည်း ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ဖို့ ကြိုးစားကြတယ်။ ကျွန်တော့် ညီကတော့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရသွားတယ်”

အစ္စလာမ္မာဘတ်ရှိ အမေရိကန်သံရုံးကလည်း အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ “ အရပ်သားတွေနဲ့ ဘာသာရေးဝတ်ပြုရာနေရာတွေအပေါ် အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှုတွေ ဟာ လက်ခံနိုင်စရာ မရှိပါဘူး” ဟု X လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။ “ ပါကစ္စတန် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာရှိမှုနဲ့ မိမိတို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို ကြောက်ရွံ့မှုမရှိဘဲ ကျင့်သုံးခွင့် ရသင့်ပါတယ်”

အပြစ်မဲ့အရပ်သားများကို ပစ်မှတ်ထားခြင်းသည် “ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု” ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိခိုက်ခံစားရသည့် မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ရပ်တည်ကြောင်း ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) က ပြောကြားခဲ့သည်ဟု Associated Press က သတင်းဖော်ပြသည်။

အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ “ အစ္စလာမ္မစ် စော်ဘွားများနိုင်ငံအနေနဲ့ ဗလီကျောင်းကန်တွေရဲ့ သန့်ရှင်းစင်ကြယ်မှုနဲ့ ဘာသာရေးဆိုင်ရာ ကျင့်ထုံးတွေကို ချိုးဖောက်ပြီး ဝတ်ပြုသူတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေဟာ အစ္စလာမ့်တန်ဖိုးတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ တန်ဖိုးတွေကို ဆန့်ကျင်နေတယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ပါကစ္စတန်တာလီဘန် (သို့မဟုတ်) Tehrik-i-Taliban Pakistan (TTP) အပေါ် သံသယရှိကြောင်း ရဲတပ်ဖွဲ့သတင်း ရင်းမြစ်များက ပြောဆိုသော်လည်း TTP ကမူ သောကြာနေ့တိုက်ခိုက်မှုနှင့် “ လုံးဝပတ်သက် ခြင်း မရှိကြောင်း” ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည်။

“ Tehreek-e-Taliban Pakistan ရဲ့ ပစ်မှတ်တွေက ရှင်းလင်းပြီး တိကျပါတယ်။ ပါကစ္စတန်ရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်သူတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

သောကြာနေ့က အစ္စလာမာဘတ်မြို့ရှိ ဗလီတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် ဒဏ်ရာရ အမျိုးသားတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်နေစဉ်။ Aamir Qureshi/AFP/Getty Images(ပုံ)

အသက်ဆုံးရှုံးမှုဖြစ်စေသော တိုက်ခိုက်မှုတစ်ခုအပြီး ဗလီအပြင်ဘက်တွင် ရှီးအိုက်မွတ်စလင်များ ဝမ်းနည်းပူဆွေးနေပုံ Farooq Naeem/AFP/Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က