နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီ DCI Group တို့ ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် JFM ရှုတ်ချ

မေလ (၇)ရက်။

စစ်အုပ်စုနဲ့ အမေရိကန်လော်ဘီကုမ္ပဏီဖြစ်တဲ့ DCI Group တို့ ဆက်သွယ်ပတ်သက်လုပ်ကိုင်နေတဲ့အပေါ် Justice for Myanmar(JFM)က မနေ့က ရှုတ်ချထားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိတ်ဆွေဟောင်းနဲ့ ယခင်အကြံပေးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ရော်ဂျာစတုန်းကို ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနဲ့ DCI Group တို့အကြား ချုပ်ဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၃ သန်းတန်စာချုပ်မှာ စတုန်းဟာ အကြံပေးအနေနဲ့ တာဝန်ယူလုပ်ကိုင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Justice For Myanmar ရဲ့ ထုတ်ဖော်ပြောကြားထားတဲ့အတိုင်း စစ်အုပ်စုနဲ့ DCI Group တို့ရဲ့ စာချုပ်ဟာ ဒဏ်ခတ်ပိတ်ဆို့တာတွေမှာ လစ်ဟာနေတဲ့ ဟာကွက်တွေအပေါ် အမြတ်ထုတ်အသုံးချဖို့ ရေးဆွဲပြင်ဆင်ထားပုံရတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစာချုပ်ဟာ ၂၀၂၅ခုနှစ် ဇူလိုင်လ(၃၁)ရက်မှာ အသက်ဝင်ခဲ့ပြီး စစ်အုပ်စုဟာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်ကောင်စီကို ဖျက်သိမ်းကာ စ်ကော်မရှင်အနေနဲ့ အမည်ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် DCI Group ဟာ နောက်တနေ့မှာ FARA ကို အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး စာရင်းတင်သွင်းခဲ့ကာ မှတ်တမ်းတွေအရ စစ်အုပ်စုဟာ သဘောတူညီချက်ကို ရက်သတ္တပတ် (၄)ပတ်ခန့်စောကာ စစ်ကောင်စီအနေနဲ့ လည်ပတ်နေချိန်မှာ ကြိုတင်လက်မှတ်ရေးထိုးခဲ့တာပါ။

DCI Group နဲ့ စစ်အုပ်စုတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်လုပ်ငန်းနယ်ပယ်မှာ သဘာဝသယံဇာတ၊ ကုန်သွယ်ရေးနဲ့ လူသားစာနာမှုအကူအညီတို့ကို ဦးတည်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့ဖို့အတွက် မြန်မာပြည်သူတွေဆီကနေ သဘာဝသယံဇာတတွေကို အဓမ္မလုယူခေါင်းပုံဖြတ်နေပြီး လူသားစာနာမှုအကူအညီတွေကို လက်နက်သဖွယ် အသုံးပြုနေတယ်လို့ JFM က ပြောဆိုထားပါတယ်။

ဒီလို စစ်အုပ်စုရဲ့ ညစ်ညမ်းတဲ့ငွေတွေ လော်ဘီလုပ်ငန်းဆီကို စီးဆင်းခွင့်ပြုမယ့်အစား အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျတို့အနေနဲ့ စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တာတွေ တိုးချဲ့လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ အမည်ပြောင်းလဲတာကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်တွေကို ပိတ်ပင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို