နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်

လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန် တရားသူကြီးတစ်ဦးက အမိန့်ပေးလိုက်သည်။

ဗုဒ္ဓဟူးနေ့က လူသိရှင်ကြား ထုတ်ပြန်ခဲ့သည့် လက်ရေးဖြင့် ရေးသားထားသော အဆိုပါ မှတ်စုမိတ္တူတွင် လပေါင်းများစွာ ကြာမြင့်ခဲ့သည့် စုံစမ်းစစ်ဆေးမှု၌ “ဘာမျှ မတွေ့ရှိခဲ့ ကြောင်း” ဖော်ပြထားပြီး “နှုတ်ဆက်ရမည့်အချိန်ကို မိမိဘာသာ ရွေးချယ်ခွင့်ရခြင်းသည် ဆုလာဘ်တစ်ခုပင်ဖြစ်သည်” ဟု ရေးသားထားသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အက်ပ်စတိန်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းပြီးနောက် ၎င်း၏ အခန်းဖော်ဟောင်းက စာအုပ်တစ်အုပ်အတွင်း ညှပ်ထားသည့် အဆိုပါ မှတ်စုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အက်ပ်စတိန်းသည် တစ်လအကြာတွင် ၎င်း၏ အကျဉ်းခန်းအတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရသည်။

အဆိုပါ မှတ်စုကို အက်ပ်စတိန်းက ရေးသားခဲ့ခြင်း ဟုတ်မဟုတ်ကို BBC အနေဖြင့် အတည်မပြုနိုင်သေးသလို အမေရိကန် အာဏာပိုင်များကလည်း မှတ်ချက်ပေးခြင်း မရှိသေးပေ။

အာဏာပိုင်များက သေကြောင်းကြံစည်မှုဟု သတ်မှတ်ခဲ့သော သူ၏ သေဆုံးမှုမှာ လိင်ကုန်ကူးမှုဆိုင်ရာ အမှုစစ်ဆေးခြင်းကို စောင့်ဆိုင်းနေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေတမ်းစာဟု ယူဆရသော မှတ်စုကို လူသတ်မှုလေးခုဖြင့် တရားရင်ဆိုင်နေရသော အခန်းဖော်ဟောင်း နီကိုလပ်စ် တာတက်ဂလီယွန် (Nicholas Tartaglione) ၏ ရာဇဝတ် မှုခင်း ဆိုင်ရာ လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လျှို့ဝှက်အဖြစ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

တာတက်ဂလီယွန်သည် လူလေးဦးကို သတ်ဖြတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော ရဲအရာရှိ ဟောင်းတစ်ဦး ဖြစ်ပြီး တစ်ချိန်က အက်ပ်စတိန်းက ၎င်းအား တိုက်ခိုက်သည်ဟု စွပ်စွဲခြင်း ခံခဲ့ရဖူးသော်လည်း ၎င်းက ငြင်းဆိုခဲ့သည်။ သူသည် အဆိုပါ မှတ်စု ရှိနေကြောင်းကို ပြီးခဲ့သည့်နှစ်က ပေါ့တ်ကတ်စ် (Podcast) တစ်ခုတွင် ပထမဆုံး စတင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော တရားရုံးမှတ်တမ်းပါ မှတ်စုကို စကင်ဖတ်ထားသည့် ပုံတွင် “သူတို့ ကျွန်တော့်ကို လပေါင်းများစွာ စုံစမ်းစစ်ဆေးတယ် – ဘာမှ မတွေ့ဘူး!!!” ဟု လက်ရေးဖြင့် ရေးသားထားသော စာကြောင်းတစ်ကြောင်းနှင့် နှစ်ပေါင်းများစွာ ကြာမြင့် နေပြီဖြစ်သော စွဲချက်များကို ဖော်ပြထားသည်ကို တွေ့ရသည်။

“နှုတ်ဆက်ရမည့်အချိန်ကို မိမိဘာသာ ရွေးချယ်ခွင့်ရခြင်းဟာ ဆုလာဘ်တစ်ခုပါ” ဟု မှတ်စုတွင် ရေးသားထားသည်။

“ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ – ထအော်ငိုရမှာလား!!” ဟု ဆက်လက် ရေးသားထားပြီး “ပျော်စရာမကောင်းဘူး – မထိုက်တန်ဘူး” ဟုလည်း ပါရှိသည်။

အဆိုပါ မှတ်စုတွင် စာကြောင်း ခုနစ်ကြောင်းသာ ပါဝင်သောကြောင့် ၎င်း၏ ဆိုလိုရင်းနှင့် ပတ်သက်၍ မရေမရာ ဖြစ်နေဆဲဖြစ်သည်။

အမေရိကန် တရားရေးဝန်ကြီးဌာန (DOJ) က BBC ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။

DOJ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ မှတ်စုကို ဌာနအနေဖြင့် မတွေ့ရှိခဲ့ကြောင်း NBC News သို့ ယခင်က ပြောကြားခဲ့ဖူးသည်။ ၎င်းတို့က ပြီးခဲ့သည့် လများအတွင်း အက်ပ်စတိန်း နှင့် ပတ်သက်သည့် ဖိုင်တွဲပေါင်း သန်းနှင့်ချီကို စုဆောင်းကာ လူသိရှင်ကြား ထုတ်ပြန်ရန် DOJ ၏ “အစွမ်းကုန် ကြိုးပမ်းမှု” ကို အလေးပေး ပြောကြားခဲ့သည်။

အဆိုပါ မှတ်စုနှင့်အတူ တာတက်ဂလီယွန်၏ ရှေ့နေဟောင်း ဂျွန် အေ ဝီဒါ (John A Wieder) က ၂၀၂၁ ခုနှစ်၊ မေလတွင် တရားရုံးသို့ တင်ပြခဲ့သော စာတစ်စောင်လည်း ပါဝင်သည်။ ရှေ့နေက အဆိုပါ မှတ်စုကို ထိုစဉ်က ဖက်ဒရယ် တရားသူကြီး ကက်နက်သ် အမ် ကာရက်စ် (Kenneth M Karas) တရားရုံးသို့ တင်ပြရန် အမိန့်ပေးခဲ့သည့် “မူရင်းမှတ်တမ်း” အဖြစ် ဖော်ပြခဲ့သည်။

The New York Times သတင်းစာသည် နယူးယောက်ပြည်နယ်၊ White Plains ရှိ တရားသူကြီးထံ အဆိုပါ မှတ်စုကို လျှို့ဝှက်အဖြစ် ထိန်းသိမ်းထားရန် မလိုအပ်ကြောင်း အကြောင်းပြကာ အိတ်ဖွင့်ထုတ်ပြန်ရန် လျှောက်ထားခဲ့သည်။ ထို့အပြင် သတင်းစာသည် တရားသူကြီးက အမိန့်မချမှတ်ရသေးသည့် အခြားသော မှတ်တမ်းများကိုလည်း ရယူရန် ကြိုးပမ်းနေသည်။

ဖက်ဒရယ် အစိုးရရှေ့နေများကလည်း အဆိုပါ မှတ်စုကို လျှို့ဝှက်ထားရန် ခိုင်လုံသော အကြောင်းပြချက် မရှိတော့ခြင်းနှင့် တာတက်ဂလီယွန်၏ လူသိရှင်ကြား ပြောကြားချက် များမှာ “ဆက်လက် လျှို့ဝှက်ထားရန် မလိုအပ်တော့ကြောင်း သဘောသက်ရောက်သည်” ဟု ဆိုကာ ထုတ်ပြန်ရန် တိုက်တွန်းခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က မှတ်စုကို အိတ်ဖွင့်ထုတ်ပြန်သည့် အမိန့်တွင် တရားသူကြီး ကာရက်စ်က ဤမှတ်စုသည် “အများပြည်သူ သိရှိခွင့်ရှိခြင်း၏ အခြေခံမူနှင့် သက်ဆိုင်သည်” ဟု ကောက်ချက်ချခဲ့သည်။

“အများပြည်သူအနေနဲ့ ဒီမှတ်စုကို သိရှိခွင့်ရခြင်းဟာ ‘တာဝန်ခံမှု’ ကို မြှင့်တင်ပေးသလို ‘တရားစီရင်ရေးအပေါ် ယုံကြည်မှု’ ရှိစေမှာ ဖြစ်တယ်လို့ တရားရုံးက ခိုင်ခိုင်မာမာ ကောက်ချက်ချပါတယ်” ဟု ကာရက်စ်က ရေးသားခဲ့သည်။

တာတက်ဂလီယွန်က မှတ်စုပါ အကြောင်းအရာများကို လူသိရှင်ကြား အကြိမ်ကြိမ် ဆွေးနွေးခဲ့ခြင်းကြောင့် “ရှေ့နေနှင့် အမှုသည်ကြား လျှို့ဝှက်ချက် ထိန်းသိမ်းခွင့်ကို စွန့်လွှတ်ပြီးသား ဖြစ်သည်” ဟု တရားရုံးက သဘောတူညီကြောင်းနှင့် ထိုအချက်အပေါ် အခြေခံကာ လျှို့ဝှက်ထားရန် မသင့်တော်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အက်ပ်စတိန်း သေဆုံးသည့်ညက အကျဉ်းထောင်အတွင်း လုံခြုံရေး ပျက်ကွက်မှုများကို ဖက်ဒရယ် အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့ပြီး ၎င်းမည်သို့ သေဆုံးခဲ့သည်နှင့် ပတ်သက်၍ ထင်ကြေးပေးမှုများလည်း အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက