နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နယ်မြေသိမ်းပိုက်မှု အရှိန်အဟုန်ကို ယူကရိန်း ပြောင်းပြန်လှန်နိုင်ခဲ့ဖွယ်ရှိကြောင်း သုတေသနအဖွဲ့ ပြောကြား

Aljazeera – ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်

ဧပြီလအတွင်း ရုရှားစစ်သည် ၃၅,၀၀၀ ကျော် သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်ဟု ယူကရိန်းက အခိုင်အမာ ပြောကြားနေချိန်တွင် မော်စကို၏ ရှေ့တိုးလာမှုမှာ နှေးကွေး သွားကြောင်း ISW (စစ်ပွဲလေ့လာရေးအဖွဲ့) က ဆိုသည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်း ရုရှား၏ နယ်မြေကျူးကျော်မှုနှုန်းကို နှေးကွေးအောင် ပြုလုပ်နိုင်ခဲ့ပြီးနောက်၊ ဧပြီလတွင် ယူကရိန်းသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ဆုံးရှုံးသွားသော နယ်မြေများထက် ပိုမိုများပြားသော မြေပြင်ဧရိယာကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကြောင်း စစ်မြေပြင်အခြေအနေများကို လေ့လာဆန်းစစ်ချက်အရ သိရသည်။

ဝါရှင်တန်အခြေစိုက် သုတေသနအဖွဲ့ဖြစ်သော စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) ၏ ပြောကြား ချက်အရ ထိုလအတွင်း ရုရှားတပ်ဖွဲ့များသည် နယ်မြေ စတုရန်းကီလိုမီတာ ၁၁၆ ကီလိုမီတာ (၄၅ စတုရန်းမိုင်) ခန့် အသားတင် ဆုံးရှုံးခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါ ကိန်းဂဏန်းသည် နှစ်ဖက်စလုံးက အခိုင်အမာ ထိန်းချုပ်ထားသော နယ်မြေများ ကိုသာ တွက်ချက်ထားခြင်းဖြစ်ပြီး ရုရှားနှင့် ယူကရိန်း စစ်သည်နှစ်ဖက်စလုံး တပ်စွဲထားသည့် “ Grey Zones” ဟု ခေါ်သော ကြားနေနယ်မြေများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပေ။

“ ရုရှားတပ်ဖွဲ့တွေဟာ စစ်မျက်နှာပြင်တလျှောက်မှာ အဆက်မပြတ် ရှေ့တိုးနေတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်ပေါ်စေဖို့နဲ့ ရုရှားရဲ့ အောင်မြင်မှုတွေကို ပုံကြီးချဲ့ ဝါဒဖြန့်နေတဲ့ ကရင်မလင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို အထောက်အကူပြုဖို့အတွက် ‘စိမ့်ဝင်ထိုးဖောက်မှု’ (Infiltration) နည်းဗျူဟာတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီစိမ့်ဝင် နယ်မြေတွေကို အမှန်တကယ် ထိန်းချုပ်ထားနိုင်ခြင်း မရှိပါဘူး” ဟု ISW က ပြောကြားသည်။

လွန်ခဲ့သည့် ၁၈ လအတွင်း ရုရှား၏ နယ်မြေသိမ်းပိုက်မှုနှုန်းမှာ အနည်းဆုံး သုံးပုံနှစ်ပုံခန့် တဖြည်းဖြည်း နှေးကွေးသွားကြောင်း ISW က လေ့လာတွေ့ရှိခဲ့သည်။

၂၀၂၅ ခုနှစ် အလားတူကာလတွင် တစ်ရက်လျှင် ပျမ်းမျှ ၉.၇၆ စတုရန်းကီလိုမီတာ (၃.၇၇ စတုရန်းမိုင်) သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ၂၀၂၆ ခုနှစ် ပထမ လေးလပတ်အတွင်း ရုရှားတပ်ဖွဲ့ များသည် တစ်ရက်လျှင် ပျမ်းမျှ ၂.၉ စတုရန်းကီလိုမီတာ (၁.၁ စတုရန်းမိုင်) သာ သိမ်းပိုက် နိုင်ခဲ့သည်ဟု တွေ့ရှိရသည်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် ယူကရိန်းအရှေ့ပိုင်း ဒိုးနက်စ် (Donetsk) ဒေသရှိ စလိုဗန့်စ်(Sloviansk)၊ ကာမာတရော့စ်(Kramatorsk)၊ ကွန်စတိန်တီနီဗ်ကာ(Konstiantynivka) နှင့် ဒရုပ်ဇ်ကိ့ဗ်ကာ(Druzhkivka) စသည့် ခိုင်ခံ့သော ခံစစ်မြို့ကြီးများ ပါဝင်သည့် “ ခံတပ်စင်္ကြံ” (Fortress Belt) ကို သိမ်းပိုက်နိုင်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေသည်။

အဆိုပါဒေသရှိ ရုရှား၏ တိုက်ခိုက်မှုများသည် ဧပြီလတွင် “ သိသိသာသာ မြင့်တက်လာခဲ့ သည်” ဟု ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန္ဒား ဆိုင်စကီး (Oleksandr Syrskii) က ပြောကြားခဲ့သည်။

မော်စကိုဘက်က Konstiantynivka မြို့ကို တဖြည်းဖြည်း ချေမှုန်းသိမ်းပိုက်နေပြီဟု ဆိုသော်လည်း ISW ၏ လေ့လာချက်အရ ရုရှားသည် Konstiantynivka မြို့၏ ၁၀.၁၄ ရာခိုင်နှုန်းခန့်ကိုသာ စိမ့်ဝင်နိုင်ခဲ့ပြီး မြို့အရှေ့ဘက်စွန်ပိုင်း၏ ၀.၇ ရာခိုင်နှုန်းခန့်တွင်သာ ရှေ့တိုးနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

ထို့အပြင် ရုရှား၏ ထိခိုက်ကျဆုံးမှုနှုန်းမှာ အသစ်စုဆောင်းနိုင်သည့် စစ်သည်ဦးရေထက် ငါးလဆက်တိုက် ပိုမိုများပြားနေကြောင်း ယူကရိန်းက ပြောကြားသည်။

“ ဧပြီလအတွင်း ရုရှားစစ်သည် ၃၅,၂၀၃ ဦး သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး မိုင်ခိုင်လို ဖက်ဒိုရော့ဗ် (Mykhailo Fedorov) က ပြောကြားပြီး ရုရှားသည် “ ဆုံးရှုံးမှုတွင်းထဲကို တဖြည်းဖြည်း နစ်မြုပ်နေပြီ” ဟု ဖြည့်စွက် ပြောဆိုသည်။

မတ်လအတွင်းက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ယူကရိန်းထောက်လှမ်းရေး သည် ရုရှား၏ စာရွက်စာတမ်းများကို ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများအနက် ၆၂ ရာခိုင်နှုန်းမှာ အသက်သေဆုံးသူများဖြစ်ကြောင်း၊ ယင်းမှာ ယူကရိန်း သို့မဟုတ် အခြားသူများ ယခင်က ခန့်မှန်းထားသည်ထက် ပိုမိုမြင့်မားသောနှုန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုက မည်သည့်အချိန်မှစ၍ ဤမျှအထိ သေကြေပျက်စီးမှု များပြားစေခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ယင်းမှာ လတ်တလော တိုးတက်မှုတစ်ခု ဖြစ်ပုံရသည်။

ပြီးခဲ့သည့်နှစ်တွင် “ ရုရှားသည် တစ်လလျှင် စစ်သည် ၁၄,၀၀၀ ခန့် သေဆုံးခဲ့ပြီး” စုစုပေါင်း ထိခိုက်ကျဆုံးမှု ပျမ်းမျှ ၃၄,၈၃၃ ဦးရှိခဲ့ကြောင်း ဖက်ဒိုရော့ဗ်က မေလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ ယင်းမှာ ယူကရိန်း၏ နည်းဗျူဟာများ လတ်တလောတွင် ပိုမိုတိုးတက် လာခြင်းကို ညွှန်ပြနေသည်။

ဇယ်လန်းစကီးကလည်း ယူကရိန်းအနေဖြင့် ရုရှားနောက်တန်းရှိ ထောက်ပံ့ရေး လမ်းကြောင်း များကို စစ်မြေပြင်သို့ မရောက်ရှိမီ ကြားဖြတ်တိုက်ခိုက်ရန် အလယ်အလတ်အကွာအဝေး တိုက်ခိုက်မှုများကို နှစ်ဆတိုး လုပ်ဆောင်သွားမည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။

“ ဧပြီလအတွင်း ၂၀ ကီလိုမီတာ (၁၂ မိုင်) ကျော်အကွာအဝေးသို့ တိုက်ခိုက်မှုပေါင်းမှာ မတ်လထက် နှစ်ဆပိုများခဲ့ပြီး ဖေဖော်ဝါရီလထက် လေးဆပိုများခဲ့ပါတယ်” ဟု ဖက်ဒိုရော့ဗ်က ဆိုသည်။

ဝင်ငွေစစ်ပွဲ (The Revenue War)

ရုရှား၏ ပို့ကုန်ဝင်ငွေကို ဖြတ်တောက်ရန် မဟာဗျူဟာ၏ အစိတ်အပိုင်းအဖြစ် ယူကရိန်း သည် ပြီးခဲ့သည့်အပတ်အတွင်း ရေနံချက်စက်ရုံများနှင့် ရေနံသိုလှောင်ရုံ အများအပြားကို တိုက်ခိုက်ခဲ့သည်။

မေလ ၁ ရက်နေ့တွင် ပင်လယ်နက်ရှိ Tuapse ရေနံချက်စက်ရုံကို နှစ်ပတ်အတွင်း စတုတ္ထ အကြိမ် မြောက် တိုက်ခိုက်ခဲ့ပြီး ထိုညမှာပင် ရုရှားနိုင်ငံအတွင်းပိုင်း ကီလိုမီတာ ၁,၀၀၀ (မိုင် ၆၂၀) ခန့်အကွာရှိ Perm ရေနံချက်စက်ရုံကိုလည်း တိုက်ခိုက်ခဲ့သည်။

မေလ ၂ ရက်နေ့တွင် ယူကရိန်းသည် ပင်လယ်ရေပြင်သုံး ဒရုန်းများကို အသုံးပြု၍ ပင်လယ်နက်ရှိ နိုဗိုရော့စ်စီယက်(Novorossiysk) ဆိပ်ကမ်းအပြင်ဘက်မှ ရုရှားရေနံတင် သင်္ဘော နှစ်စင်းကို စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုညမှာပင် ယူကရိန်းလုံခြုံရေးဌာန (SBU) သည် ဘောလ်တစ်ပင်လယ်ရှိ ပရီမော့ခ်(Primorsk) ဆိပ်ကမ်းမှ ဒုံးကျည်တင်သင်္ဘော တစ်စင်း၊ ကင်းလှည့်သင်္ဘောတစ်စင်းနှင့် ရေနံတင်သင်္ဘောတစ်စင်းတို့ကို တိုက်ခိုက်ခဲ့ပြီး ရေနံဂိတ်ကိုလည်း ထိခိုက်ပျက်စီးစေခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

မေလ ၅ ရက်နေ့တွင် ယူကရိန်းသည် လီနင်ဂရက်ဒေသရှိ ရေနံချက်စက်ရုံ Kirishinefteorgsintez ကို တိုက်ခိုက်ခဲ့သည်။ ရေနံချက်စက်ရုံ၏ ပေါင်းခံမျှော်စင် လေးခုအနက် သုံးခု ပျက်စီးသွားပြီးနောက် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်သွားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ယူကရိန်းသည် စစ်လက်နက်ပစ္စည်းများကိုလည်း ပစ်မှတ်ထားခဲ့သည်။

မေလ ၅ ရက်နေ့တွင် ချီဘော့စရီ(Cheboksary) မြို့ရှိ ရုရှားရေတပ်၊ လေတပ်နှင့် ဒုံးပျံတပ်ဖွဲ့ များ အတွက် လမ်းညွှန်စနစ်များ ထုတ်လုပ်သည့် စက်ရုံကို တိုက်ခိုက်ရန် Flamingo ဒရုန်းများ သည် ကီလိုမီတာ ၁,၅၀၀ (၉၃၀ မိုင်) အကွာအဝေးအထိ ပျံသန်းခဲ့ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ထို့အပြင် ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းပိုင်း ၁,၆၀၀ ကီလိုမီတာ (၉၉၄ မိုင်) ကျော် အကွာရှိ ချယ်ယာဘင့်ခ်(Chelyabinsk) ရှိ ရှာဂိုလ်(Shagol) လေတပ်စခန်းမှ Su-57 တိုက်လေယာဉ်များနှင့် Su-34 ဗုံးကြဲလေယာဉ် အများအပြားကိုလည်း မကြာသေးမီက တိုက်ခိုက်ခဲ့သည်။

ရုရှား၏ ရေနံဝင်ငွေ ထိခိုက်မှုနှင့် ပတ်သက်၍ ရုရှားနှင့် ယူကရိန်းတို့အကြား အစီရင်ခံစာများ ကွဲလွဲနေသည်။

“ ကျွန်တော်တို့ရဲ့ ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ရန်လိုတဲ့နိုင်ငံဟာ နှစ်စ ကတည်းက အနည်းဆုံး ဒေါ်လာ ၇ ဘီလီယံလောက် ဆုံးရှုံးခဲ့ပါတယ်” ဟု ဇယ်လန်းစကီးက မေလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဧပြီလ ၃၀ ရက်နေ့က Bloomberg ၏ ဖော်ပြချက်အရ ရေနံချက်စက်ရုံ တစ်ရုံချင်းစီ၏ ပျမ်းမျှထုတ်လုပ်မှုမှာ တစ်ရက်လျှင် ၄.၆၉ သန်းစည်သို့ ကျဆင်းသွားပြီး ယင်းမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း သိရသည်။

သို့သော် ရုရှားဘက်ကမူ တစ်မျိုးတစ်ဖုံ အကဲဖြတ်ထားကြောင်း ရုရှားလွတ်လပ်သော သတင်းဌာန Meduza က ရေးသားထားသည်။ ရုရှားဘဏ္ဍာရေးဝန်ကြီးဌာန၏ မေလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ဧပြီလတွင် သယံဇာတတူးဖော်ရေးဝင်ငွေမှာ မတ်လနှင့်နှိုင်းယှဉ် ပါက နှစ်ဆတိုးလာပြီး ဒေါ်လာ ၁၂ ဘီလီယံအထိ ရှိခဲ့သည်ဟု ဆိုသည်။ ယင်းအနက် ၁၀ ဘီလီယံမှာ ရေနံမှဖြစ်ပြီး အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံစျေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။

ရုရှားဘဏ္ဍာရေးဝန်ကြီး အန်တွန် ဆီလူအာနော့ဗ်က မေလတွင် ရေနံဝင်ငွေ ဒေါ်လာ ၂.၇ ဘီလီယံ ပိုမိုရရှိရန် မျှော်လင့်ထားကြောင်း ကရင်မလင် သတင်းထောက်တစ်ဦးကို ပြောကြားခဲ့သည်။

ဖက်ဒိုရော့ဗ်ကလည်း ရေနံစျေးနှုန်းမြင့်တက်မှုကြောင့် ရုရှားသည် တစ်ရက်လျှင် ဒေါ်လာ သန်း ၁၅၀ ခန့် ပိုမိုရရှိနေပြီး ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၄၀ ဘီလီယံအထိ ရှိလာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

ဇယ်လန်းစကီး ပြောကြားခဲ့သော ဒေါ်လာ ၇ ဘီလီယံ ဆုံးရှုံးမှုမှာ အဆိုပါ အကျိုးအမြတ်များ အပြင် ထပ်မံဆုံးရှုံးရမှုလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

Meduza ၏ ရေးသားချက်အရ မော်စကိုသည် ဧပြီလ ရေနံဝင်ငွေ၏ ထက်ဝက်ကို ရေနံကုမ္ပဏီများအား ထောက်ပံ့ကြေးပေးရန်နှင့် ရေနံချက်စက်ရုံများ ပြုပြင်မွမ်းမံရန် သုံးစွဲမည်ဟု သိရသဖြင့် ယူကရိန်း၏ တိုက်ခိုက်မှုများသည် ရုရှားအပေါ် သက်ရောက်မှု ရှိနေဆဲ ဖြစ်ကြောင်း ညွှန်ပြနေသည်။

သံတမန်ရေးရာ အောင်မြင်မှုများ

ယူကရိန်းသည် ဥရောပသမဂ္ဂ (EU) ၏ ရန်ပုံငွေနှင့် အဖွဲ့ဝင်ဖြစ်ခွင့် လျှောက်ထားမှုတွင် ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့၏ ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း ပြီးခဲ့သည့် အပတ်အတွင်း အဆိုပါ နှစ်နိုင်ငံလုံးနှင့် ဆက်ဆံရေး တိုးတက်လာခဲ့သည်။

ဇယ်လန်းစကီးသည် စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကို (Robert Fico) အား ကိယက်ဗ်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ဘရာတစ်စလားဗားသို့ လာရောက်ရန် ဖိတ်ကြားချက်ကိုလည်း လက်ခံရရှိခဲ့ကြောင်း မေလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဖီကိုသည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ယူကရိန်း၏ EU အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုများကို ဗီတိုအာဏာဖြင့် ပိတ်ပင်ခဲ့သော်လည်း စက်တင်ဘာလတွင် ပြန်လည်ခွင့်ပြုခဲ့သည်။

ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန် (Viktor Orban) ကလည်း အဆိုပါ ဆွေးနွေးမှုများကို ဗီတိုအာဏာဖြင့် ပိတ်ပင်ခဲ့ဖူးပြီး ၎င်း၏အရိုက်အရာကို ဆက်ခံသူ ပီတာ မာဂျာ (Peter Magyar) ကမူ ထိုကိစ္စနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ဆိုကာ ဗီတိုအာဏာကို မရုပ်သိမ်းသေးပေ။

သို့သော် မာဂျာသည် အော်ဘန်က မတ်လအတွင်းက ငွေကြေးခဝါချမှု သံသယဖြင့် သိမ်းဆည်းခဲ့သော ယူကရိန်းနိုင်ငံသား ခုနစ်ဦး၏ ဒေါ်လာ ၈၂ သန်းတန်ဖိုးရှိ ငွေသားနှင့် အဖိုးတန်ပစ္စည်းများကို ယူကရိန်း၏ Oschadbank သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ဇယ်လန်းစကီးက ယင်းကို “ အပြုသဘောဆောင်ပြီး ယဉ်ကျေးသော လုပ်ရပ်” အဖြစ် ချီးကျူးခဲ့သည်။

သို့သော် ယူကရိန်း၏ EU အဖွဲ့ဝင်ဖြစ်ရေးမှာ ပြောသလောက် မလွယ်ကူပေ။ ECFR ၏ စစ်တမ်းအရ ဟန်ဂေရီနိုင်ငံသား ၅၄ ရာခိုင်နှုန်းမှာ ယူကရိန်း အဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက် နေကြဆဲဖြစ်သည်။ အများစုမှာ ယူကရိန်းသို့ EU ၏ ဘဏ္ဍာရေး အကူအညီပေးမှုကို ကန့်ကွက်နေကြသလို ဟန်ဂေရီကို ဖြတ်၍ ယူကရိန်းသို့ လက်နက်များ ပေးပို့မှုကိုလည်း ဆက်လက် ကန့်ကွက်နေကြဆဲ ဖြစ်သည်။

ယူကရိန်းနိုင်ငံ၊ ဆူမီမြို့တွင် ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ထိမှန်ခဲ့သော မူကြိုကျောင်း နေရာ၌ လေကြောင်းရန်သတိပေးချက် ထွက်ပေါ်လာစဉ်အတွင်း ခွေးတစ်ကောင်နှင့်အတူ ဒေသခံတစ်ဦးနှင့် ကယ်ဆယ်ရေးသမားများ ပြေးလွှားနေကြစဉ်။ (၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်) [ဓာတ်ပုံ-ရိုက်တာ]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး