နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက်

အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း “အထူးစစ်ဆင်ရေး” တစ်ခုပြုလုပ်ကာ Ocean Koi အမည်ရှိ ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ကြောင်းနှင့် အဆိုပါသင်္ဘောမှာ “ရေနံတင်ပို့မှုနှင့် အီရန်နိုင်ငံ၏ အကျိုးစီးပွားကို အနှောင့်အယှက်ပေးရန်” ကြိုးပမ်းခဲ့ကြောင်း အစိုးရမီဒီယာများအရ သိရသည်။

Fars သတင်းဌာနက ဖော်ပြသော ထုတ်ပြန်ချက်တွင် အီရန်ရေတပ်မှ “ကွန်မန်ဒိုများနှင့် မရိန်းတပ်ဖွဲ့ဝင်များသည် စည်းကမ်းဖောက်ဖျက်သော အဆိုပါသင်္ဘောကို နိုင်ငံတောင်ဘက် ကမ်းရိုးတန်းသို့ ဦးတည်ခေါ်ဆောင်သွားခဲ့သည်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

IRNA သတင်းဌာန၏ ဖော်ပြချက်အရ စစ်တပ်က ထုတ်ပြန်သော ကြေညာချက်တွင် “မိမိတို့နိုင်ငံ၏ ပိုင်နက်ရေပြင်အတွင်း အီရန်နိုင်ငံ၏ အကျိုးစီးပွားနှင့် ပိုင်ဆိုင်မှုများကို အင်အားသုံးကာ ကာကွယ်သွားမည်ဖြစ်ပြီး၊ မည်သည့် ချိုးဖောက်သူ သို့မဟုတ် ကျူးကျော်သူ မည်သူကိုမဆို သည်းခံသွားမည်မဟုတ်ကြောင်း” ပါရှိသည်။

အစိုးရရုပ်သံလိုင်းသည် အီရန်တပ်ဖွဲ့ဝင်များ သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းသည့် ဗီဒီယို ကို ထုတ်ပြန်ခဲ့သည်။ Marine Tracker ၏ အချက်အလက်များအရ အဆိုပါသင်္ဘောမှာ ဘာဘေးဒိုးစ် (Barbados) နိုင်ငံတွင် မှတ်ပုံတင်ထားခြင်းဖြစ်သည်။

တီဟီရန်မှ သတင်းပေးပို့သော Al Jazeera သတင်းထောက် Resul Serder က IRGC အနေဖြင့် သင်္ဘောများကို ယခုကဲ့သို့ သိမ်းဆည်းခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ပါရှန်ပင်လယ်ကွေ့ နှင့် အိုမန်ပင်လယ်ကွေ့ကို ဆက်သွယ်ပေးထားသော ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz) အတွင်း အတည်ပြုနိုင်သော ဖြစ်စဉ် သုံးခုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယခုဖြစ်စဉ်မှာ အီရန်၏ ရပ်တည်ချက် ပြောင်းလဲလာမှုကို ပြသနေသည်ဟု သူက ရှင်းပြသည်။

“စစ်ပွဲကြောင့် ဒေသတွင်း မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ပြောင်းလဲသွားပြီဆိုတာကို အီရန်တွေက မြင်လာကြတယ်၊ ဒီရေလက်ကြားတွေနဲ့ ပင်လယ်ကွေ့ဟာ ငါတို့ရဲ့ အမျိုးသား လုံခြုံရေးကို ဆန့်ကျင်ဖို့ အသုံးချခံနေရတယ်လို့ ယူဆနေကြတယ်” ဟု Serder က ဆိုသည်။

ရေကြောင်းဆိုင်ရာ စနစ်သစ်’

အီရန်သည် “စည်းမျဉ်းသစ်များ၊ လုပ်ထုံးလုပ်နည်းသစ်များနှင့် ပရိုတိုကောအသစ်များ” ပါဝင်သည့် “ရေကြောင်းဆိုင်ရာ စနစ်သစ်” (New Maritime Regime) တစ်ခုကို ဖော်ဆောင် နေကြောင်း သူက ဆိုသည်။

အဆိုပါ ယန္တရားအသစ်ကို “ပါရှန်ပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့” (Persian Gulf Strait Authority) ဟု ခေါ်ဆိုမည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်း သွားလာမှုများကို စီမံခန့်ခွဲသွားမည်ဖြစ်သည်။

“အခုပဲ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းအသစ်တွေအရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း ဝင်ထွက်သွားလာမယ့် ဘယ်သင်္ဘောမဆို အီရန်တပ်ဖွဲ့တွေဆီကနေ အပြည့်အဝ ညှိနှိုင်း ဆောင်ရွက်မှုနဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်” ဟု Serder က ပြောကြားသည်။

ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေကျဖြစ်သော အဆိုပါ ရေလမ်းကြောင်းကို အသုံးပြုမည့် သင်္ဘောများသည် ၎င်းတို့၏ မူရင်းနိုင်ငံ၊ တင်ဆောင်လာသည့် ကုန်ပစ္စည်းနှင့် နောက်ဆုံးဦးတည်ရာတို့ကို အသေးစိတ်ဖော်ပြပြီး အီရန်အာဏာပိုင်များထံ အီးမေးလ် ပေးပို့ရမည်ဖြစ်သည်။ ထို့နောက် အီရန်က စစ်ဆေးအကဲဖြတ်ပြီး ဖြတ်သန်းခ (Toll fees) ပေးဆောင်ရန် တောင်းဆိုမည်ဖြစ်သည်။

“ဒါဟာ ရေကြောင်းဆိုင်ရာ စနစ်သစ်တစ်ခုပါ။ အီရန်ဟာ ဟော်မုဇ်ရေလက်ကြားအပေါ်မှာ သူ့ရဲ့ အချုပ်အခြာအာဏာကို လက်လွှတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ယခုကဲ့သို့ ရဲဝံ့သော လုပ်ရပ်မှာ “ဒီလို မဟာဗျူဟာမြောက် လမ်းကြောင်းတွေကို အီရန်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ သူတို့ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သင်္ဘောမှ ဝင်ထွက်ခွင့်မရှိ ကြောင်း” ပြသနေသဖြင့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေး သြဇာ’

ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူ Alex Alfirraz Scheers က Al Jazeera သို့ ပြောကြားရာတွင် ယခုကဲ့သို့ သင်္ဘောကို ဖမ်းဆီးခြင်းဖြင့် IRGC သည် “ရေလက်ကြား အတွင်း ၎င်း၏ စွမ်းဆောင်ရည်နှင့် အာဏာကို ပြသနေခြင်းဖြစ်ပြီး၊ ယခင်က မလုပ်နိုင်ခဲ့သော အာဏာစက်ကို ယခုအခါ ပြသနိုင်ပြီဖြစ်ကြောင်း” ဆိုသည်။

IRGC သည် ရေလက်ကြားကို “လက်ခံနိုင်စရာမရှိဘဲ အန္တရာယ်များသော” နေရာဖြစ်အောင် ပြုလုပ်ရန် “ရေလက်ကြားကို ထိန်းချုပ်ခြင်း” နည်းလမ်းကို အသုံးချနေကြောင်း၊ ယင်းမှာ ၎င်းတို့တွင် “မဟာဗျူဟာမြောက် သြဇာ” နှင့် “နိုင်ငံရေး သြဇာ” ရှိကြောင်း ပြသရန် လုံလောက်သည်ဟု သူက ရှင်းပြသည်။

Scheers က ယခုဖြစ်စဉ်ကို မရေမရာဖြစ်နေသော ဆွေးနွေးပွဲများနှင့် ဆက်စပ်ပြခဲ့ပြီး အကယ်၍ အမေရိကန်သည် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အပေါ် လိုက်လျောရန် ဆန္ဒမရှိပါက “အခြေအနေတွေကို သူတို့ဘက်က အသာစီးရအောင် IRGC အနေနဲ့ ဒီလိုမျိုး လုပ်ဆောင်လာတာဖြစ်နိုင်တယ်” ဟု သုံးသပ်ခဲ့သည်။


၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့က အဘူမူဆာကျွန်းတွင် လေ့ကျင့်ခန်းတစ်ခု ပြုလုပ်စဉ် လှုပ်ရှားနေသော အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်၏ အမြန်နှုန်းမြင့် လှေများ။ [ဓာတ်ပုံ-ရိုက်တာ]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက