နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

ယီမင်

ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ ထိုမဟာမိတ်နှစ်နိုင်ငံသည် ယီမင်မြေပေါ်၌ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်ပြန်လည် ရင်ဆိုင်နေကြရပြီဖြစ်သည်။

မဟာဗျူဟာကျပြီး ဆင်းရဲမွဲတေကာ မဖြေရှင်းနိုင်သေးသည့် ပဋိပက္ခများစွာ ရှိနေသည့် ယီမင်နိုင်ငံနှင့် ပတ်သက်၍ အာရပ်ကမ္ဘာ၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခုကြားတွင် မကြုံစဖူး လူသိရှင်ကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့သည်။

ယခုအပတ်တွင် ဆော်ဒီအာရေးဗီးယားသည် ယီမင်သို့ ဦးတည်လာသည့် UAE ၏ တိုက်ခိုက်ရေးယာဉ်များ တင်ဆောင်လာသော သင်္ဘောတစ်စီးကို မကြုံစဖူး စစ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက်၊ အဘူဒါဘီ၏ လုပ်ရပ်များသည် “ အလွန်အန္တရာယ်ကြီးမား” ကြောင်းနှင့် ဆော်ဒီ၏ အမျိုးသားလုံခြုံရေးကို ထိပါးစေကြောင်း စွပ်စွဲခဲ့သည်။

ယီမင်ပြည်တွင်းစစ်သည် ၂၀၁၄ ခုနှစ်တွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီ (Houthi) လှုပ်ရှားမှုအဖွဲ့က နိုင်ငံမြောက်ပိုင်းနှင့် မြို့တော် ဆာနား (Sana’a) ကို သိမ်းပိုက်ခဲ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ ဆော်ဒီနှင့် UAE တို့သည် နောက်တစ်နှစ်တွင် ဟူသီများကို ချေမှုန်းရန် ဟူသော တူညီသည့် ရည်မှန်းချက်ဖြင့် ဒေသတွင်းအစိုးရနှင့် လက်နက်ကိုင်များကို ကူညီရန် ကြားဝင်စွက်ဖက်ခဲ့ကြသည်။

သို့သော် နှစ်များကြာလာသည်နှင့်အမျှ ယီမင်နိုင်ငံအတွင်းရှိ ပြိုင်ဘက်အုပ်စုများကြားတွင် သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့၏ မတူညီသော ရည်မှန်းချက်များ ကြောင့် မဟာမိတ်ဟောင်းများဖြစ်သည့် ရီယာ့ဒ် (Riyadh) နှင့် အဘူဒါဘီ (Abu Dhabi) တို့ကြားမှ အက်ကြောင်းမှာ မရည်ရွယ်ဘဲ ပေါ်လွင်လာခဲ့သည်။

ယီမင်စစ်ပွဲသည် မဟာမိတ်ဟောင်းများကြား အငှားစစ်ပွဲ (proxy conflict) အဖြစ် မည်သို့ ပြောင်းလဲသွားသည်ကို အောက်တွင် ဖော်ပြထားပါသည် –

ယီမင်တွင် မည်သည့်အဖွဲ့များ တိုက်ခိုက်နေကြပြီး မည်သူက ကျောထောက်နောက်ခံ ပေးထားသနည်း။

ဟူသီများက မြို့တော်ကို သိမ်းပိုက်ပြီးကတည်းက ယီမင်နိုင်ငံသည် သြဇာလွှမ်းမိုးမှု နယ်ပယ်အသီးသီးအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲပြားသွားခဲ့ရာ၊ အာရပ်ကျွန်းဆွယ်၏ တောင်ဘက်ခြမ်းတွင် အီရန်အတွက် ခြေကုပ်ယူရန် အခွင့်အရေး ဖြစ်သွားစေခဲ့သည်။

ဟူသီများ (Houthis) တရားဝင်အားဖြင့် အန်ဆာအလ္လာဟ် (Ansar Allah) ဟု လူသိများပြီး နိုင်ငံအနောက်မြောက်ပိုင်းရှိ ရှီယိုက် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ပြည်သူအချို့၏ ထောက်ခံမှုဖြင့် ဆာနားကို လျင်မြန်စွာ သိမ်းပိုက်ကာ အစိုးရကို ထိန်းချုပ်ခဲ့ သည်။ အီရန်၏ လက်နက်နှင့် အကူအညီများဖြင့် ၎င်းတို့သည် ဆော်ဒီနယ်စပ်တစ်လျှောက်နှင့် ပင်လယ်နီကမ်းရိုးတန်းရှိ အရေးပါသော ရေကြောင်းလမ်းများကို ထိန်းချုပ်ထားသည့် အင်အားအကောင်းဆုံး စစ်ရေးနှင့် နိုင်ငံရေးအဖွဲ့အစည်း ဖြစ်လာခဲ့သည်။ ၎င်းတို့သည် ဆော်ဒီနှင့် အစ္စရေးအထိ ဒုံးကျည်များဖြင့် ပစ်ခတ်နိုင်သည်အထိ အားကောင်းလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဆော်ဒီဦးဆောင်သော စစ်ဆင်ရေးကို အောင်မြင်စွာ ကြံ့ကြံ့ခံနိုင်ခဲ့သည်။

နိုင်ငံတကာအသိအမှတ်ပြု အစိုးရ (PLC) ဆော်ဒီကျောထောက်နောက်ခံပြု သမ္မတဦးဆောင်ကောင်စီ (PLC) အောက်တွင် ရှိပြီး ဟူသီများကို တော်လှန်ရန် အဖွဲ့အစည်းအသီးသီးကို စုစည်းရန် ၂၀၂၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းတို့သည် မာရစ်ဘ် (Marib)၊ တိုက်ဇ် (Taiz) နှင့် တောင်ပိုင်းရှိ အေဒင် (Aden) တို့ကို အခြေစိုက်ထားပြီး ဆော်ဒီ၏ ဝေဟင်၊ ရေပြင်နှင့် ကန့်သတ်ထားသော ကုန်းကြောင်း စစ်ကူများကို ရရှိထားသည်။

တောင်ပိုင်းကူးပြောင်းရေးကောင်စီ (STC) ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော UAE ကျောထောက်နောက်ခံပြု ခွဲထွက်ရေးအဖွဲ့ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် နိုင်ငံမပေါင်းစည်းမီက ရှိခဲ့သည့် တောင်ယီမင်နိုင်ငံတော်ကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည်။ ၎င်းတို့၏ လက်နက်ကိုင်အဖွဲ့များကို အဘူဒါဘီက ကူညီထားပြီး စစ်ပွဲအတွင်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဆော်ဒီအာရေးဗီးယားနှင့် UAE တို့ ယီမင်ကိစ္စတွင် ဘာကြောင့် ထိပ်တိုက်တွေ့နေကြသနည်း။

နိုင်ငံနှစ်ခုလုံးသည် ၂၀၁၅ ခုနှစ်တွင် ဟူသီများကို တိုက်ထုတ်ရန် အတူတကွ ကြားဝင်ခဲ့ သော်လည်း ရည်မှန်းချက်ချင်း မတူညီတော့ဘဲ ပြိုင်ဘက်အုပ်စုများကို အသီးသီး ထောက်ခံ လာကြသည်။ UAE အနေဖြင့် လွတ်လပ်ရေးလိုလားသော တောင်ပိုင်းခွဲထွက်ရေးသမား များကို ထောက်ခံနေခြင်းမှာ မိမိ၏ နယ်စပ်တွင် ညီညွတ်ပြီး တည်ငြိမ်သည့် ယီမင်နိုင်ငံကို မြင်လိုသည့် ဆော်ဒီ၏ ရည်မှန်းချက်နှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။

ပြည်တွင်းစစ် ရပ်စဲရေး ကြိုးပမ်းမှုများ နှစ်ရှည်လများ ရပ်တန့်နေပြီးနောက်၊ ပြီးခဲ့သည့် ဒီဇင်ဘာလအစောပိုင်းတွင် UAE ကျောထောက်နောက်ခံပြု အင်အားစုများက ရေနံကြွယ်ဝ သော ပြည်နယ်များကို လျင်မြန်စွာ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ရာ ဆော်ဒီ ကျောထောက် နောက်ခံပြု အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယခုအပတ်တွင် ဆော်ဒီက မူကာလာ (Mukalla) ဆိပ်ကမ်းရှိ UAE စစ်သုံးယာဉ်များကို လေကြောင်းမှ တိုက်ခိုက်လိုက်ခြင်းဖြင့် တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။

UAE အစိုးရ တာဝန်ရှိသူတစ်ဦး၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် တရားဝင် အစိုးရနှင့် ဆော်ဒီ၏ တောင်းဆိုချက်အရ ယီမင်တည်ငြိမ်ရေးအတွက် စတေးမှုများစွာ ပြုလုပ် ခဲ့ပြီးနောက်၊ ယခုအခါ အခြေအနေများကို တည်ငြိမ်စေရန်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့များကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဆိုသည်။

သို့သော် သောကြာနေ့တွင် ဆော်ဒီကျောထောက်နောက်ခံပြု အဖွဲ့များက UAE ကျောထောက် နောက်ခံပြု နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် “ ငြိမ်းချမ်းသော” ကုန်းကြောင်းထိုးစစ် စတင်လိုက်ပြီးနောက် ဆော်ဒီသည် ယီမင်ကမ်းရိုးတန်းသို့ ရေတပ်ကို စေလွှတ်ခဲ့သည်။

ခွဲထွက်ရေးသမားများကမူ ၎င်းမှာ ငြိမ်းချမ်းသော ထိုးစစ်မဟုတ်ဘဲ “ မြောက်-တောင် စစ်ပွဲ” သာဖြစ်ကြောင်းနှင့် ဆော်ဒီက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားသည်။

ဤအခြေအနေက ယီမင်ကို မည်သည့်နေရာသို့ ပို့ဆောင်နေသနည်း။

ယီမင်သည် သမိုင်းတစ်လျှောက်တွင်လည်း ပိုင်းခြားမှုများနှင့် ပြည်တွင်းစစ်များစွာ ကြုံတွေ့ခဲ့ရဖူးသည်။ ၁၉၉၀ ပြည့်နှစ်တွင် ပေါင်းစည်းခဲ့သော်လည်း ၁၉၉၄ ခုနှစ်တွင် ပြည်တွင်းစစ် ပြန်ဖြစ်ခဲ့ရာ တောင်ပိုင်းသားများ ရှုံးနိမ့်ခဲ့ပြီး ထိုစဉ်က မဖြေရှင်းနိုင်ခဲ့သည့် မကျေနပ်ချက်များမှာ ယနေ့တိုင် ပဋိပက္ခများကို ဖြစ်စေသည်။

ယခုအခါ မိမိတို့၏ ရန်သူဟောင်းနှစ်ဦးကြား အက်ကြောင်းထွက်လာခြင်းကို ဟူသီများက အခွင့်ကောင်းအဖြစ် ရှုမြင်နေကြသည်။ ၎င်းတို့ကို အတူတကွ တိုက်ခိုက်ခဲ့ပြီး မအောင်မြင် ခဲ့သည့် မဟာမိတ်ဟောင်းများ တစ်ဖက်နှင့်တစ်ဖက် ပြန်တိုက်နေခြင်းမှာ ဟူသီများအတွက် အသာစီးရစေမည့် အခြေအနေ ဖြစ်သည်။

လန်ဒန်အခြေစိုက် Chatham House မှ သုတေသီ ဖာရီယာ အယ်လ်-မူစလီမီ (Farea Al-Muslimi) က “ ဒါဟာ ယီမင်ရဲ့ ပြိုကွဲနေတဲ့ မဟာမိတ်တွေကြားမှာ အလွန်အန္တရာယ်ကြီးပြီး မတည်ငြိမ်တဲ့ အဆင့်သစ်တစ်ခုကို ရောက်သွားတာပါပဲ” ဟု မှတ်ချက်ပြုခဲ့သည်။

အနောက်အုပ်စု နိုင်ငံများအနေဖြင့် ၎င်းတို့၏ အရေးပါသော ဒေသတွင်း မဟာမိတ်နှစ်ခုကြား တင်းမာမှုကို မည်သို့ တုံ့ပြန်မည်ဆိုသည်မှာ မသေချာသေးသော်လည်း၊ ဤအခြေအနေမှာ ယီမင်၏ နဂိုကပင် နုနယ်လှသော နိုင်ငံရေး အခင်းအကျင်းအတွက် ကြီးမားသော သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က ယီမင်နိုင်ငံ၊ အေဒင်မြို့တွင် ပြည်တွင်းစစ်အတွင်း ပျက်စီးနေသော သို့မဟုတ် ဖျက်ဆီးခံထားရသည့် အဆောက်အအုံများရှေ့မှ ယီမင်အမျိုးသားတစ်ဦး လျှောက်သွားနေစဉ်။(ပုံ)

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့က ယီမင်နိုင်ငံ၊ အေဒင်မြို့တွင် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း UAE မှ ကျောထောက်နောက်ခံပြုထားသော တောင်ပိုင်းယီမင် ခွဲထွက်ရေး တပ်ဖွဲ့ဝင်များသည် တင့်ကားတစ်စင်းဘေးတွင် ရပ်နေကြသည်။(ပုံ)

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ယီမင်နိုင်ငံတောင်ပိုင်း မူကာလာဆိပ်ကမ်း၌ UAE ကျောထောက်နောက်ခံပြုထားသော တောင်ပိုင်းခွဲထွက်ရေးသမားများအား နိုင်ငံခြားစစ်ရေး ထောက်ပံ့မှုဟု ဖော်ပြသည့်အရာကို ပစ်မှတ်ထားသည့် ဆော်ဒီဦးဆောင်သော မဟာမိတ် အဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် မီးခိုးများ တက်လာသည်။(ပုံ)

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ယီမင်နိုင်ငံ၊ မာရစ်မြို့ရှိ ဟူသီများနှင့် ရှေ့တန်းအနီးရှိ စစ်စခန်းတစ်ခုတွင် ယီမင်စစ်သားများ ကင်းစောင့်နေကြသည်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 36 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 45 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ