နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂမှာ NUG ငွေပေးသွင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

ဖေဖော်ဝါရီလ (၁၀)ရက်။

စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ၂၀၂၅ခုနှစ်အထိ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂကို NUG က ငွေပေးသွင်းထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“၂၀၂၁ကစပြီးတော့ ၂၀၂၅ကုန်အထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့်မဆုံးရှုံးဖို့အတွက် တော်လှန်ရေးစပြီးတဲ့ အချိန်နောက်ပိုင်းမှာ သုံးကြိမ်တိတိပေါ့နော် ကုလသမဂ္ဂကို ပေးသွင်းရမယ့် အနည်းဆုံးငွေပမာဏကို ကျနော်တို့ ပေးသွင်းခဲ့တာရှိပါတယ်”လို့ သူက PVTV ကနေတဆင့် ပြောပါတယ်။

မဲပေးခွင့်မဆုံးရှုံးဖို့ တော်လှန်ရေးစတဲ့အချိန်ကစပြီး ကုလသမဂ္ဂကို ပေးသွင်းရမယ့် အနည်းဆုံးငွေကြေးပမာဏကို (၃)ကြိမ်တိတိ နှစ်တိုင်း ပေးသွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီလို ငွေကြေးပေးသွင်းနိုင်တာကြောင့် အခုအချိန်အထိ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကုလသမဂ္ဂမှာ မဲပေးခွင့်ကို ၂၀၂၆ နှစ်ကုန်အထိ ဆက်ရရှိနေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ကုလသမဂ္ဂထံ ပေးသွင်းရတဲ့ ငွေပမာဏဟာ ကန်ဒေါ်လာ (၃)သိန်းကျော်ရှိပြီး မြန်မာနိုင်ငံအနေအထားကြောင့် အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပမာဏနည်းပါးတယ်ဆိုပေမယ့် တော်လှန်ရေးကာလဖြစ်တာကြောင့် ပေးသွင်းရတဲ့ပမာဏ များပြားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေအရ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ (၂)နှစ်ဆက်တိုက် ‌ပေးသွင်းရမယ့် အနည်းဆုံးပမာဏကို မပေးသွင်းနိုင်ရင် မဲပေးခွင့် ဆုံးရှုံးမှာဖြစ်တာကြောင့် တော်လှန်ရေးကာလမှာ မဲပေးခွင့်မဆုံးရှုံးရအောင် စဉ်းစားလုပ်ဆောင်နေတယ်လို့ ‌ထည့်သွင်းပြောဆိုထားပါတယ်။

ဒီလို မဲပေးခွင့်ရှိတာက တော်လှန်ရေးအတွက် များစွာ အထောက်အကူဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရှိဖို့ ကြိုးစားနေတဲ့အပေါ် တဖက်တလမ်းက ပိတ်ပင်တားဆီးနိုင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို