မေလ (၁၁)ရက်။
ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
နောက်ပြီး တွန်းဇံမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့ ရွာတွေက ပြည်သူတွေအနေနဲ့ အခုအချိန် ခရီးသွားတာတွေ လုံးဝမလုပ်ဖို့ အသိပေးထားပါတယ်။
ဒီလို စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ် အထူးဂရုစိုက်ကြဖို့နဲ့ တားမြစ်ချက်တွေကို အတိအကျ လိုက်နာကြဖို့ CDF-Tonzang က မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် မနေ့က တီးတိန်မြို့ကနေ အင်အား (၃၀၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်း ထွက်ခွာလာပြီး စစ်ရေးတင်းမာတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။








