မေလ (၁၂)ရက်။
မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညနေ (၆)နာရီခွဲလောက် လမိုင်းမြို့ရဲစခန်းနားမှာ ခလရ(၁၀၆)က အားကိုးရတဲ့ ဒုရင်းမှူး ထွန်းရာကျော်ကို ကျွန်တော်တို့ ရေးဘီလူးတပ်ရင်းက ဝိညဉ်အသွင် ပြောင်းပေးလိုက်တာ” လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲဟာ လမိုင်းမြို့ရဲစခန်းအနီး မီတာ (၁၀၀)အကွာမှာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ရဲ့ ခလရ(၁၀၆)တပ်ရင်းက ဒုရင်းမှူး ထွန်းရာကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သူဟာ ခလရ(၁၀၆)တပ်ရင်းမှာ အားကိုးရတဲ့သူဖြစ်ပြီး အာဏာကို အလွဲသုံးစားလုပ်ကာ ပြည်သူတွေအပေါ် အနိုင်ကျင့်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်နယ်ထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးအဆင့်ရှိတဲ့ ရာထူးကြီးတဦး အနီးကပ်ရှင်းလင်းခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ဆီကနေ ငွေကျပ်(၂)သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။








