၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်
ကျွန်မ အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင်ရရှိခဲ့တယ်၊ အဲဒါက ကျွန်မကို “သစ္စာဖောက်” လို့ ခေါ်ဆိုတာနဲ့ ပတ်သက်နေပါတယ်။ “မင်းက သစ္စာဖောက်ပဲ၊ မင်း သေထိုက်တယ်”။ “မင်းက သစ္စာဖောက်ပဲ၊ ငါတို့ မင်းကို သတ်ပစ်မယ်”။ “မင်းက သစ္စာဖောက်ပဲ”။
ဒါပေမဲ့ အဆိုးဆုံးကတော့ ကျွန်မရဲ့သားလေးအပေါ် ဆက်တိုက်ခြိမ်းခြောက် လာတာတွေပါပဲ။ ကျွန်မရဲ့ အငယ်ဆုံးလေး၊ ကျွန်မရဲ့ ရင်သွေးလေးပါ။ “ငါတို့ သူ့အသက်ကို အဆုံးစီရင်ပစ်မယ်။” “ငါတို့ သူ့ခေါင်းကို သေနတ်နဲ့ ပစ်မယ်၊ မာဂျော်ရီ သစ္စာဖောက်ဂရင်း (Marjorie Traitor Greene) ရေ” တဲ့။ ဒါနဲ့ ကျွန်မ အဲဒီသတင်းစကားတွေကို သမ္မတဆီ တိုက်ရိုက်စာပေးပို့ခဲ့ပါတယ်။ ဆူဆီဝိုင်းလ် (Susie Wiles) နဲ့ ဂျိမ်းစ်ဘလဲယား(James Blair) တို့ဆီကိုလည်း ပို့ခဲ့ပါတယ်။
ပြီးတော့ ဒုတိယသမ္မတဂျေဒီဗန့်စ်(JD Vance) နဲ့ ကက်ရှ်ပက်တဲလ်(Kash Patel) တို့ဆီကို လည်း ပို့ခဲ့ပါတယ်။ ဒီလူတွေ အကုန်လုံးဆီ ကျွန်မ ပို့ခဲ့တာပါ။ Susie Wiles ဆီက ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး၊ လုံးဝပဲ၊ သူကိုယ်တိုင်ကလည်း မိခင်တစ်ယောက်၊ အဖွားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေတာတောင်မှပေါ့။ James Blair ဆီကလည်း ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ သူက မဲဆွယ်စည်းရုံးရေးကနေ ပိုက်ဆံရဖို့ပဲ စိတ်ဝင်စားတာကိုး။
Kash Patel ဆီကတော့ အကြောင်းပြန်ကြားခဲ့တယ်၊ သူ ဒါကို ကိုင်တွယ်နေတယ်လို့ ပြောပေမဲ့ အဲဒီနောက်ပိုင်း ဘာသံမှ ထပ်မကြားရတော့ဘူး။ သူ ဘာတွေလုပ်နေလဲ ကျွန်မ မသိဘူး။ JD Vance ကတော့ ကျွန်မအပေါ် အရမ်းကောင်းပါတယ်၊ ကိုယ်ချင်းစာနာမှုရှိပြီး ကြင်နာတယ်၊ ပြီးတော့ ဘာတွေဖြစ်နေလဲဆိုတာ သိရဖို့ တတ်နိုင်သမျှ အကုန်လုပ်ပေးမယ်လို့ ကျွန်မကို အာမခံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဒေါ်နယ်ထရန့်(Donald Trump) ဆီက အကြောင်းပြန်တာကို ကျွန်မ ကြားခဲ့ရပါတယ်။ အဲဒီ စာတို (Text messages) တွေကို ကျွန်မ သိမ်းထားပါတယ်။ အဲဒါတွေ ကို လူသိရှင်ကြား ထုတ်ပြရင် ကျွန်မ ထောင်ကျရင် ကျသွားနိုင်တယ်၊ ဒါပေမဲ့ ကျွန်မ သိမ်းထားပါတယ်။ အဲဒီမှာ Donald Trump က ဒါဟာ ကျွန်မအမှားဖြစ်ပြီး ကျွန်မကဒီအဖြစ်နဲ့ ထိုက်တန်တယ်လို့ ဆက်ပြောခဲ့ပါတယ်။ တကယ်လို့ ကျွန်မသားလေး အသတ်ခံရရင်တောင် ကျွန်မက သူ့အပေါ် သစ္စာဖောက်ခဲ့လို့ ဒါဟာ ကျွန်မနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။ အဲဒါ ကျွန်မတို့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရဲ့ပြောစကားပါပဲ။ MAGA ဆိုတာ သူဖြစ်စေ ချင်တဲ့ အတိုင်းပဲလို့ ပြောနေတဲ့ လူပေါ့။
မာဂျော်ရီတေလာဂရင်းရဲ့နောက်ခံသမိုင်းအကျဥ်း
၁။ အစောပိုင်းကာလ – အမာခံထောက်ခံသူဘဝ
မာဂျော်ရီတေလာဂရင်း(MTG) ဟာ နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာချိန်ကစပြီး Trump ရဲ့ အမေရိကန်သည်သာပထမ (“ America First” )မူဝါဒကို အစွန်းရောက် ထောက်ခံသူ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်တာတွေမှာ Trump ဘက်ကနေ အပြင်းအထန် ရပ်တည်ပေးခဲ့သလို၊ Trump ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း အတွက်လည်း အားတက်သရော မဲဆွယ်ပေးခဲ့တဲ့ Trump ရဲ့ “ သစ္စာရှိ စစ်သည်တော်” တစ်ဦး ဖြစ်ခဲ့ပါတယ်။
၂။ သဘောထားကွဲလွဲမှုများ စတင်လာခြင်း (၂၀၂၅-၂၀၂၆)
၂၀၂၅ ခုနှစ်နောက်ပိုင်း Trump ရဲ့ ဒုတိယသက်တမ်းအတွင်းမှာ MTG ဟာ Trump ရဲ့ ဆုံးဖြတ်ချက်တချို့ကို စတင်ဝေဖန်လာခဲ့ပါတယ် –
- ပြည်ပစစ်ပွဲများ (Iran War): အီရန်နိုင်ငံအပေါ် Trump ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေဟာ “ America First” မူဝါဒကို သစ္စာဖောက်ရာရောက်တယ်လို့ သူမက စွပ်စွဲခဲ့ပါတယ်။
- စီးပွားရေး အကျပ်အတည်း။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေကို Trump က မဖြေရှင်းနိုင်ဘူးလို့ သူမက မြင်ပါတယ်။
- Epstein Files ။ဂျက်ဖရီအက်ပ်စတိန်း( Jeffrey Epstein) နဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်ဖို့ Trump ဘက်က တုံ့ဆိုင်း နေမှုကိုလည်း သူမက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။
၃။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပဋိပက္ခနှင့် နုတ်ထွက်ခြင်း
Trump က သူမကို Social Media ပေါ်မှာ “ Wacky Marjorie” (လူကြောင်မ) ဒါမှမဟုတ် “ Marjorie Taylor Brown” (ပုပ်သိုးနေတဲ့ မြက်ပင်ညို) စတဲ့ နာမည်ပြောင်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ Trump က သူမကို ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲမှာ ထောက်ခံမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် MTG ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ လွှတ်တော် အမတ် အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။
၄။ အမြင့်ဆုံး ပဋိပက္ခ (Texas မိန့်ခွန်း)
အခု တက္ကဆက်မိန့်ခွန်းအရ အဓိက အချက်ကတော့ “ လုံခြုံရေးနှင့် သစ္စာရှိမှု” ဖြစ်ပါတယ်။
- သူမနဲ့ သူမရဲ့ သားဖြစ်သူအပေါ် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရရှိချိန်မှာ Trump ဆီကနေ အကူအညီနဲ့ ကာကွယ်မှုကို မျှော်လင့်ခဲ့ပေမဲ့ Trump က “ ဒါဟာ သူမအမှားဖြစ်ပြီး သူမနဲ့ ထိုက်တန်တယ်” လို့ ပြောခဲ့ကြောင်း သူမက စွပ်စွဲခဲ့ပါတယ်။
- ဒီဖြစ်ရပ်က သူမကို Trump အပေါ် အပြည့်အဝ စိတ်ကုန်သွားစေပြီး Trump ဟာ နိုင်ငံကို ဦးဆောင်ဖို့ မထိုက်တန်တော့ဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်ပါတယ်။
အကျဉ်းချုပ်ရရင် – မူဝါဒပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုတွေကနေ စတင်ပြီး နောက်ပိုင်းမှာ မိသားစုအပေါ် ခြိမ်းခြောက်မှုတွေအထိ ဖြစ်လာတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ နာကျည်းမှုတွေကြောင့် MTG ဟာ Trump ရဲ့ မဟာမိတ်အဖြစ်ကနေ ဆန့်ကျင်ဘက် ရန်သူအဖြစ်သို့ ပြောင်းလဲသွား ခဲ့တာ ဖြစ်ပါတယ်။
မာဂျော်ရီတေလာဂရင်းရဲ့ တက္ကဆက်ပြည်နယ်တွင် မေလ ၃ရက်နေ့ကပြောကြားခဲ့တဲ့ မူရင်းမိန့်ခွန်း
Majorie Trylor Greene speech on Texas, US
3rd May, 2026
I started getting death threats, and it was about me being called “a traitor”. “You are a traitor; you deserve to die.” “You are a traitor; we are going to kill you”. “You are a traitor”. But it was the one that came in and they kept coming on my son. My youngest, my baby boy. “We are going to snuff out his life.” “We are going to put a bullet in his head,” Marjorie Traitor Green. So, I send those to the president, texted him directly. I also sent them to Susie Wiles and James Blair.
And I also sent them to the Vice President JD Vance and Kash Patel. I sent them to all these people. I got no response from Susie Wiles, none and she is a mother and a grandmother and a woman. I got no response from James Blair because he only cares about making money on campaigns. I di hear from Kash Patel, he said on it, but I haven’t heard from him since. I don’t know what he’s on. JD Vance was very nice to me, compassionate and kind and reassured me that he would do everything we could find out what’s going on. And then I heard back from Donald Trump. And I’ve saved these text messages. I’d probably get put in jail if I release them publicly, but I saved them. Where Donald Trump proceeded to tell me that it was my fault and that I deserve it. If my son gets killed, I deserve it, because I was a traitor to him. That is our president of the United States. That’s the man that says MAGA is whatever he wants it to be.









