နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက်

ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက် တစ်ဦးချင်းစီ၏စိတ် ခံစားချက်ကို ဦးစားပေးရန် သွေးဆောင်နေကြောင်း သတိပေးခဲ့သည်။ သို့သော် ဤသတိပေးချက်မှာ အွန်လိုင်း အသုံးပြု သူများအကြား ရေပန်းမစားခဲ့ပေ။

“ လူငယ်တွေဟာ တရုတ်နိုင်ငံရဲ့ အနာဂတ်ဖြစ်သလို ပြည်ပက ရန်လိုတဲ့ တရုတ်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ထိုးဖောက်ဝင်ရောက်မှုအတွက် အဓိကပစ်မှတ် လည်း ဖြစ်နေပါတယ်” ဟု နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ တရားဝင်အကောင့်မှ ပြီးခဲ့သည့် အပတ်က တင်ခဲ့သော ဗီဒီယိုတစ်ခုတွင် စစ်ဝတ်စုံဝတ်ထားသည့် ရုပ်ဖြောင့်ဖြောင့် လူငယ် တစ်ဦးက ပြောကြားထားသည်။

ထိုပို့စ်တွင် လူငယ်များအနေဖြင့် “ ရှုပ်ထွေးသော သဘောတရားထောင်ချောက်များ” နှင့် အလုပ်ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိဟု ဝါဒဖြန့်နေသည့် “ လှဲလျောင်းနေခြင်း” (lying flat) တနည်းသက်သာသလိုနေခြင်း ဆိုင်ရာ ပြောဆိုချက်များကို သတိထားရန် တိုက်တွန်း ထားသည်။

တရုတ်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော စီးပွားရေးလောကတွင် အလုပ်ကြိုးစားခြင်းသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သည်ဟူသော အမြင်မှာ မကြာသေးမီနှစ်များအတွင်း ပိုမိုအားကောင်းလာပြီး ယင်းကိုတန်ပင်း( “ Tang Ping” ) သို့မဟုတ် “ လှဲလျောင်းနေခြင်း” ဟူသော စကားစုဖြင့် ကိုယ်စားပြုကြသည်။

ဤစကားစုသည် ၂၀၂၁ ခုနှစ်က တရုတ်အွန်လိုင်းအချက်အလက်ရှာဖွေရေး အင်ဂျင်ကြီး ဖြစ်သည့် ဘိုင်ဒူ(Baidu) ၏ အွန်လိုင်းဖိုရမ်တစ်ခုတွင် တင်ခဲ့သော ပို့စ်တစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဖျက်ပစ် လိုက်ပြီဖြစ်သော ထိုပို့စ်ကို ရေးသားသူက လူတယောက်ဟာ တစ်သက်လုံး တိုက်ခန်းတစ်ခန်းရဖို့နှင့် ရိုးရာ မိသားစု တန်ဖိုးများနောက် လိုက်နေမည့်အစား ရိုးရှင်းသော ဘဝတစ်ခုကိုသာ ရွေးချယ် သင့်ကြောင်း အကြံပြုခဲ့သည်။ ဤအတွေးအခေါ်သည် မကြာသေးမီနှစ်များအတွင်း အလွန်ခေတ်စားလာခဲ့သည်။

တရုတ်စီးပွားရေးသည် ခေတ်မီ AI နှင့် နည်းပညာပိုင်းတွင် ထိပ်တန်းရောက်နေသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ အိမ်ခြံမြေဈေးကွက် ကျဆင်းမှုနှင့် အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲတို့ကြောင့် ထိုးနှက်ချက်များ ကြုံတွေ့နေရသည်။ ပြည်တွင်းဝယ်လိုအား အားနည်းခြင်း နှင့် ကမ္ဘာ့စီးပွားရေး အလားအလာ မသေချာခြင်းတို့ကြောင့် မတ်လတွင် ဘေဂျင်းအစိုးရ သည် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံး စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို ချမှတ် ခဲ့ရသည်။

လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားအစိုးရများနှင့် အဖွဲ့အစည်းများသည် တရုတ်နိုင်ငံအတွင်းရှိ အွန်လိုင်းဩဇာညောင်းသူ (influencers) များကို ငွေကြေးထောက်ပံ့ပြီး တရုတ်လူငယ်များအကြား လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာစေရန် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

“ သူတို့ဟာ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ဖန်တီးပြီး တစ်ဦးချင်းစီရဲ့ အခက်အခဲ တွေကို အုပ်စုလိုက် ပဋိပက္ခတွေအဖြစ် မြှင့်တင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ လူငယ်တွေ ကို မသိမသာ လမ်းမှားရောက်စေပြီး သူတို့ကိုယ်သူတို့ မသိလိုက်ဘဲ ပါသွားအောင် လုပ်ဆောင် နေတာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

“ နောက်ဆုံးမှာတော့ ဒါဟာ တရုတ်လူငယ်တွေရဲ့ အလုပ်ကြိုးစားတဲ့ စိတ်ဓာတ်ကို ပျက်ပြားစေပြီး လူမှုတန်ဖိုးတွေရဲ့ အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်စေဖို့ ရည်ရွယ်တာပါ” ဟု ပို့စ်တွင် နိဂုံးချုပ်ထားသည်။

သို့သော် ဤထုတ်ပြန်ချက်အပေါ် လူမှုမီဒီယာများတွင် ဝေဖန်မှုများ ချက်ချင်းထွက်ပေါ် လာခဲ့သည်။ အချို့သောအသုံးပြုသူများက မည်သည့်နိုင်ငံက ငွေပေးနေသည်ကို အတိအကျ ပြောရန် မေးခွန်းထုတ်ကြပြီး၊ သို့မှသာ ၎င်းတို့ကိုယ်တိုင် သွားရောက်ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ရွှဲ့ ၍ ပြောဆိုကြသည်။

“ ကျွန်တော် လှဲလျောင်းနေတာ ကြာပြီ၊ ဒီလိုကောင်းတဲ့သတင်းကို ဘာလို့ စောစောစီးစီး မပြောကြတာလဲ” ဟု ပို့စ်တစ်ခုတွင် ရေးသားထားသည်။

“ ဝိုး… နိုင်ငံခြားအင်အားစုတွေတောင် အလုပ်လုပ်ရင် ပိုက်ဆံပေးရမယ်ဆိုတာ သိကြသားပဲ” ဟု အခြားပို့စ်တစ်ခုက ဆိုသည်။ ယင်းမှာ တရုတ်နိုင်ငံရှိ ကုမ္ပဏီအချို့ စီးပွားရေးကျဆင်းချိန် တွင် လစာငွေပေးချေမှု နောက်ကျခြင်းများကို ရည်ညွှန်းခြင်းဖြစ်သည်။

Tony Blair Institute for Global Change မှ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအကြံပေး ရူဘီအော့စ်မင် (Ruby Osman) က ဤတုံ့ပြန်မှုများသည် “ အာဏာပိုင်များ နှင့် လူငယ်များ အကြား ‘လှဲလျောင်းနေခြင်း’ အပေါ် မြင်သည့်အမြင်ချင်း အလွန်ကွာဟနေသည်ကို ပြသ နေသည်” ဟု ပြောကြားခဲ့သည်။

“ လူမှုမီဒီယာအသုံးပြုသူ အများစုအတွက် ‘လှဲလျောင်းနေခြင်း’ ဆိုတာ အွန်လိုင်းဟာသ တစ်ခုလိုဖြစ်သလို၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို အမျိုးသားလုံခြုံရေးအဆင့်အထိ မြှင့်တင်ဖို့ မလိုအပ်ပါဘူး” ဟု Osman က ဆိုသည်။

တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် မကြာသေးမီနှစ်များအတွင်း ပိုမို လှုပ်ရှား လာခဲ့ပြီး WeChat ပေါ်တွင် နိုင်ငံတော်လျှို့ဝှက်ချက်များကို ရယူရန် ကြိုးပမ်းနေသည့် နိုင်ငံခြားအင်အားစုများကို သတိထားရန် ဆောင်းပါးများစွာကို ပုံမှန်တင်လေ့ရှိသည်။

ဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံခြားထောက်လှမ်းရေးများသည် မြေပုံအက်ပ်များမှသည် မိုးလေဝသစခန်းများအထိ နယ်ပယ်စုံတွင် ထိုးဖောက်ဝင်ရောက်နေသည်ဟု ဆိုသည်။ ထို့အပြင် အမေရိကန်နှင့် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီများ၏ သူလျှိုလုပ်ငန်းများဟု ဆိုသည့် အချက်အလက်များနှင့် ပြည်ပတွင် ပညာသင်ကြားနေသော သို့မဟုတ် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများကို CIA က မည်သို့စည်းရုံးခဲ့သည်ဟူသော အသေးစိတ်အချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့ဖူးသည်။

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့၊ ငါးရက်ကြာ အမျိုးသားအဆင့် မေဒေးရုံးပိတ်ရက် ပထမဆုံးနေ့တွင် ဘေဂျင်းမြို့မြောက်ဘက်ရှိ ဘာဒါလင် (Badaling) တရုတ်မဟာတံတိုင်း စောင့်ကြည့်မျှော်စင်တစ်ခုပေါ်၌ လူငယ်နှစ်ဦး ဖုန်းကြည့်နေစဉ်။ ဓာတ်ပုံ – Greg Baker/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 27 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ