နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်သူလျှိုများသည် အွန်လိုင်းအလုပ်အကိုင်ပလက်ဖောင်းများကို အသုံးပြုပြီးလူသစ် စုဆောင်းရေးလုပ်ဆောင်ရန် နေကြောင်း “Five Eyes” လုံခြုံရေးမဟာမိတ်အဖွဲ့ သတိပေး

CNN — ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်

လန်ဒန် (ရိုက်တာ) —အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည့် “Five Eyes” (မျက်လုံးငါးလုံး) မဟာမိတ်အဖွဲ့မှ လုံခြုံရေးအေဂျင်စီများသည် တရုတ်သူလျှိုများသည် လျှို့ဝှက်အချက် အလက်များကို ရယူနိုင်စွမ်းရှိသူများအား စည်းရုံးသိမ်းသွင်းရန်အတွက် အွန်လိုင်း အလုပ်အကိုင် ပလက်ဖောင်းများကို ပြင်းပြင်းထန်ထန် အသုံးပြုနေကြောင်း ဗုဒ္ဓဟူးနေ့တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

“Safeguarding Our Secrets” (ကျွန်ုပ်တို့၏ လျှို့ဝှက်ချက်များကို ကာကွယ်စောင့်ရှောက်ခြင်း) အမည်ရှိ သတင်းလွှာတွင် တရုတ်စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့များသည် အစိုးရ၊ စစ်တပ် သို့မဟုတ် လျှို့ဝှက်အချက်အလက်များကို ရယူနိုင်သည့် မည်သူ့ကိုမဆို ပစ်မှတ် ထားရန် ပရော်ဖက်ရှင်နယ် ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ ဝဘ်ဆိုက်များနှင့် အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှု အမျိုးမျိုးကို အသုံးပြုနေကြောင်း ဖော်ပြထားသည်။

“တရုတ်စစ်ဘက် ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အန္တိမရည်မှန်းချက်ကတော့ Five Eyes အဖွဲ့အပေါ် မဟာဗျူဟာမြောက်နဲ့ နည်းဗျူဟာမြောက် အသာစီးရရှိစေမယ့် ထူးခြား အခွင့်အရေးရှိတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး အချက်အလက် တွေကို ရယူဖို့ဖြစ်ပါတယ်” ဟု အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ အော်စတြေးလျနှင့် နယူးဇီလန် နိုင်ငံတို့မှ ပြည်တွင်းလုံခြုံရေးအေဂျင်စီများက ပြောကြားခဲ့သည်။

အတိတ်ကာလက မိမိတို့နိုင်ငံအလိုက် အလားတူ သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူး သော်လည်း ယခုကဲ့သို့ ပူးတွဲသတင်းလွှာ ထုတ်ပြန်ခြင်းမှာ ယခင်က တစ်ကြိမ်မျှ မရှိဖူး သေးကြောင်း ဖော်ပြကြသည်။ ပေကျင်းအစိုးရကမူ ယင်းကဲ့သို့သော သူလျှိုလုပ်မှု စွပ်စွဲချက် များကို “လုပ်ကြံဖန်တီးမှု သက်သက်နှင့် မသမာသော ရည်ရွယ်ချက်ဖြင့် သိက္ခာချခြင်း” ဟု ခေါ်ဆိုကာ အကြိမ်ကြိမ် ငြင်းဆိုထားသည်။

အဆိုပါ သတင်းလွှာတွင် Five Eyes အေဂျင်စီများက တရုတ်သူလျှိုများသည် အထူးသဖြင့် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ထောက်လှမ်းရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် တာဝန်ကျ နေသူများ အပါအဝင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို အဓိက ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဂျာနယ်လစ်များ၊ သုတေသနအဖွဲ့ (Think Tank) ဝန်ထမ်းများ သို့မဟုတ် အစိုးရ ဒေတာများကို သွယ်ဝိုက်၍ ရယူနိုင်စွမ်းရှိသူများသည်လည်း အန္တရာယ်ရှိနိုင်ခြေရှိသည်။

သူလျှိုများသည် “ပြင်းထန်သော အွန်လိုင်းအလုပ်အကိုင် ရှာဖွေရေး မဟာဗျူဟာ” ကို အသုံးပြုခဲ့ကြပြီး၊ ရွေးချယ်ခံရသူများကို “တရုတ်အစိုးရနှင့် ဆက်နွှယ်နေသည့် အမည် မဖော်လိုသော သုံးစွဲသူများအတွက်” လျှို့ဝှက်အချက်အလက်များ ပေးအပ်ရန် ဖိအား ပေးခဲ့ကြောင်း သိရသည်။

စုဆောင်းခံရသူများသည် အစီရင်ခံစာတစ်စောင်လျှင် ဒေါ်လာ ရာဂဏန်းမှ ထောင်ဂဏန်း အထိ ရရှိနိုင်ပြီး၊ ပိုမိုအရေးကြီးသည့် လျှို့ဝှက်ချက်များအတွက် ပိုမိုများပြားသော ငွေကြေး များကို ကမ်းလှမ်းခံရကြောင်း အဆိုပါ သတင်းလွှာတွင် ဖော်ပြထားသည်။

တရုတ်ထောက်လှမ်းရေးများသည် လှည့်ဖြားမှုများကို အသုံးပြု၍ လက်ရှိနှင့် ဝန်ထမ်း ဟောင်း အမေရိကန်အစိုးရဝန်ထမ်းများကို ပစ်မှတ်ထားနေကြောင်း အမေရိကန်က ယခင်က သတိပေးခဲ့ဖူးပြီး၊ ဗြိတိန်နိုင်ငံ၏ MI5 လုံခြုံရေးအေဂျင်စီကလည်း ပြီးခဲ့သည့် နိုဝင်ဘာလက လွှတ်တော်အတွင်း တရုတ်အေးဂျင့်များ သူလျှိုလုပ်ရန် ကြိုးပမ်းနေမှုကို လွှတ်တော်အမတ် များအား သတိပေးခဲ့ဖူးသည်။

(ဓာတ်ပုံ – ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ပေကျင်းမြို့ရှိ CITIC မျှော်စင်ရှေ့တွင် လေထဲ၌ လွှင့်ပျံနေသော တရုတ်နိုင်ငံတော်အလံ။ Maxim Shemetov/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို