နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း – အီရန်အဓိပတိ၏ အကြံပေးပုဂ္ဂိုလ်က ဒေါ်လာ ၂၄ ဘီလီယံကိစ္စကြောင့် ဆွေးနွေးပွဲများ ရှေ့မတိုးသာဖြစ်နေကြောင်း ပြောကြား၊ စစ်ပွဲပိုမိုကျယ်ပြန့်လာနိုင်ကြောင်း သတိပေး

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်

တီဟီရန်၊ အီရန် — အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်လာနိုင်ချေရှိသည့် ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုသည် အီရန်၏ ထိန်းချုပ်ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှု ဒေါ်လာ ၂၄ ဘီလီယံကို ပြန်လည်ထုတ်ပေးရန် ထရမ့်အစိုးရအဖွဲ့က သဘောတူ၊ မတူအပေါ်တွင် မူတည် နေကြောင်း အီရန်ထိပ်တန်းအရာရှိတစ်ဦးက သောကြာနေ့တွင် CNN သို့ ပြောကြားခဲ့ပြီး၊ အကယ်၍ အမေရိကန်က တိုက်ပွဲများကို ပြန်လည်စတင်ပါက “မှောင်မိုက်သော စင်္ကြံတစ်ခု ထဲသို့ သက်ဆင်းသွားလိမ့်မည်” ဟု သတိပေးလိုက်သည်။

“ညှိနှိုင်းမှုတွေက ရှေ့မတိုးသာတဲ့ အကျပ်အတည်းဆိုက်နေပြီး (အမေရိကန်သမ္မတ ဒေါ်နယ်) ထရမ့်အနေနဲ့ ဒီအကျပ်အတည်းကို ကျော်လွှားနိုင်အောင် လုပ်ရပါလိမ့်မယ်” ဟု အီရန်အဓိပတိ အယာတိုလာ မိုဂျာတာဘ် ခါမေနီ (Ayatollah Mojtaba Khamenei) ၏ စစ်ရေးအကြံပေး မိုဆန် ရေဇာအီ (Mohsen Rezaei) က တီဟီရန်မြို့တွင် ပြုလုပ်သည့် CNN နှင့် သီးသန့်အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။ “ဘောလုံးက ထရမ့်ကွင်းထဲမှာပဲ ရှိပါသေးတယ်။”

အီရန်နိုင်ငံသည် အမေရိကန်နှင့် ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် တစ်ပြိုင်နက် ပိတ်ဆို့ခံထားရသော ရန်ပုံငွေများထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်း ထုတ်ပေးရန်နှင့် ကျန်ရှိသော ၁၂ ဘီလီယံကို နောက်ပိုင်းအဆင့်တွင် ထုတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

အမေရိကန်အရာရှိများကမူ ယခုအဆင့်တွင် ရန်ပုံငွေများကို ပြန်လည်ဖွင့်ပေးခြင်းသည် အီရန်အစိုးရအပေါ် ကိုင်တွယ်ထားသည့် အဓိကအသာစီးရမှု (leverage point) တစ်ခုကို ဆုံးရှုံးသွားစေနိုင်သည်ဟု စိုးရိမ်နေကြသည်။ ထရမ့်က မည်သည့်သဘောတူညီချက်မဆို ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော နျူကလီးယားသဘောတူညီချက်ထက် များစွာ ပိုမိုခိုင်မာ တောင့်တင်းရမည်ဟု တောင်းဆိုထားပြီး၊ ထိုစဉ်က သမ္မတ ဘာရက်အိုဘားမား၏ တီဟီရန်အစိုးရအား ငွေကြေးလျော်ကြေးပေးရန် ဆုံးဖြတ်ချက်ကို ဝေဖန်ရာတွင် ၎င်းသုံးနှုန်းလေ့ရှိသည့် “ငွေစက္ကူထုပ်ကြီးများ လက်ဆင့်ကမ်းခြင်း” ဟု အဓိပ္ပာယ် သက်ရောက် စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားရန် ဆန္ဒရှိနေသည်။

CNN နှင့် ခဲခဲယဉ်းယဉ်း ပြုလုပ်ခဲ့ရသော ဤအင်တာဗျူးတွင် ရေဇာအီသည် နိုင်ငံ၏ စစ်ပြီးခေတ်မျှော်မှန်းချက်၊ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၏ ကံကြမ္မာနှင့် အကယ်၍ အီရန် ထပ်မံတိုက်ခိုက်ခံရပါက မည်သို့တုံ့ပြန်မည်ဆိုသည့်အပေါ် အီရန်၏ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချမှတ်သူများအကြား တွေးခေါ်ယူဆပုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်များသည် အလေးအနက်ထားစရာ ဖြစ်သည်၊ အကြောင်းမှာ ၎င်းသည် အီရန်၏ လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးကပ်စွာ ဆက်နွှယ်နေဆဲဖြစ်ပြီး လက်ရှိ အဓိပတိနှင့်လည်း ရင်းနှီးသူအဖြစ် လူသိများသောကြောင့် ဖြစ်သည်။ အဆိုပါအဓိပတိသည် စစ်ပွဲပထမဆုံးနေ့တွင် ၎င်း၏ဖခင် သေဆုံးခဲ့ရသည့် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီးကတည်းက လူထုရှေ့မှောက်သို့ ထွက်ပေါ် လာခြင်း မရှိသေးပေ။

ရေဇာအီ ပြောကြားခဲ့သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

ထိန်းချုပ်ပိတ်ဆို့ခံထားရသော အီရန်ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရေး။ ၎င်းက ဤတောင်းဆိုချက်ကို ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် ပုံဖော်ခဲ့ပြီး၊ ထရမ့်အစိုးရအဖွဲ့က ရန်ပုံငွေများကို ပြန်လည်ထုတ်ပေးနိုင်ခြေသည် အီရန်နှင့် အမေရိကန် တို့၏ အနာဂတ်အတွက် “မိုးကုတ်စက်ဝိုင်းအသစ်တစ်ခု” ဖြစ်လာလိမ့်မည်ဟု ပြောကြား ခဲ့သည်။ “အကယ်၍ သူ (ထရမ့်) က အီရန်နဲ့ သဘောတူညီချက်တစ်ခု ရယူချင်တယ်ဆိုရင် ဒီဒေါ်လာ ၂၄ ဘီလီယံဟာ အီရန်က ထရမ့်အပေါ် ထားရှိချင်တဲ့ ယုံကြည်မှုအတွက် စာမေးပွဲ တစ်ခုပါပဲ – ဒါဟာ အမေရိကန်အနေနဲ့ အောင်မြင်အောင် ဖြေဆိုရမယ့် စာမေးပွဲဖြစ်ပြီး လမ်းပွင့်သွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ “ဒါက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ငွေတွေပါ၊ အမေရိကန်ရဲ့ ငွေတွေမဟုတ်ပါဘူး။”

စစ်ပွဲသို့ ပြန်လည်ဦးတည်ခြင်းအပေါ် သတိပေးချက်။ အကယ်၍ အမေရိကန်က ပဋိပက္ခကို ပြန်လည်စတင်ပါက အီရန်သည် စစ်ပွဲကို ပါရှန်းကွေ့အလွန်အထိ “ဆွဲဆန့်သွားမည်” ဖြစ်ပြီး၊ စစ်ရေးလှုပ်ရှားမှုများကို ဟော်မုဇ်ရေလက်ကြားမှသည် အိန္ဒိယသမုဒ္ဒရာ၊ ဘက်ဗ်အယ်လ် မန်ဒက်ရေလက်ကြား (Bab al-Mandab Strait)၊ ပင်လယ်နီနှင့် မြေထဲပင်လယ်တို့အထိ တိုးချဲ့သွားနိုင်ကြောင်း ရေဇာအီက သတိပေးခဲ့သည်။ “ကျွန်တော်တို့ အခုထက်ထိ တိုက်ခိုက် နေတဲ့ တခြားအမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခြင်းအားဖြင့် စစ်ပွဲကို အသွင်သဏ္ဌာန် အသစ်တစ်ခု ဖော်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး “ဒါပေမဲ့ စစ်ဖြစ်ပွားနိုင်ခြေကတော့ နည်းပါးပါတယ်” ဟု ဖြည့်စွက်ပြောဆိုသည်။

ထရမ့်နှင့် ခါမေနီတို့အကြား တွေ့ဆုံနိုင်ခြေအပေါ်။ ခါမေနီ၏ ကျန်းမာရေးအခြေအနေနှင့် နိုင်ငံ၏ ဆုံးဖြတ်ချက်ချမှတ်မှုကဏ္ဍတွင် ၎င်း၏ပါဝင်မှုတို့နှင့်ပတ်သက်သည့် မေးခွန်းကို ၎င်းက ပြန်လည်ဖြေကြားခြင်းမရှိသော်လည်း ထရမ့်နှင့် တွေ့ဆုံမည့် အလားအလာကိုမူ ပယ်ချခဲ့သည်။ “ဒါက ဖြစ်လာမှာမဟုတ်ပါဘူး၊ အခုလောလောဆယ် ကျွန်တော်တို့က ညှိနှိုင်းမှုရဲ့ ပထမအဆင့်မှာပဲ ရှိသေးပြီး မစ္စတာထရမ့်က ညှိနှိုင်းမှုတွေကို ရပ်တန့်သွားအောင် လုပ်ခဲ့တာပါ။ ဒါက ဖြစ်လာမှာမဟုတ်ဘူး” ဟု ဆိုသည်။ ယခုသီတင်းပတ်အတွင်း ထရမ့်က ၎င်းနှင့် ခါမေနီတို့သည် “အဆင်ပြေပြေ ရှိနေပုံရသည်” ဟု ပြောကြားခဲ့ပြီး ၎င်းနှင့် တွေ့ဆုံခွင့် ရပါက “ဂုဏ်ယူမိမည်” ဟု ပြောဆိုခဲ့သည်။

ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း ထပ်လောင်း ပြောဆိုချက်။

ရေဇာအီက အီရန်နှင့် အိုမန်တို့သည် စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် ငါးပုံတစ်ပုံ ဖြတ်သန်းသယ်ယူရာ အဓိကရေလမ်းကြောင်းအပေါ် အချုပ်အခြာအာဏာ ပိုင်ဆိုင်ထားပြီး၊ ထို့ကြောင့် ၎င်းကို အတူတကွ ပူးတွဲစီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ရေလက်ကြားတွင် သင်္ဘောများ ဖြတ်သန်းခတောင်းဆိုမှုကို ဖြတ်သန်းခွန် (toll) ဟု သုံးနှုန်းခြင်းကို ရှောင်ကြဉ်ခဲ့ပြီး၊ အီရန်အနေဖြင့် ရေလက်ကြား စီမံခန့်ခွဲမှု ကုန်ကျစရိတ်ကို တစ်ဦးတည်း မထမ်းဆောင်သင့်သဖြင့် ပြုပြင်ထိန်းသိမ်းခအဖြစ် ကောက်ခံခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ဝါရင့်အစုအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရေဇာအီသည် အီရန်-အီရတ်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ထိုတပ်ဖွဲ့ကို ဦးဆောင်ခဲ့ကာ၊ တပ်ဖွဲ့အား အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ သြဇာအရှိဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် ပုံဖော်ပေးခဲ့သူဖြစ်သည်။ အီရန်၏ လုံခြုံရေးအသိုင်းအဝိုင်းတွင် နက်ရှိုင်းစွာ အခြေစိုက်ထားသည့် လက်တွေ့ကျသော သဘောထားတင်းမာသူတစ်ဦးဖြစ်သည့် ၎င်းသည် နောက်ပိုင်းတွင် အဓိပတိကို အကြံပေးရသည့် Expediency Council သို့ ဝင်ရောက်ခဲ့ပြီး သမ္မတဟောင်း အီဘရာဟင် ရိုင်စီ (Ebrahim Raisi) လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရေဇာအီသည် သမ္မတရွေးကောက်ပွဲတွင် လေးကြိမ်တိုင်တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း တစ်ကြိမ်မျှ အနိုင်မရရှိခဲ့ပေ။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စတင်ခဲ့သည့် အီရန်အပေါ် ရက်ပေါင်း ၄၀ ကြာ အမေရိကန်-အစ္စရေးစစ်ပွဲအတွင်း အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ဒေသတွင်းရှိ ၁၂ နိုင်ငံကို ပစ်မှတ်ထားကာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် အရပ်ဘက် နေရာများကို တိုက်ခိုက်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။ တီဟီရန်သည် ၎င်း၏ လက်လှမ်းမီမှုကို ပြသသည့်အနေဖြင့် အီရန်နိုင်ငံမှ မိုင်ပေါင်း ၂,၀၀၀ ခန့်အကွာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အမေရိကန်-ဗြိတိန် ပူးတွဲစစ်အခြေစိုက်စခန်းဖြစ်သော ဒီယေဂိုဂါးရှီးယား (Diego Garcia) ဘက်သို့လည်း ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

CNN နှင့် အင်တာဗျူးတွင် ၎င်းက ထရမ့်သည် ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘော တူညီချက်မှ နုတ်ထွက်ခဲ့ခြင်းနှင့် ဆွေးနွေးပွဲများတွင် ၎င်း၏ “မရေရာမသေချာမှု” ဖန်တီးသည့် မဟာဗျူဟာကို ထောက်ပြကာ ထရမ့်နှင့် ရရှိမည့် နျူကလီးယား သဘောတူညီချက်၏ ရေရှည်ခိုင်မြဲမှု အပေါ် သံသယပွားမိကြောင်း ပြောကြားခဲ့သည်။

အကယ်၍ ဆွေးနွေးပွဲများ ပျက်ပြားသွားပါက အမေရိကန်၏ ကျူးကျော်ဝင်ရောက် လာနိုင် ခြေ အတွက် အီရန်က အသင့်ပြင်ဆင်ထားကြောင်း ရေဇာအီက ဆိုသည်။ “အဲဒီအခါကျရင် ကမ္ဘာကြီးက အီရန်ရဲ့ စွမ်းဆောင်ရည်အစစ်အမှန်ကို သိရှိသွားပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကြည်းတပ်အင်အားက ဒုံးကျည်အင်အားထက် အဆပေါင်းများစွာ ပိုမိုကြီးမား လို့ပါပဲ” ဟု ဆိုသည်။

၎င်းက လက်ရှိစစ်ပွဲကို အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ ၄၇ နှစ်တာ သမိုင်းကြောင်းတစ်လျှောက် ရန်သူများအပေါ် အီရန်၏ ပထမဆုံးသော အောင်ပွဲအဖြစ် ပုံဖော်ခဲ့သည်။

“ဒါဟာ အီရန်အနေနဲ့ စစ်ပွဲတွေမှာ အောင်ပွဲခံပြီး ထွက်ပေါ်လာတာ ပထမဆုံး အကြိမ်ဖြစ် ပါတယ်၊ အရင်စစ်ပွဲတွေတုန်းကတော့ အီရန်ဟာ အမြဲတမ်း အရှုံးပေးခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အီရန်အဓိပတိ အယာတိုလာ မိုဂျာတာဘ် ခါမေနီ (Ayatollah Mojtaba Khamenei) ၏ စစ်ရေးအကြံပေး မိုဆန် ရေဇာအီ (Mohsen Rezaei) က တီဟီရန်မြို့တွင် ပြုလုပ်သည့် CNN နှင့် သီးသန့်အင်တာဗျူးနေစဥ် (ပုံ)

(ဓာတ်ပုံစာညွှန်း – ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့ တီဟီရန်မြို့ လမ်းမတစ်ခုတွင် အမျိုးသမီးများက အီရန်၏ လက်ရှိအဓိပတိ အယာတိုလာ မိုဂျာတာဘ် ခါမေနီ၏ ပုံတူပိုစတာရှေ့မှ ဖြတ်သန်းလမ်းလျှောက်နေစဉ်။ AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက