နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန်က ဧပြီလအပစ်အခတ်ရပ်စဲရေးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးနိုင်ငံထဲသို့ ဒုံးကျည်လှိုင်းများဖြင့် ပစ်ခတ်သတင်းရင်းမြစ်များ၏အဆိုအရ ထရမ့်သည် နေတန်ယာဟုနှင့် စကားပြောဆိုခဲ့ပြီး အီရန်ကို နောက်ဆုတ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်

အီရန်က အစ္စရေးနိုင်ငံသို့ ဘာလစ်စတစ်ဒုံးကျည်များဖြင့် ပစ်ခတ်လိုက်ပြီးနောက် အစ္စရေးနိုင်ငံရေးသမားအချို့က ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဝေဖန်ခဲ့ကြပြီး အီရန်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် တောင်းဆိုခဲ့ကြသည်။

လာမည့်ရွေးကောက်ပွဲတွင် နေတန်ယာဟုကို စိန်ခေါ်မည့် ဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီ ဘန်းနက်တ်ကမူ ယခုအချိန်ကို “အမှန်တရားပေါ်ပေါက်မည့် အချိန်အခါ” ဟု ခေါ်ဆိုခဲ့သည်။ X လူမှုကွန်ရက်ပေါ်ရှိ ထုတ်ပြန်ချက်တစ်ခုတွင် ဘန်းနက်တ်က အစ္စရေးသည် “မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ” ဖြစ်ကြောင်း ပြသရမည်ဟု ပြောကြား ခဲ့သည်။
“အစ္စရေးအနေနဲ့ ပြင်းပြင်းထန်ထန်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်ရပါမယ်” ဟု ဘန်းနက်တ်က ဆိုသည်။ ၎င်း၏ ထုတ်ပြန်ချက်သည် ဘာလစ်စတစ်ဒုံးကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်မှုအပေါ် အစ္စရေး၏ လက်တုံ့ပြန်မှုကို သမ္မတ ဒေါ်နယ်ထရမ့်က ခွင့်ပြုမည်မဟုတ်ဟူသော သတင်းများထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လက်ယာစွန်းရောက် အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာက X ပေါ်ရှိ ၎င်း၏ တိုတောင်းသော ထုတ်ပြန်ချက်တွင် “ဒီည တီဟီရန်မြို့ ပြာကျရမယ်” ဟု ပြောကြားခဲ့သည်။ အီရန်ဒုံးကျည်များ ဝင်ရောက်လာနိုင်ကြောင်း ပထမဆုံးအကြိမ် သတိပေးချက်များ ထွက်ပေါ် လာပြီး မကြာမီမှာပင် ထုတ်ပြန်ချက်ထုတ်ခဲ့သည့် အစိုးရဝန်ကြီး အနည်းငယ်ထဲတွင် ဘန်ဂါဗီယာသည် တစ်ဦးအပါအဝင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လက်ဝဲယိမ်း ဒီမိုကရက်ပါတီ၏ အကြီးအကဲ ယာအီ ဂိုလန်က အစ္စရေး၏ ရန်သူများသည် “နေတန်ယာဟုသည် အားနည်းပြီး ကျရှုံးနေသော ခေါင်းဆောင် တစ်ဦး” ဖြစ်သည်ကို သိရှိသွားကြပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂိုလန်က နေတန်ယာဟု ခေါင်းဆောင်သည့် အစိုးရသည် “အစ္စရေးကို နောက်ထပ်စစ်ပွဲတစ်ခုထဲသို့ ဆွဲသွင်းရန် လုပ်ပိုင်ခွင့် အာဏာ” မရှိကြောင်း ပြောဆိုခဲ့သည်။ လာမည့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခုအစိုးရကို မဲပေးဖြုတ်ချကြရန် ၎င်းက မဲဆန္ဒရှင်များကို တိုက်တွန်းခဲ့သည်။

တနင်္ဂနွေနေ့က အစ္စရေးနိုင်ငံမြောက်ပိုင်းတွင် အီရန်နိုင်ငံဘက်မှ အစ္စရေးနိုင်ငံသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီးနောက် အစ္စရေးလုံခြုံရေးနှင့် ကယ်ဆယ်ရေးသမားများကကျလာသည့် ဒုံးကျည် အစိတ်အပိုင်းတစ်ခုအနီးတွင် အလုပ်လုပ်နေကြစဉ်။(ဓာတ်ပုံ – ရှာ တိုရန်/ရိုက်တာ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ဇလန်းစကီး၏ လူချင်းတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ပူတင် ပယ်ချ၊ ‘အကြောင်းမထူး’ ဟုဆို

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ၏ လူချင်းတိုက်ရိုက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အီရန်

အထူးသတင်း- အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အီရန်က မိမိနိုင်ငံကို အကျိုးအမြတ်အတွက် ခုတုံးလုပ်နေသည်ဟု လက်ဘနွန်သမ္မတ စွပ်စွဲ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန် (Joseph Aoun) က သောကြာနေ့တွင် အီရန်နိုင်ငံအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော
နိုင်ငံတကာသတင်း အမေရိကန်

ယူအက်စ် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်ခေါင်းဆောင်များအကြား တင်းမာမှုများဖြစ်ပေါ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၉ရက် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဂ်ဆက်သ် (Pete Hegseth) သည် တပ်မတော်အတွင်း သံသယ စိတ်ကြီးမားမှု၊ သတင်းအချက်အလက် ထိန်းချုပ်မှုများနှင့် အဆင်ခြင်မဲ့ ရာထူးမှထုတ်ပယ်မှု များကြောင့် ပင်တဂွန် (Pentagon) စစ်ဌာနချုပ်အတွင်း စိုးရိမ်ထိတ်လန့်မှုနှင့်
နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိမ်ဂျယ်လစ်မြို့ကြီးကို သနပ်ခါးလိမ်းပေးခြင်း

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် Aljazeera သတင်း- လော့စ်အိမ်ဂျယ်လစ်မြို့ကြီးတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည် ဖြစ်သည့်အတွက် မြို့တော်တွင်းရှိ အိမ်မဲ့ယာမဲ့များကို ရွေ့ပြောင်း နေရာချထားမှုများကို အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပြီး တယောက်နေ လူနေအခန်းငယ်လေးများကို ဆောက်လုပ်ပြီး အိမ်မဲ့ယာမဲ့များကို နေရာချထားပေးလျက်ရှိသည်။
နိုင်ငံတကာသတင်း ဖိလစ်ပိုင် အရှေ့တောင်အာရှ

ဖိလစ်ပိုင်တွင် ပြင်းအားပြင်းငလျင်လှုပ်ခတ်၊ အာရှတစ်လွှား ဆူနာမီသတိပေးချက်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
Aljazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် ဖိလစ်ပိုင်- မင်ဒါနာအိုကျွန်းအလွန်တွင် ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး

အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီး ရက်ပိုင်းအကြာတွင် အစ္စရေးက ဘေရွတ်ဆင်ခြေဖုံးရပ်ကွက်ကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
ဂျွန် ဆဒ်ဝပ်သ် နှင့် ဆာမန်သာ ဂရန်ဗီးလ် ရေးသားသည်။ ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် ဘေရွတ်မြို့ – လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အမေရိကန်

မဲမသမာမှုလုပ်ရပ်ဟူသော ပြောဆိုချက်အပေါ် အငြင်းပွားပြီးနောက် ထရမ့်က (NBC)နှင့် အင်တာဗျူးကို ရုတ်တရက် အဆုံးသတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 9 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပြောဆိုချက်အချို့အပေါ် အစီအစဉ် တင်ဆက်သူ ခရစ္စတင် ဝဲလ်ကာ (Kristen Welker) က အကြိမ်ကြိမ် မေးခွန်းထုတ်