နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရတ် အီရန်

အီရန်က ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်၊ လက်ရှိသိရှိထားသမျှ အခြေအနေများမော်ရင်း ချောင်ဒရီ (Maureen Chowdhury) ရေးသားသည်။

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၈ရက်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကို အဆုံးသတ်နိုင်မည့် သဘောတူညီချက် တစ်ခု ရရှိရေးအတွက် ရက်သတ္တပတ်ပေါင်းများစွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်၊ အီရန်နိုင်ငံ တီဟီရန်အစိုးရသည် ဧပြီလအစောပိုင်း အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း အစ္စရေးကို ပစ်မှတ်ထားသည့် ပထမဆုံးအကြိမ် ဒုံးကျည်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ရာ တင်းမာမှုများ တကျော့ပြန် မြင့်တက်လာခဲ့သည်။

အစ္စရေးစစ်တပ်က ၎င်းတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် အနည်းဆုံး သုံးကြိမ် တိုင်တိုင် လှိုင်းလုံးဗျူဟာဖြင့် ပစ်ခတ်လာသော ဒုံးကျည်များကို ကြားဖြတ်ဟန့်တား နိုင်ခဲ့ ကြောင်း ပြောကြားခဲ့ပြီး၊ သတင်းရင်းမြစ်တစ်ခု၏အဆိုအရ အနည်းဆုံး ဘာလစ်စတစ် ဒုံးကျည် ၁၀ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ အစ္စရေးသတင်းရင်းမြစ်များက စီအန်အန်သို့ ပြောကြားရာတွင် အစ္စရေးအနေဖြင့် ယခုတိုက်ခိုက်မှုအပေါ် “ပြင်းထန်သော” တုံ့ပြန်မှုတစ်ခု ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

အီရန်အစိုးရပိုင် Press TV ၏ ဖော်ပြချက်အရ အီရန်သည် ယခုတိုက်ခိုက်မှုများကို လေဘာနွန်နိုင်ငံရှိ ဟစ်ဇဘိုလာအဖွဲ့အပေါ် အစ္စရေး၏ စစ်ရေးထိုးစစ်များနှင့် ချိတ်ဆက် ပြောဆိုထားပြီး၊ အကယ်၍ အစ္စရေးအနေဖြင့် လေဘာနွန်တောင်ပိုင်းနှင့် ဘေရွတ်မြို့ကို ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက အစ္စရေးအပေါ် “ပိုမိုပြင်းထန်သော” တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု သတိပေးထားသည်။

လက်ရှိအချိန်အထိ သိရှိထားသမျှ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။
• အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးမြောက်ပိုင်းရှိ ရာမတ်ဒေးဗစ် (Ramat David) လေတပ်အခြေစိုက်စခန်းကို ဘာလစ်စတစ် ဒုံးကျည် များဖြင့် ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ် ကမူ ကနဦးတွင် အီရန်၏ အနည်းဆုံး သုံးကြိမ်တိုင်တိုင် ပစ်ခတ်မှုမှ ဒုံးကျည်အားလုံး ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း၊ စီအန်အန်၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားရာတွင် ၎င်းတို့၏ ကနဦးထုတ်ပြန်ချက်အပြီး၌လည်း တိုက်ခိုက်မှုမှာ ဆက်လက်ဖြစ်ပွားခဲ့သဖြင့် အဆိုပါ လေတပ်စခန်း ထိမှန်ခြင်း ရှိ၊ မရှိ ဆိုသည်နှင့် ပတ်သက်၍ လတ်တလောတွင် သတင်းအချက်အလက် မပေးနိုင်သေး ကြောင်း ပြောဆိုခဲ့သည်။

• အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဖောက်စ်နယူးစ် (Fox News) သို့ ပြောကြား ရာတွင် ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အီရန်အနေဖြင့် “ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်လာပြီး သဘောတူညီချက်တစ်ခု ရအောင်လုပ်ဖို့” လိုအပ်ကြောင်း ပြောခဲ့သည်။ ဆက်လက်၍ ၎င်းက “ဒါဟာ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် သေချာ ပေါက် အထောက်အကူဖြစ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

• ထို့ပြင် ထရမ့်က ၎င်းအနေဖြင့် အစောပိုင်းက ဘေရွတ်မြို့၌ ဖြစ်ပွားခဲ့သော အစ္စရေး ၏ တိုက်ခိုက်မှုအပေါ် “သဘောမကျကြောင်း” Fox သတင်းသို့ ပြောကြားခဲ့သည်။ အစ္စရေးသတင်းရင်းမြစ်တစ်ခုနှင့် ထိုဖုန်းခေါ်ဆိုမှုကို သိရှိနားလည်သူတစ်ဦး၏ အဆိုအရ အီရန်၏ တိုက်ခိုက်မှုများအပြီးတွင် ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အမေရိကန် သမ္မတသည် ထိုသို့မဆွေးနွေးမီ Axios သတင်းဌာနသို့ ပြောကြားရာတွင် ၎င်းအနေ ဖြင့် လက်တုံ့မပြန်ရန် နေတန်ယာဟုကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

• အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒီဖရင် (Effie Defrin) က အီရန်၏ ဒုံးကျည်ဖြင့် အဆက်မပြတ်ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများကို “ပိုမိုပြင်းထန်အောင်” လုပ်ဆောင်သွား မည်ဟု ပြောကြားခဲ့သည်။

• အစ္စရေး၏ အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖွဲ့ ဖြစ်သည့် Clalit Health Services ၏ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ ဆေးရုံလုပ်ငန်း ဆောင်ရွက်မှု များကို “မြေအောက်အဆောက်အအုံများနှင့် ဘေးကင်းလုံခြုံသော နေရာများ” သို့ ပြောင်းရွှေ့နေကြောင်း သိရသည်။

• အစ္စရေးအစိုးရ ကလည်း တနင်္လာနေ့တွင် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အစ္စရေးပြည်တွင်းလုံခြုံရေးတပ်မှူးအဖွဲ့ (Home Front Command) က ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများအနီးတွင်သာ နေထိုင်ကြရန် ညွှန်ကြားထားသည်။

• အီရတ်နိုင်ငံ လေကြောင်းအရပ်ဘက်အာဏာပိုင်အဖွဲ့၏အဆိုအရ လာမည့် ၇၂ နာရီ ကြာ စစ်ဆေးရန်အတွက် ၎င်းတို့၏ လေကြောင်းပိုင်နက်ကို ပိတ်လိုက်ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ လေကြောင်းတာဝန်ရှိသူများကလည်း တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ ၁၂ နာရီကြာ လေကြောင်းပိုင်နက် ပိတ်သိမ်း ကြောင်း ကြေညာခဲ့သည်။

တနင်္ဂနွေနေ့က အစ္စရေးနိုင်ငံသို့ ဒုံးကျည်များ ပစ်ခတ်ခဲ့သည့် အခိုက်အတန့်ကို ပြသသည့် ဗီဒီယိုကို အီရန်နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ခဲ့သည်။ IRNA(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက