နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မဲမသမာမှုလုပ်ရပ်ဟူသော ပြောဆိုချက်အပေါ် အငြင်းပွားပြီးနောက် ထရမ့်က (NBC)နှင့် အင်တာဗျူးကို ရုတ်တရက် အဆုံးသတ်ခဲ့

BBC – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပြောဆိုချက်အချို့အပေါ် အစီအစဉ် တင်ဆက်သူ ခရစ္စတင် ဝဲလ်ကာ (Kristen Welker) က အကြိမ်ကြိမ် မေးခွန်းထုတ် စိန်ခေါ်ခဲ့ပြီးနောက် အန်ဘီစီ (NBC) နှင့် ပြုလုပ်နေသော အင်တာဗျူးတစ်ခုမှ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့သည့် သတင်းဌာနနှင့်တွေ့ဆုံခြင်း(Meet The Press) အစီအစဉ် အင်တာဗျူးအတွင်း သမ္မတက လက်ရှိ ကာလီဖိုးနီးယားပြည်နယ်၏ အကြိုမဲပေးပွဲများနှင့် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ နှစ်ခုစလုံးသည် “မဲမသမာမှုများ ရှိခဲ့သည်” ဟု ပြောကြားခဲ့သည်။

ဝဲလ်ကာက ကာလီဖိုးနီးယားပြည်နယ် မဲပေးပွဲနှင့် ပတ်သက်၍ သက်သေအထောက်အထား ပြရန် ဖိအားပေးမေးမြန်းသောအခါ ၎င်းက “ကျွန်တော် လုပ်ရမှာက ကြည့်ဖို့နဲ့ နားထောင်ဖို့ပဲ” ဟု ပြောခဲ့သည်။
တင်ဆက်သူက “အဲဒါဟာ သက်သေမဟုတ်ပါဘူး” ဟု ပြန်လည်တုံ့ပြန်ပြီးနောက် ထရမ့်က မီဒီယာများသည် “မရိုးသားကြဘူး” ဟု စွပ်စွဲခဲ့ပြီး “စိတ်မကောင်းပါဘူး၊ တော်ကြရအောင်၊ ကျွန်တော် တော်တော်ငြီးငွေ့နေပြီ” ဟု ဆိုကာ အင်တာဗျူးကို အဆုံးသတ်ခဲ့သည်။
သမ္မတသည် ရိုးရာသတင်းမီဒီယာများနှင့် တင်းမာသော ဆက်ဆံရေး ရှိနေခဲ့ပြီး ၎င်းတို့သည် မိမိနှင့်ဆက်ဆံရေးအပေါ် ဘက်လိုက်မှုရှိကြောင်း မကြာခဏ စွပ်စွဲလေ့ရှိသည်။

ထရမ့်သည် ဝစ္စကွန်ဆင်ပြည်နယ်ရှိ လယ်သမားများနှင့်အတူ ပြုလုပ်သည့် ပွဲတစ်ခုတွင် ပါဝင်စဉ် စပါးကျီတစ်ခုအတွင်း ပြုလုပ်ခဲ့သော အဆိုပါ အင်တာဗျူးသည် နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲများနှင့် သွပ်အမိုးပေါ်သို့ မိုးရွာချမှုတို့ကြောင့်အသံများဆူညံနေခဲ့ပြီး အကြိမ်ကြိမ် ကြန့်ကြာ ခဲ့ရသည်။ ပြီးခဲ့သည့် သောကြာနေ့က အင်တာဗျူးအတွက် ထိုင်ပြီး မိနစ် ၅၀ အကြာတွင် ထရမ့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း အန်ဘီစီက ဖော်ပြခဲ့သည်။

အင်တာဗျူး၏ အဓိကအပိုင်းတွင် ဝဲလ်ကာက ထရမ့်ကို အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေးမြန်းခဲ့ပြီး ထရမ့်ကမူ အီရန်အနေဖြင့် နျူကလီးယား လက်နက် မရရှိစေရန် အမေရိကန်က တားဆီးလုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းမှာ “အဆုံးမရှိသည့် စစ်ပွဲ” ဖြစ်လာမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အဲဒီမှာ လအနည်းငယ်ပဲ ရှိမှာဖြစ်ပြီး ခြိမ်းခြောက်မှုကတော့ အဓိကအားဖြင့် ပြီးဆုံးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

၎င်း စတူဒီယိုအတွင်းမှ မထွက်ခွာမီ ခြောက်မိနစ်ခန့်အလိုတွင် ၎င်းတို့နှစ်ဦးသည် အစိုးရ၏ မတရားပစ်မှတ်ထားခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ခံခဲ့ရသည်ဟု ဆိုသူများကို လျော်ကြေးပေးရန်အတွက် ဒေါ်လာ ၁.၈ ဘီလီယံ (ပေါင် ၁.၃ ဘီလီယံ) ရန်ပုံငွေ ထူထောင်မည့်၊ ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော “လက်နက်သဖွယ်အသုံးချမှု ဆန့်ကျင်ရေး” ရန်ပုံငွေအကြောင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစီအစဉ်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန် လွှတ်တော် အဆောက် အအုံ ရုန်းရင်းဆန်ခတ်မှုအတွင်း တရားစွဲဆိုခံထားရသူများကို ငွေကြေးပေးအပ်ရာ ရောက်နိုင် သည်ဟု အကြောင်းပြချက်ဖြင့် ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်အချို့၏ ပြင်းထန်သော ဝေဖန်မှုကို ခံခဲ့ရသည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် အဆိုပါ ရုန်းရင်းဆန်ခတ်မှုအကြောင်း ဆက်လက်ဆွေးနွေး ခဲ့ကြပြီး တွက်ဆချက်သက်သက်သာဖြစ်သော ၂၀၂၀ ရွေးကောက်ပွဲ မသမာမှုအကြောင်း ထရမ့်က ထပ်လောင်းပြောဆိုပြီးနောက် မေးခွန်းထုတ်ခံခဲ့ရသည်။

ထရမ့်သည် ကာလီဖိုးနီးယား အကြိုရွေးကောက်ပွဲများဘက်သို့ လှည့်သွားခဲ့ပြီး၊ ထိုပြည်နယ် တွင် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မဲလက်မှတ်၌ ပါဝင်မည့် ပြည်နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ပြိုင်ပွဲများအတွက် မည်သည့် ကိုယ်စားလှယ်လောင်း နှစ်ဦးထဲမှတဦး အနိုင်ရမည် ကို ဆုံးဖြတ်ရန် မဲများကို ဆက်လက်ရေတွက်နေဆဲဖြစ်သည်။
၎င်းက လေးရက်ကြာသည့်တိုင် ရလဒ်များကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့ပြီး “သူတို့ ရွေးကောက်ပွဲမှာ လိမ်လည်နေကြတာ” ဟု ထည့်သွင်းပြောဆိုခဲ့သည်။
“အဲဒါကို ထောက်ခံဖို့ သင့်မှာ သက်သေရှိပါသလား” ဟု ဝဲလ်ကာက ပြန်လည်မေးမြန်း ခဲ့သည်။
“ကျွန်တော် လုပ်ရမှာက ကြည့်ဖို့နဲ့ နားထောင်ဖို့ပဲ” ဟု သမ္မတက ပြန်လည်ဖြေကြားခဲ့သည်။
“ဒါပေမဲ့ အဲဒါက သက်သေအထောက်အထားမဟုတ်ပါဘူး” ဟု သူမက ကြားဖြတ် ပြောခဲ့ သည်။

အထူးသဖြင့် စေ့စပ်သေချာသော မဲရေတွက်မှုလုပ်ငန်းစဉ်နှင့် စာတိုက်မှတစ်ဆင့် မဲပေးစနစ် ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုတို့ကြောင့် ကြန့်ကြာမှုများမှာ ပုံမှန်ဖြစ်လေ့ရှိသည့် အဆိုပါ ပြည်နယ်တွင် ရလဒ်အပြည့်အစုံကို ထုတ်ပြန်ခြင်း မရှိသေးပေ။ စာတိုက်မှတစ်ဆင့် မဲပေး သည့် စနစ်သည် သမ္မတကို ကာလရှည်ကြာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သောအရာ ဖြစ်သည်။

“သူတို့က မရိုးသားဘူး” ဟု ၎င်းက ဆက်ပြောပြီး “မင်း မရိုးသားသလိုမျိုးပဲ” ဟု ဆိုသည်။
ဝဲလ်ကာက “မျှမျှတတ ပြောရရင် ကျွန်မက မရိုးသားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆက်ပြီးစကားပြောကြ ရအောင်” ဟု ပြောခဲ့သည်။

ထို့နောက် ထရမ့်က ဝဲလ်ကာကို “မင်းက ကလိမ်ကကျစ် ဒါမှမဟုတ်ရင် လူမိုက်ပဲ” ဟု ပြောကြားခဲ့ပြီး ထပ်မံ အပြန်အလှန်ပြောဆိုပြီးနောက် “တော်ကြရအောင်၊ ကျွန်တော် တော်တော်ငြီးငွေ့နေပြီ။ ကျေးဇူးပဲ အချစ်ရေ၊ ပျော်စရာအချိန်လေး ဖြစ်ပါစေ” ဟု ပြောခဲ့သည်။

ဝဲလ်ကာက အင်တာဗျူးကို ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ထရမ့်က ကြားဖြတ်၍ “မင်းနဲ့အတူ မိုးထဲရေထဲမှာ တစ်နာရီလောက် ထိုင်ခဲ့ပြီးပြီ၊ မိုးကလည်း ရွာလိုက်စဲလိုက်ပဲ၊ မင်းကို အချိန်အလုံအလောက် ပေးပြီးပါပြီ။” ဟု ဆိုသည်။

“မင်းတို့ သတင်းစာတွေကို ပြုပြင်သင့်တယ်၊ ဘာလို့လဲဆိုတော့ သိရဲ့လား။ မရိုးသားတဲ့ သတင်းစာတွေနဲ့ နိုင်ငံတစ်နိုင်ငံဟာ ဘယ်တော့မှ ကြီးကျယ်ခမ်းနားမှာ မဟုတ်ဘူး။”
ထို့နောက် ၎င်းက ကင်မရာနောက်ကွယ်မှ လူများကို “လာ၊ သွားကြစို့” ဟု လက်ဟန်ပြကာ နေရာမှ ထရပ်၍ ထွက်ခွာသွားခဲ့သည်။

အင်တာဗျူး ထုတ်လွှင့်ပြီးနောက် ဝဲလ်ကာက “ကျွန်မ စနေနေ့က သမ္မတ ထရမ့်နဲ့ စကားပြော ခဲ့ပြီး အင်တာဗျူးအတွင်း မိုးရွာတာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အခက်အခဲတွေကို နှစ်ဦးစလုံး အသိအမှတ်ပြုခဲ့ကြပါတယ်။ သူက ကျွန်မနဲ့ Meet the Press အင်တာဗျူးတစ်ခု ထပ်မံ ပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက