နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး

အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီး ရက်ပိုင်းအကြာတွင် အစ္စရေးက ဘေရွတ်ဆင်ခြေဖုံးရပ်ကွက်ကို တိုက်ခိုက်

ဂျွန် ဆဒ်ဝပ်သ် နှင့် ဆာမန်သာ ဂရန်ဗီးလ် ရေးသားသည်။

ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်

ဘေရွတ်မြို့ – လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း လေဘာနွန်မြို့တော်ပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် အစ္စရေးက ဘေရွတ်မြို့တောင်ပိုင်းကို တိုက်ခိုက်ခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့၏ အမာခံနယ်မြေရှိ တိုက်ခန်းအဆောက် အအုံနှစ်ခုကို လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးပြီး အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘာနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ အစ္စရေးအနေဖြင့် “ဟစ်ဇဘိုလာအဖွဲ့က အစ္စရေး ပိုင်နက်ထဲသို့ ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဘေရွတ်မြို့ ဒဟီယာ (Dahieh) ခရိုင်ရှိ အကြမ်းဖက်သမားများ၏ ဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အစ္စရေး၏ ဘေရွတ်မြို့ပေါ် တိုက်ခိုက်မှုများသည် ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေး သဘောတူညီချက်ကို အန္တရာယ်ဖြစ်စေနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် အမေရိကန်၏ ဖိအားပေးမှုအောက်တွင် တိုက်ခိုက်မှုများကို ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း တနင်္ဂနွေနေ့ညတွင် အီရန်က အစ္စရေးနိုင်ငံသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး၊ ယင်းမှာ လက်ဘာနွန်တောင်ပိုင်းနှင့် ဘေရွတ်ဆင်ခြေဖုံးရပ်ကွက်များတွင် အစ္စရေး၏ တိုက်ခိုက်မှုများ တိုးမြှင့်လာခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်သည်ဟု အီရန်က ဆိုသည်။

တနင်္ဂနွေနေ့က တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတစ်ခု၏ အောက်ထပ်ကြမ်းပြင် များ ပြိုကျပျက်စီးသွားခဲ့ပြီး တိုက်ခန်းများ ပွင့်ထွက်ကာ အောက်ဘက်ရှိ လမ်းမပေါ်သို့ ကွန်ကရစ်တုံးများနှင့် လိမ်ကောက်နေသော သံကူတုံးများ လွင့်စင်ကျဲပြန့်သွားခဲ့သည်။

လူမှုကွန်ရက် ဗီဒီယိုဖိုင်များတွင် ဒဏ်ရာရရှိသူများကို ကူညီရန်အတွက် လူအုပ်ကြီးက အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား သွားရောက်နေကြသည်ကို တွေ့ရသည်။ လေဘာနွန် ကျန်းမာရေးတာဝန်ရှိသူများက ဒဏ်ရာရသူများထဲတွင် အမျိုးသမီး လေးဦးနှင့် ကလေးငယ် လေးဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။

X လူမှုကွန်ရက်ပေါ်တွင် တင်ထားသော အစ္စရေးစစ်တပ်၏ အာရဗီဘာသာစကား ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ထုတ်ပြန်ချက်တွင် “ဟစ်ဇဘိုလာ အကြမ်းဖက် အခြေခံ အဆောက်အအုံ” ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး နောက်ထပ် တိုက်ခိုက်မှုများ လာဦးမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုထားသည်။

“ဆက်ရန်” ဟု ၎င်းက ရေးသားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ လေဘာနွန်နိုင်ငံဘက်မှ အစ္စရေးပိုင်နက်ထဲသို့ ဝင်ရောက်လာသော ဒုံးကျည်နှစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တနင်္ဂနွေနေ့ နောက်ပိုင်းတွင် ဟစ်ဇဘိုလာအဖွဲ့က ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် ခဲ့ပြီး ၎င်းတို့သည် ယစ်ဖ်တာ (Yiftah) စစ်စခန်းရှိ အစ္စရေးအမြောက်တပ် အနေအထားများနှင့် အာလ်-မက်ဂျ် (al-Marj) ရေကန်အနီးရှိ စစ်သားများကို ရော့ကတ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အဆက်မပြတ်ပစ်ခတ်မှုများသည် အစ္စရေး၏ “အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုနှင့် လေဘာနွန်တောင်ပိုင်းရှိ ကျေးရွာများကို တိုက်ခိုက်မှု” အပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း ဟစ်ဇဘိုလာက ဆိုသည်။

အီရန်လွှတ်တော်၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ရီဇာအီ (Ebrahim Rezaie) က အစ္စရေး၏ ဘေရွတ်မြို့ပေါ် တိုက်ခိုက်မှုအပေါ် “ပြတ်သားပြီး နာကျင်စေမည့် တုံ့ပြန်မှု” ပြုသွားမည်ဟု ကတိပြုခဲ့သည်။

ဇွန်လ ၃ ရက် အပစ်အခတ်ရပ်စဲရေး မတိုင်မီ တစ်ပတ်အလိုတွင် အစ္စရေးက ဒဟီယာခရိုင် အပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် အဆိုပါ ဆင်ခြေဖုံး ရပ်ကွက်မှ လူအမြောက်အမြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အမေရိကန်၏ သံတမန် ရေးရာ ကြိုးပမ်းမှုများလည်း အပြင်းအထန် ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် သမ္မတ ထရမ့်သည် နေတန်ယာဟုနှင့် ဖုန်းဖြင့်ဆွေးနွေးပြီးနောက် Truth Social လူမှုကွန်ရက်ပေါ်တွင် “ဘေရွတ်မြို့ကို စစ်တပ် စေလွှတ်မှာမဟုတ်ဘူး” ဟု ကြေညာခဲ့ပြီး၊ တင်းမာမှုများ လျော့ကျစေရန် ကြားဝင်စေ့စပ်ပေးနေသည့် ကာတာနိုင်ငံသို့လည်း အစ္စရေးများကို နောက်ဆုတ်ရန် ညွှန်ကြားထားကြောင်း အမေရိကန်က အကြောင်းကြား ခဲ့သည်။

သို့သော်လည်း တနင်္ဂနွေနေ့က NBC ၏ Meet the Press အစီအစဉ်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ထရမ့်က ၎င်းအနေဖြင့် အီရန်နှင့် ရရှိမည့် မည်သည့်ငြိမ်းချမ်းရေး သဘောတူညီချက်တွင်မဆို လေဘာနွန် ပါဝင်ရန် တောင်းဆိုနေခြင်း မဟုတ်ကြောင်း ပြောကြားခဲ့ပြီး၊ ဒဟီယာ တိုက်ခိုက်မှုသည် လမ်းကြောင်းနှစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေရန် ခြိမ်းခြောက်နေသည့်တိုင် ထိုကိစ္စရပ်နှစ်ခုကို သီးခြားစီ ခွဲထုတ်ပစ်ခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အဓိကခေါင်းဆောင် သေဆုံးခဲ့ရမှုကို လက်တုံ့ပြန် သည့်အနေဖြင့် ဟစ်ဇဘိုလာက အစ္စရေးထဲသို့ ရော့ကတ်ဒုံးကျည်များ စတင်ပစ်ခတ်ခဲ့သည့် မတ်လ ၂ ရက်နေ့တွင် လက်ဘာနွန်သည် စစ်ပွဲအတွင်းသို့ ဆွဲသွင်းခြင်း ခံခဲ့ရသည်။

အစ္စရေးက လက်ဘာနွန်တစ်ဝှမ်းလုံးကို လေကြောင်းလှုပ်ရှားမှုများဖြင့် တုံ့ပြန်ခဲ့ပြီး တောင်ပိုင်းတွင် မြေပြင်ကျူးကျော်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ ယင်းမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပိုမိုပြင်းထန်လာခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေးသည် အမည်ခံသက်သက်သာ တည်ရှိနေခဲ့ပြီး နှစ်ဦးနှစ်ဖက်စလုံးက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြသည်။

အစ္စရေးသည် သီတင်းပတ်ကုန်ရက်တစ်လျှောက်လုံး နိုင်ငံတောင်ပိုင်းတွင် ၎င်း၏ လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြင်းထန်အောင် လုပ်ဆောင်နေခဲ့သော်လည်း တနင်္ဂနွေနေ့က တိုက်ခိုက်မှုသည် အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းက မြို့တော်ပေါ်သို့ တတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပြီး ကနဦး နှစ်ကြိမ်မှာ ဟစ်ဇဘိုလာတပ်မှူးများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

အာမလ် (Amal) လှုပ်ရှားမှု၏ ခေါင်းဆောင်နှင့် ဟစ်ဇဘိုလာအဖွဲ့နှင့် နီးကပ်စွာ ရပ်တည်နေသူတစ်ဦးဖြစ်သည့် လက်ဘာနွန်လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီ (Nabih Berri) သည် အစ္စရေးနှင့် လက်ဘာနွန်အစိုးရတို့အကြား ဖြစ်ခဲလှသော ဆွေးနွေးပွဲများအပြီး ထွက်ပေါ်လာသည့် အမေရိကန် ကြားဝင်စေ့စပ်ပေးသော သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း ငြင်းပယ်ခဲ့သည်။

ဘာရီက ထိုသဘောတူညီချက်သည် နိုင်ငံတောင်ပိုင်းရှိ သိမ်းပိုက်ထားသော ပိုင်နက်များမှ အစ္စရေးတို့ တပြိုင်တည်း ဆုတ်ခွာပေးရန် ထည့်သွင်းဖော်ပြထားခြင်း မရှိသောကြောင့် ယင်းကို “ထောင်ချောက်တစ်ခု” ဟု ခေါ်ဆိုခဲ့သည်။

ဟစ်ဇဘိုလာအဖွဲ့ကိုယ်တိုင်မှာမူ ထိုဆွေးနွေးပွဲများတွင် နေရာမရရှိခဲ့ဘဲ ၎င်းတို့၏ ခေါင်းဆောင် နိုင်မ် ကာဆမ် (Naim Qassem) က ကြာသပတေးနေ့က ရေးသား ထုတ်ပြန် ချက်တစ်ခုတွင် အဖွဲ့ကို လက်နက်ဖြုတ်သိမ်းခြင်းသည် “ရန်သူ၏ ရည်မှန်းချက်များ” ကို ဖြည့်ဆည်းပေးရာ ရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

(ဓာတ်ပုံ – တနင်္ဂနွေနေ့က အစ္စရေး၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် နေရာသို့ ရောက်ရှိနေသော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ)

(ပုံစာ – ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်များပေါ်သို့ အစ္စရေးတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲ မြင်ကွင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 60 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 67 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက