နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 15 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိမ်ဂျယ်လစ်မြို့ကြီးကို သနပ်ခါးလိမ်းပေးခြင်း

၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက်

Aljazeera သတင်း- လော့စ်အိမ်ဂျယ်လစ်မြို့ကြီးတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည် ဖြစ်သည့်အတွက် မြို့တော်တွင်းရှိ အိမ်မဲ့ယာမဲ့များကို ရွေ့ပြောင်း နေရာချထားမှုများကို အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပြီး တယောက်နေ လူနေအခန်းငယ်လေးများကို ဆောက်လုပ်ပြီး အိမ်မဲ့ယာမဲ့များကို နေရာချထားပေးလျက်ရှိသည်။

ထိုအိမ်ခန်းငယ်လေးများရှိရာကို”Tiny Home Village”ဟု‌ခေါ်ဝေါ်ပြီး အိမ်ငယ်လေးများ၏ ရွာဟုတင်စားခေါ်ကြသည်။ မိုက်ကယ် ဂီလ်ပင် (Michael Gilpin)သည် သူ့အချစ်တော်ကြောင်လေးနှင့် နေထိုင်နေသည့် အိမ်မဲ့ယာမဲ့တဦးဖြစ်ပြီး သူနေထိုင်ရန် အခန်းငယ်လေးတခုရရှိခဲ့သည်၊ သူက သူရရှိသောခန်းငယ်လေးသည် သူနှင့်သူ့ကြောင်လေး အတွက် လုံလောက်ကြောင်း ပြောကြားပြီးလမ်းဘေးအိမ်မဲ့ယာမဲ့ဘဝထက် အမိုးအကာနှင့် နေရပြီးနှစ်ထပ်ကုတင်ရှိသလို လိုအပ်သည့် အပူပေးစက် လေအေးစက်တို့ ပါဝင်သည့် အတွက် အဆင်ပြေကြောင်း ပြောကြားခဲ့သည်။ သူ့ကြောင်လေးကလည်း နေရာသစ်တွင် ပျော်ရွှင်နေကြောင်းလည်း ဆိုသည်။ အလူမီနန်ဘောင်များနှင့်ပလပ်စတစ်ပြားများနှင့်တည်ဆောက်ထားသည့်အတွက် သူအနေနှင့်လမ်းပေါ်တွင်နေထိုင်ရသည်ထက်ပို အဆင်ပြေသည်ဟုဆိုသည်။

ထိုနေရာသည်လမ်းဘေးအိမ်မဲ့ယာမဲ့များအတွက် ယာယီဆောက်လုပ်နေရာချထား ပေးခြင်း သာ ဖြစ်ပြီး ကမ္ဘာ့ဘောလုံးပွဲပြီးသွားပါက အားလုံးကိုမောင်းထုတ်ခံရလိမ့်မည် ဖြစ်ကြောင်း အိမ်မဲ့ယာမဲ့တဦးကဆိုသည်။ သူက အခုအချိန်မှာ ကမ္ဘာ့ဘောလုံးပွဲ ကမ္ဘာ့လှည့်ခရီးသည်တွေ လာတဲ့အချိန်မှာမြို့မှာအရုပ်ဆိုးအကျည်းတန်စေတဲ့လမ်းဘေးအိမ်မဲ့ယာမဲ့များကိုယာယီရှင်းလင်းထားတာဖြစ်ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲပြီးသွားတာနဲ့အားလုံးကို ကူညီနေရာချ ပေးတာတွေကို ဖျက်သိမ်းပြီးလမ်းဘေးပြန်ရောက်လာကြမှာဖြစ်တယ်၊ ဒါဟာအာဏာပိုင်တွေ လုပ်နေကြ အလုပ်ပါဟုဆိုသည်။

ခိုကိုးရာမဲ့သူများကို နေရာချထားပေးသည့် အလုပ်သမား တဦး ဖြစ်သူ အာမန်ဒို ကိုဗာရပ်ဘိုင်းအက်စ် (Armando Covarrubias)က “ခိုကိုးရာနေရာက မလုံလောက်ပါဘူး အိပ်ယာနေရာရှိတာနဲ့ လူဦးရေရဲ့အချိုးအဆက ၄-၅ဆလောက်ကို ကွာခြား ပါတယ်”လို့သူကဆိုသည်။

“အခုအခါမှာလော့စ်အိမ်ဂျယ်လစ်မြို့ဟာ အခုစတင်‌တော့မဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ နဲ့လာမဲ့ ၂၀၂၈မှာပြုလုပ်မဲ့ အိုလံပစ်ပြိုင်ပွဲတွေကိုအိမ်ရှင်အဖြစ်လက်ခံမှာဖြစ်တဲ့အတွက် မြို့တော်ကို ရှင်းလင်းနေတာဖြစ်ပါတယ်။ နေထိုင်သူ အများစုက လော့စ်အိမ်ဂျယ်လစ်မြို့ကို ရှင်းလင်းနေ တာတွေကို အားစိုက်တွန်းလုပ်နေတာတွေဟာ ကမ္ဘာ့လှည့်ခရီးသည်တွေ အမြင်ကောင်း အောင်သာဖြစ်ပြီးရေရှည်ဖြေရှင်းချက်မဟုတ်မှာကိုတွေးပူနေကြပါတယ်။”

နေထိုင်သူတ‌ဦးဖြစ်တဲ့ မိုက်ကယ်ရေးစ် (Michael Reyes) က “မင်းသိတဲ့အတိုင်းဘဲ ငါတိုလမ်းတွေကိုရှင်းလင်းလိုက်ကြရအောင် ဆိုပြီးလုပ်ကြတယ် ဘာကြောင့်လဲဆိုတော့ လမ်းတွေက ဘယ်လောက်ညစ်ပတ်နေလဲဆိုတာ ကမ္ဘာ့လှည့် ခရီးသည်တွေ ကိုမမြင်စေ ချင်ဘူး၊ ကမ္ဘာ့လှည့် ခရီးသည်တွေ အမြင်ကောင်းအောင် သက်သက်လုပ်တာ ဖြစ်တယ်၊ ၂၀၂၈ အိုလံပစ်ပြီးသွားတဲ့ အခါကျရင် မင်းတို့လမ်းပေါ် ပြန်ရောက်လာရင်လဲ ငါတို့က ဂရုမစိုက်တော့ပါဘူးဆိုတာပါဘဲ။ ဒါဟာငါတို့အစိုးရရဲ့သဘောထားပါဘဲ ကမ္ဘာ့လှည့် ခရီးသည်တွေ အတွက်လုပ်နေတာပါဘဲ သူတို့က အော် ဟောလီးဝုဒ်က ရှင်းလင်း သန့်ရှင်းနေတာပဲ လို့မြင်သွားအောင်ပေါ့.။” “ဒါပေမဲ့ဒါဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး”။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ဇလန်းစကီး၏ လူချင်းတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ပူတင် ပယ်ချ၊ ‘အကြောင်းမထူး’ ဟုဆို

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 6 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ၏ လူချင်းတိုက်ရိုက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အီရန်

အထူးသတင်း- အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အီရန်က မိမိနိုင်ငံကို အကျိုးအမြတ်အတွက် ခုတုံးလုပ်နေသည်ဟု လက်ဘနွန်သမ္မတ စွပ်စွဲ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန် (Joseph Aoun) က သောကြာနေ့တွင် အီရန်နိုင်ငံအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော
နိုင်ငံတကာသတင်း အမေရိကန်

ယူအက်စ် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်ခေါင်းဆောင်များအကြား တင်းမာမှုများဖြစ်ပေါ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၉ရက် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဂ်ဆက်သ် (Pete Hegseth) သည် တပ်မတော်အတွင်း သံသယ စိတ်ကြီးမားမှု၊ သတင်းအချက်အလက် ထိန်းချုပ်မှုများနှင့် အဆင်ခြင်မဲ့ ရာထူးမှထုတ်ပယ်မှု များကြောင့် ပင်တဂွန် (Pentagon) စစ်ဌာနချုပ်အတွင်း စိုးရိမ်ထိတ်လန့်မှုနှင့်
နိုင်ငံတကာသတင်း ဖိလစ်ပိုင် အရှေ့တောင်အာရှ

ဖိလစ်ပိုင်တွင် ပြင်းအားပြင်းငလျင်လှုပ်ခတ်၊ အာရှတစ်လွှား ဆူနာမီသတိပေးချက်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
Aljazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် ဖိလစ်ပိုင်- မင်ဒါနာအိုကျွန်းအလွန်တွင် ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး

အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီး ရက်ပိုင်းအကြာတွင် အစ္စရေးက ဘေရွတ်ဆင်ခြေဖုံးရပ်ကွက်ကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 8 Views
ဂျွန် ဆဒ်ဝပ်သ် နှင့် ဆာမန်သာ ဂရန်ဗီးလ် ရေးသားသည်။ ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် ဘေရွတ်မြို့ – လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အမေရိကန်

မဲမသမာမှုလုပ်ရပ်ဟူသော ပြောဆိုချက်အပေါ် အငြင်းပွားပြီးနောက် ထရမ့်က (NBC)နှင့် အင်တာဗျူးကို ရုတ်တရက် အဆုံးသတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပြောဆိုချက်အချို့အပေါ် အစီအစဉ် တင်ဆက်သူ ခရစ္စတင် ဝဲလ်ကာ (Kristen Welker) က အကြိမ်ကြိမ် မေးခွန်းထုတ်
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

လေဘာနွန်ရှိ ဟစ်ဇဘိုလာအပေါ် တိုက်ခိုက်မှုများကို အစ္စရေးစစ်တပ်က “ပိုမိုပြင်းထန်အောင်” လုပ်ဆောင်မည်ဟု ပြောရေးဆိုခွင့်ရှိသူ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 7 Views
CNN- ယူဂျီးနီးယား ယိုးဆက်ဖ်နှင့် မက်စ် ဆော့တ်မန်းတို့ ရေးသားသည်။ အီရန်၏ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးသည် လေဘာနွန်နိုင်ငံရှိ ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများကို “ပိုမိုပြင်းထန်အောင်” လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒီဖရင်(Effie