နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ယူအက်စ် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်ခေါင်းဆောင်များအကြား တင်းမာမှုများဖြစ်ပေါ်

CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၉ရက်

ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဂ်ဆက်သ် (Pete Hegseth) သည် တပ်မတော်အတွင်း သံသယ စိတ်ကြီးမားမှု၊ သတင်းအချက်အလက် ထိန်းချုပ်မှုများနှင့် အဆင်ခြင်မဲ့ ရာထူးမှထုတ်ပယ်မှု များကြောင့် ပင်တဂွန် (Pentagon) စစ်ဌာနချုပ်အတွင်း စိုးရိမ်ထိတ်လန့်မှုနှင့် အုပ်စုဖွဲ့ပဋိပက္ခ များကို ဖြစ်ပေါ်နေကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
အဓိကအချက်များ
စစ်ဦးစီးချုပ်ကို ရုတ်တရက်ထုတ်ပယ်ခြင်း။ ကြည်းတပ်စစ်ဦးစီးချုပ် ဂျင်နရယ် ရန်ဒီ ဂျော့ချ် (Gen. Randy George) သည် ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုပြီးနောက် ရက်ပိုင်း အတွင်း ရုတ်တရက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

သံသယနှင့် လျှို့ဝှက်ချက်များ။ ဝန်ကြီး ဟက်ဂ်ဆက်သ်သည် ၎င်း၏ လက်အောက်ရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို မယုံကြည်သဖြင့် သတင်းအချက်အလက်များကို အလွန်အမင်း ကန့်သတ်ထားသည်။ စစ်သားအချို့ကို လျှို့ဝှက်ချက် ထိန်းသိမ်းမှု သဘောတူညီချက် (NDAs) များကို လက်မှတ်ရေးထိုးခိုင်းခြင်းနှင့် မုသားစစ်ဆေးစက် (Polygraph)ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ရာထူးအပြောင်းအလဲ အစုလိုက်အပြုံလိုက်လုပ်ခြင်း။ ဟက်ဂ်ဆက်သ်သည် ရာထူးသက်တမ်း အတွင်း အဆင့်မြင့်အရာရှိ ၂၀ ကျော်ကို ဖြုတ်ပစ်ခဲ့ပြီး ရေတပ်ဝန်ကြီး ဂျွန် ဖီလန် (John Phelan) ကိုလည်း ရာထူးမှ အရေးပေါ် ဖယ်ရှားခဲ့သည်။

စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများ။ ယုံကြည်မှု ကင်းမဲ့ခြင်းနှင့် လုပ်ပိုင်ခွင့် ခွဲဝေမပေးခြင်း တို့ကြောင့် အီရန်နှင့် စစ်မက်ဖြစ်ပွားနေသည့် ကာလအတွင်းတွင်ပင် ပင်တဂွန်၏ စစ်ဘက် ဆိုင်ရာ စီမံကိန်းရေးဆွဲသူများမှာ ဝန်ကြီးရုံး၏ ဗျူဟာမြောက် စဉ်းစားချက်များကို သိရှိခွင့် မရဘဲ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

သမ္မတ ထရမ့်၏ ထောက်ခံမှု။ ပင်တဂွန်အတွင်း တင်းမာမှုများနှင့် မရေရာမှုများ ရှိနေသော် လည်း သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ၎င်း၏ ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်အပေါ် ဆက်လက် ချီးကျူးထောက်ခံနေဆဲဖြစ်သည်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ် (Sean Parnell) ၏ တုံ့ပြန်ချက်။ “အမည်မဖော်လိုသူတွေရဲ့ ပြောကြားချက်တွေဟာ ကာကွယ်ရေးဝန်ကြီးဌာနကို သိက္ခာချဖို့နဲ့ ဝန်ကြီး ဟက်ဂ်ဆက်သ်ရဲ့ ဦးဆောင်မှုကို အားနည်းစေဖို့ လုပ်ဆောင်တဲ့ နိုင်ငံရေးအရ တိုက်ခိုက်မှုတွေသာ ဖြစ်ပါတယ်”ဟု ရှောင်ပါနဲလ်မှ ဟက်ဂ်ဆက်သ်ကို ကာကွယ် ပြောဆိုခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဘေးတွင် ထိုင်နေသော ကာကွယ်ရေးဝန်ကြီး ပိ့ ဟက်ဂ် ဆက်သ် ကို ရည်ညွှန်းပြီး “စစ်ပွဲဆိုင်ရာ ဝန်ကြီး ပိ့ဟက်ဂ်ဆက်သ်ဟာ စစ်ကို မြတ်နိုးတယ်” ဟု မကြာသေးမီက ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက