နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူကို မီးရှို့သတ်ဖြတ်တဲ့ မြစ်ခြေမြို့ရှိ စစ်ကောင်စီရဲစခန်းကို PDF တွေ တိုက်ခိုက်သိမ်းပိုက်

ဇွန်လ (၁၀)ရက်။

ဒီကနေ့ နံနက် (၅)နာရီအချိန်က ပခုက္ကူခရိုင် မြစ်ခြေမြို့ရှိ စစ်ကောင်စီရဲစခန်းကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ မေလ (၁၀)ရက်ကနေ ဇွန်လ (၂)ရက်နေ့အထိ မြစ်ခြေမြို့ရှိ ဒေသခံနေအိမ်ပေါင်း (၁၀၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ (၂၄)ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ မြစ်ခြေစခန်းကို ‌တော်လှန်ရေးတပ်တွေက ဒီကနေ့ နံနက် (၄)နာရီအချိန်မှာ ထိုးစစ်ဆင်ခဲ့ရာ တနာရီအကြာမှာပဲ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ G-3 (၁၈)လက်၊ 79 (၁)လက်၊ ‌ခြောက်လုံးပြူး (၂)လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ G-3 ကျည်ဘောက် (၂၇)ဘောက်၊ လက်လုပ် လေသေနတ် (၁)လက်၊ ကျည်ကာဦးထုပ် (၇)လုံးနဲ့ G-3ကျည် (၁၉၀၈)တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

နောက်ပြီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးခဲ့ပြီး (၁၄)ဦး စစ်သုံ့ပန်းအနေနဲ့ လက်နက်ချအညံ့ခံခဲ့ကာ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စစ်တရားရုံးတင် စစ်ဆေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်နှိပ်စက် သတ်ဖြတ်တာတွေကြောင့် ကျဆုံးသွားခဲ့ရတဲ့ မြစ်ခြေဒေသခံတွေ ကောင်းမြတ်ရာဘုံဘဝကို ရောက်ရှိစေဖို့ PDF က ဆုတောင်းမေတ္တာပို့သထားပါတယ်။

PDF အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမယ့် သမိုင်းပေးတာဝန်ရှိကာ အကြမ်းဖက်စစ်ကော်မရှင်ကို အပြီးတိုင် ချေမှုန်းနိုင်ဖို့ စစ်မျက်နှာတွေမှာ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာသတင်း

ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 1 Views
ဇွန်လ (၁၂)ရက်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ISP-MYANMAR
မြန်မာသတင်း

စစ်တပ်ရဲ့ အင်အားဖြည့်တာတွေကို ကြိုတင်ပြင်ဆင်ပိတ်ဆို့တားဆီးဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 1 Views
ဇွန်လ (၁၂)ရက်။ မြိုင်နယ်ထဲရှိ စစ်တပ်ရဲ့ အထိုင်ရဲစခန်း၊ ပျူရွာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ လျော့နည်းနေတယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကိုပေးအပ်တဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 1 Views
ဇွန်လ (၁၂)ရက်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကို ပေးအပ်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် Justice for Myanmar(JFM)က ဒီကနေ့မှာ ရှုတ်ချထားတယ်လို့ သိရပါတယ်။ Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိတဲ့
မြန်မာသတင်း

ထန်တလန်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ထန်တလန်မြို့နယ်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ ဇိုဖေးဒေသအခြေစိုက် CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနား ပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၁)ရက်။ မနေ့က ညနေ(၄)နာရီအချိန်က NUG ဝန်ကြီးချုပ်ရုံးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့အကြား လုပ်ငန်းလွှဲပြောင်းတဲ့အခမ်းအနားကို zoom platform ကနေ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်
မြန်မာသတင်း

မင်းတပ်မြို့မှာ တိုက်ပွဲဝင်ကာကွယ်နေတဲ့ ရဲဘော်တွေကို ကူညီပံ့ပိုးဖို့ မြို့နယ်ပအဖ မေတ္တာရပ်ခံ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
ဇွန်လ (၁၁)ရက်။ အခုအခါ မင်းတပ်မြို့ဟာ အဘက်ဘက်ကနေ ဒဏ်ရာပေါင်းစုံနဲ့ အနာတရဖြစ်နေတယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုအနာတရဖြစ်နေတဲ့ မြို့နယ်လေးကို သားကောင်းရတနာတွေက အသက်ကို ပဓါနမထားဘဲ ခုခံတိုက်ခိုက်ပြီး တိုက်ပွဲဝင်နေကြတာကို ရပ်နီး/ရပ်ဝေးက
မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်းတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၁)ရက်။ မကွေးထောင်မှာ မတရားဖမ်းဆီးခံထားရတဲ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်တွေ၊ အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကို ထောင်အာဏာပိုင်တွေက
မြန်မာသတင်း

(၅)နှစ်တာတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိ၊ရဲဘော် (၁၂၄)ဦးရှိတယ်လို့ MDY-PDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
ဇွန်လ (၁၀)ရက်။ (၅)နှစ်တာ တော်လှန်ရေးတိုက်ပွဲထဲ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အရာရှိနဲ့ ရဲဘော် (၁၂၄)ဦးရှိခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပေးဆပ်စွန့်လွှတ်ခဲ့တဲ့ MDY-PDF ရဲ့ အထူးလှုပ်ရှားတပ်မက ရဲဘော်တွေနဲ့