ဇွန်လ (၁၀)ရက်။
ရဲဘော် (၁၉)ဦးကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေဆိုကာ မကွေးခရိုင်စစ်ဌာနရဲ့ ခရိုင်အမှတ်(၁)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မကွေးခရိုင်အမှတ်(၁)တပ်ရင်းက တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေ ကြေညာတာကို နာမည်တွေ၊ ဓါတ်ပုံတွေနဲ့ ပူးတွဲထုတ်ပြန်ထားပါတယ်။
အဲ့ဒီရဲဘော်တွေဟာ တပ်ရင်းက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်တာနဲ့ ရဲဘော်တွေရဲ့ စိတ်ဓါတ်ဝေဝါးအောင် သွေဆောင်ဖြားယောင်းတာလို့ ဆိုပါတယ်။
နောက်ပြီး အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေကို စွန့်ခွာထွက်ပြေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် သူတို့ကို တပ်ပြေးနဲ့ တော်လှန်ရေးသစ္စာဖောက်တွေအနေနဲ့ သတ်မှတ်ပြီး အမည်ဖျက်စာရင်း သွင်းထားတယ်လို့ တပ်ရင်းက အသိပေးထားပါတယ်။
ဒါ့အပြင် သူတို့နဲ့ပတ်သက်ပြီး ဘယ်လုပ်ငန်းကိစ္စတွေကိုမှ တပ်ရင်းက တာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်သလို ပြစ်မှုပြစ်ဒဏ်တွေအတွက်လဲ ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။











