နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သည့် ခါ့ဂ်ကျွန်း (Kharg Island) ကို သိမ်းပိုက်မည်ဟု ထရမ့် သတိပေး

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်

တဟီရန်နှင့် အမေရိကန်တို့ ညတွင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ထရမ့် က အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်များကိုပါ ထိန်းချုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်သည် ခါ့ဂ်ကျွန်းနှင့် အီရန်ရှိ အခြားသော ရေနံအခြေခံအဆောက်အအုံများကို သိမ်းပိုက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ နံနက်ပိုင်းတွင် ပြောကြား ခဲ့သည်။ ပါရှန်ကွေ့အတွင်းရှိ အဆိုပါကျွန်းငယ်လေးသည် အီရန်နိုင်ငံအတွက် စီးပွားရေး အသက်သွေးကြောဖြစ်ပြီး နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ် ဆောင်ရွက် နေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရပ်တန့်နေစဉ် နိုင်ငံနှစ်ခုအကြား အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသဖြင့် စစ်တပ်အနေဖြင့် ယနေ့ညတွင် အီရန်ကို “အလွန်ပြင်းထန်စွာ” တိုက်ခိုက် လိမ့်မည်ဟုလည်း အမေရိကန်သမ္မတက သတိပေးခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဟာ အီရန်ကို (သူတို့ရဲ့ ရေတပ်၊ လေတပ်၊ ရေဒါ၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ တခြားသော ခံစစ်ပုံစံအားလုံးဟာ သူတို့ရဲ့ တိုက်စစ်စွမ်းရည် အများစုနဲ့အတူ ပျက်စီးသွားပါပြီ!) ဒီနေ့ညမှာ အလွန်ပြင်းထန်စွာ တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု ထရမ့်က Truth Social လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

“မဝေးတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ကျွန်တော်တို့ဟာ ခါ့ဂ်ကျွန်းနဲ့ အခြား ရေနံအခြေခံ အဆောက်အအုံ နေရာတွေကို သိမ်းပိုက်ပြီး သူတို့ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်တွေကို အပြည့်အဝ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ဗင်နီဇွဲလားမှာ ကျွန်တော်တို့ လုပ်ခဲ့သလိုမျိုးပေါ့၊ အဲဒါက ဗင်နီဇွဲလားရော အမေရိကန်ပြည်ထောင်စုအတွက်ပါ ထူးထူးခြားခြား အောင်မြင် ဖြစ်ထွန်း နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် မရရှိပါက ဗုံးကြဲမှုများ ဆက်လက်ရှိနေမည်ဟု ထရမ့်က စောစောပိုင်းတွင် သတိပေးခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်တို့သည် ညတွင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် သို့မဟုတ် တိုက်ခိုက်ရန် ကြိုးပမ်းခြင်းသည် အင်အားအမြောက် အမြားရှိသော ကြည်းတပ်ဖွဲ့များ လိုအပ်လိမ့်မည်ဟု ကျွမ်းကျင်သူများက ထောက်ပြထား ကြပြီး၊ ယင်းမှာ ထရမ့်အစိုးရအဖွဲ့အနေဖြင့် ယခုအချိန်အထိ စေလွှတ်ရန် ဝန်လေးနေသည့် အရာဖြစ်သည်။

အမေရိကန်စစ်တပ်သည် ခါ့ဂ်ကျွန်းရှိ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများအပေါ် အဓိက လေကြောင်း တိုက်ခိုက်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သော်လည်း၊ ထိုတိုက်ခိုက်မှု များသည် ကျွန်း၏ အရေးကြီးသော စွမ်းအင်အခြေခံအဆောက်အအုံများကို ထိမှန်ခြင်းမှ ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့သည်။

ထရမ့်၏ အဆင့်မြင့်အရာရှိကြီးများက ခါ့ဂ်ကျွန်းသိမ်းပိုက်မှုကို “နောက်ဆုံးပိတ်” ရွေးချယ်စရာအဖြစ် ရှုမြင်ကြသည်။

အမေရိကန်စစ်တပ်အနေဖြင့် ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် ကြိုးပမ်းမည့် အစီအစဉ်များကို လပေါင်းများစွာကတည်းက ရေးဆွဲခဲ့သော်လည်း ယင်းစစ်ဆင်ရေးသည် စွန့်စားရလွန်း သည်ဟု ယူဆသောကြောင့်ဆက်တိုက် ရွှေ့ဆိုင်းခဲ့ရကြောင်း ပန်တဂွန် (စစ်ဌာနချုပ်) အရာရှိကြီးတစ်ဦးနှင့် အစိုးရအဖွဲ့အရာရှိနှစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

ခါ့ဂ်ကျွန်းကို သိမ်းပိုက်ခြင်း သို့မဟုတ် ကျွန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို အပြတ်ရှင်းလိုက်ခြင်းသည် အီရန်ကို ထိရောက်စွာ ဒေဝါလီခံစေပြီး စစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်ခြင်း မရှိတော့သည့် အခြေအနေအထိ ၎င်း၏ စွမ်းဆောင်ရည်များကို လျော့ကျ သွားစေလိမ့်မည်ဟု အိမ်ဖြူတော်နှင့် ပန်တဂွန်အတွင်း၌ ရှုမြင်ထားကြောင်း အစိုးရအဖွဲ့ အရာရှိများက ဆိုသည်။

သို့သော်လည်း ယင်းကဲ့သို့သော စစ်ဆင်ရေးတစ်ခုသည် ကြည်းတပ်အင်အား အမြောက် အမြား လိုအပ်နိုင်ပြီး အမေရိကန်ဘက်မှ အကျအဆုံး အများအပြား ရှိလာနိုင်ကြောင်း အရာရှိများက သမ္မတ ဒေါ်နယ်ထရမ့်ထံ ဆက်သွယ်တင်ပြထားကြသည်။

ထိုသို့သော တွက်ချက်မှုများကြောင့် ပန်တဂွန်နှင့် အိမ်ဖြူတော်တို့သည် ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် မည်သည့်လုပ်ဆောင်မှုကိုမဆို “နောက်ဆုံးပိတ်” (Endgame) ရွေးချယ်စရာ အဖြစ် သတ်မှတ်ထားကြကြောင်း၊ ယင်းမှာ စစ်ပွဲ၏ အလှည့်အပြောင်းကို ပြောင်းလဲ ပစ်နိုင်သော်လည်း ကြီးမားသော ပေးဆပ်မှုရှိနိုင်သည့် နောက်ဆုံးလက်နက်ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် ယခင်က ခါ့ဂ်ကျွန်းရှိ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများအပေါ် အဓိက လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း၊ တိုက်ခိုက်မှုများသည် ကျွန်း၏ အရေးကြီးသော စွမ်းအင်အခြေခံအဆောက်အအုံများကို ထိမှန်ခြင်းမှ ရည်ရွယ်ချက် ရှိရှိ ရှောင်ရှားခဲ့သည်။

အီရန်အပေါ် “ပိုမိုကြီးမားပြီး ပိုမိုပြင်းထန်သော” တိုက်ခိုက်မှုများ ယနေ့ညတွင် လာမည်ဟု ထရမ့် ကပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် ယနေ့ညတွင် အဆိုပါနိုင်ငံကို “အလွန်ပြင်းထန်စွာ” တိုက်ခိုက်မည်ဟု လူမှုကွန်ရက်ပေါ်တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် မကြာမီမှာပင်၊ အီရန်သည် ယနေ့ညတွင် “ပိုမိုပြင်းထန်သော” အမေရိကန်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ဟုတ်ပါတယ်၊ ဒီညမှာ ဗုံးကြဲမှုတွေ ပိုရှိလာမှာပါ” ဟု ထရမ့်က Fox News နှင့် ဖုန်းဖြင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပြီး ဗုံးများသည် “ပိုမိုကြီးမားပြီး ပိုမို ပြင်းထန် လိမ့်မည်” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အီရန်အပေါ် နောက်ထပ် စစ်ရေးအရေးယူမှုတစ်ရပ်အတွက် ပြင်ဆင်နေကြောင်း ၎င်းက စောစောပိုင်းတွင် Truth Social ၌ ပို့စ်တင်ခဲ့သည်။ ထိုပို့စ်၌ပင် ထရမ့်သည် အီရန်၏ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နေသည့် ခါ့ဂ်ကျွန်းကို ထိန်းချုပ်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

အဆိုပါ နောက်ဆုံးသတိပေးချက်သည် အီရန်ရှိ စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများအပေါ် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်၏အကြီးတန်းအရာရှိတဦးက အမေရိကန်အနေနှင့် အီရန်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားရမည်ဖြစ်ပြီး ထိုသို့လေးစားမှုရှိပါက စစ်ပွဲကိုအဆုံးသတ်နိုင်မည် ဖြစ်သည်၊ ထိုသို့မဟုတ်ဘဲကျူးကျော်တိုက်ခိုက်လာပါက အီရန်အနေနှင့် ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ခြင်းကို ခံရမည်ဟု သတိပေးစကားပြောဆိုခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံတစ်ခုတွင် ဖေဖော်ဝါရီ ၂၅ ရက်က အီရန်နိုင်ငံ၊ ခါ့ဂ်ကျွန်းရှိ ရေနံဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်။ ၂၀၂၆ Planet Labs PBC/Handout/Reuters (ဓာတ်ပုံ)

အီရန်အကြီးတန်းအရာရှိတဦးသတင်းထောက်များနှင့်တွေ့ဆုံဖြေကြားနေစဥ် (ဓာတ်ပုံ)

See less

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက