နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ဆိုမာလီဒိုင်လူကြီးကို ဥရောပစူပါကပ်ပွဲစဉ်တွင် တာဝန်ထမ်းဆောင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ခန့်အပ်၊ ၎င်းအား အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်ထား

Aljazeera News- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်

အိုမာ အာတန် (Omar Artan) သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲစဉ်တာဝန်ခံ ဒိုင်လူကြီးများစာရင်းတွင် ပါဝင်ခဲ့သော်လည်း အမေရိကန်က ၎င်းအား ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရမည်ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်ပြည်ထောင်စုသို့ ပြည်ဝင်ခွင့်ငြင်းပယ်ခံခဲ့ရသည့် ဆိုမာလီဒိုင်လူကြီး အိုမာ အာတန်ကို ဥရောပစူပါကပ် (UEFA Super Cup) ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်လိုက်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အထင်ကရပြိုင်ပွဲဖြစ်သော ကမ္ဘာ့ဖလားပွဲစဉ်များ မစတင်မီ နာရီပိုင်းအလို ကြာသပတေးနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဥရောပ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဇန်းဒါး ဆီဖီရင် (Aleksander Ceferin) က အဆိုပါ ဆိုမာလီဒိုင်လူကြီးကို အလွန်အမင်း ချီးကျူးစကားပြောကြားခဲ့သည်။

“အိုမာ အာတန်ဟာ ငယ်ရွယ်ပေမဲ့ အတွေ့အကြုံရင့်ကျက်ပြီးသား ထူးချွန်တဲ့ ဒိုင်လူကြီး တစ်ဦးဖြစ်ပါတယ်၊ သူဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အမြင့်မားဆုံး ပြိုင်ပွဲအဆင့်တွေမှာ မိမိကိုယ်ကိုယ် သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်” ဟု ဆီဖီရင်က ပြောကြားခဲ့သည်။

“ဘောလုံးအားကစားဟာ လူသားတွေကို ချိတ်ဆက်ပေးဖို့ ဖန်တီးထားတာဖြစ်ပါတယ်၊ UEFA အနေနဲ့ အိုမာနဲ့ သူ့ရဲ့ထူးချွန်တဲ့ ဒိုင်လူကြီးစွမ်းရည်တွေအပေါ် လေးစားမှုပြသချင်ပါတယ်၊ ဒီလို ထူးချွန်မှုတွေကြောင့်လည်းပဲ ဂုဏ်သိက္ခာကြီးမားတဲ့ အခုလို အဆိုပြုခန့်အပ်မှုကို သူရရှိခဲ့တာ ဖြစ်ပါတယ်”

UEFA က အာဖရိကဘောလုံးအဖွဲ့ချုပ်နှင့် ဆွေးနွေးပြီးနောက် “ချန်ပီယံလိဂ်အနိုင်ရ ပါရီစိန့်ဂျာမိန်း (PSG) နှင့် ယူရိုပါလိဂ်အနိုင်ရ အက်စတွန်ဗီလာ (Aston Villa) တို့ ဩဂုတ် ၁၂ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဆာလ်ဇ်ဘာ့ဂ် (Salzburg) မြို့၌ ယှဉ်ပြိုင်မည့် ၂၀၂၆ UEFA စူပါကပ်ပွဲစဉ်တွင် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ဆိုမာလီဒိုင်လူကြီး အိုမာ အာတန်ကို ယနေ့ ခန့်အပ်လိုက်သည်” ဟု ပြောကြားခဲ့သည်။

အာတန်၏ ဖြစ်ရပ်သည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်မီ ကြိုတင်ပြင်ဆင်မှုကာလကို အရောင်ဆိုးညစ်စေခဲ့သည့် ဖြစ်ရပ်အများအပြားထဲမှ တစ်ခုဖြစ်သည်။

အာတန်ကို ခန့်အပ်ခြင်းသည် UEFA နှင့် CAF တို့အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီချက် မူဘောင်အောက်မှ လာခြင်းဖြစ်ကြောင်း UEFA က ပြောကြားခဲ့သည်။

“UEFA နဲ့ CAF တို့ဟာ ဘောလုံးအားကစားကို အဆင့်တိုင်းမှာ မြှင့်တင်ဖို့နဲ့ စည်းလုံး ညီညွတ်မှု၊ တန်းတူညီမျှမှု၊ ခွဲခြားဆက်ဆံမှုမရှိရေး ဆိုတဲ့ အဓိကတန်ဖိုးတွေကို မြှင့်တင်ဖို့ မျှဝေထားတဲ့ ကတိကဝတ်တစ်ခုအောက်မှာ အတူတကွ ပူးပေါင်းထားပါတယ်” ဟု ဖော်ပြ ထားသည်။

CAF ဥက္ကဋ္ဌ ပက်ထရစ် မော့ဆီပီ (Patrice Motsepe) က အာတန်သည် “ဆိုမာလီနိုင်ငံနဲ့ အာဖရိကတိုက်တစ်ခုလုံးက ပြည်သူတွေကို အလွန်အမင်း ဂုဏ်ယူစေခဲ့တယ်” ဟု ပြောကြားခဲ့သည်။

“သူ ၂၀၂၅ ခုနှစ် CAF တစ်နှစ်တာအကောင်းဆုံး အမျိုးသားဒိုင်လူကြီးဆုကို ရရှိခဲ့တာနဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ခန့်အပ်ခံရတာတွေဟာ သူ့ရဲ့ ကမ္ဘာ့အဆင့်မီ ဒိုင်လူကြီးစွမ်းရည်နဲ့ သူရရှိထားတဲ့ နိုင်ငံတကာရဲ့ လေးစားမှုကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်”

စူပါကပ်ပွဲစဉ်ကို အုပ်ချုပ်ရန် ၎င်းအား ခန့်အပ်ခြင်းသည် “အိုမာ အာတန်နဲ့ အာဖရိက ဒိုင်လူကြီးတွေအတွက် ကြီးမားတဲ့ ဂုဏ်ယူစရာဖြစ်ပြီး၊ အာဖရိက၊ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေကို စုစည်းစည်းလုံးပေးတဲ့ ဘောလုံးအားကစားရဲ့ ထူးချွန်တဲ့ နမူနာကောင်း တစ်ခု လည်း ဖြစ်ပါတယ်” ဟု မော့ဆီပီက ပြောကြားခဲ့သည်။

အမေရိကန် ပြည်ဝင်ခွင့်ငြင်းပယ်ခံရပြီးနောက် ဆိုမာလီကမ္ဘာ့ဖလားဒိုင်လူကြီး အိုမာ အာတန်ကို နေရပ်တွင် သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆို

အာတန်သည် စနေနေ့က မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီးနောက် အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောကြား ရာတွင် အဆိုပါဒိုင်လူကြီးသည် “အကြမ်းဖက်အဖွဲ့အစည်းများမှ သံသယရှိသူများနှင့် ဆက်နွှယ်မှုရှိနေကြောင်း” ထို့ကြောင့် “ယင်းခရီးသွားအား အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်ခွင့်ပြုရန် သတ်မှတ်ချက်နှင့် မကိုက်ညီစေခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဖီဖာ (FIFA) ကလည်း ၎င်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်တော့မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။

ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်တို့တွင် ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲများအတွက် ဒိုင်လူကြီး ၅၂ ဦးစာရင်းတွင် အာတန် ပါဝင်ခန့်အပ်ခံရခြင်းသည် ၎င်း၏နိုင်ငံသားများအတွက် ကြီးမားသော ဂုဏ်ယူစရာအရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။

၎င်းသည် ဗုဒ္ဓဟူးနေ့က မိုဂါဒစ်ရှူး (Mogadishu) မြို့သို့ သူရဲကောင်းတစ်ဦးကဲ့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး နောက်လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်သွားမည်ဟု ကတိပြု ခဲ့သည်။

အာတန်သည် ၂၀၂၅ ခုနှစ်တွင် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ၏ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားဒိုင်လူကြီးဆုကို ရရှိခဲ့သူဖြစ်သည်။ [ဓာတ်ပုံ – AFP]

အမေရိကန် ပြဝင်ခွင့်ငြင်းပယ်ခံရပြီးနောက် ဆိုမာလီကမ္ဘာ့ဖလားဒိုင်လူကြီး အိုမာ အာတန်ကို နေရပ်တွင် သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆို (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက