နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ၏ မြက်ခင်းပြင်ပေါ်တွင် ‘8647’ ဟု အက္ခရာအကြီးကြီး ရေးထွင်းထားသည်ကို ဝေဟင်ဓာတ်ပုံများတွင် တွေ့ရ

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်

ဝါရှင်တန် — သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသသည့် သင်္ကေတ အဖြစ် အများအားဖြင့် အသုံးပြုလေ့ရှိသော “8647” ဟူသည့် ဂဏန်းများသည် ကြာသပတေး နေ့က အမျိုးသားရင်ပြင် (National Mall) ၏ မြက်ခင်းပြင်ပေါ်တွင် ရေးထွင်းထားလျက် ပေါ်ပေါက်လာခဲ့သည်။ လာမည့် တနင်္ဂနွေနေ့တွင် ကျရောက်မည့် ထရမ့်၏ မွေးနေ့တွင် ထိုနေရာအနီး၌ ကျင်းပမည့် UFC လက်ဝှေ့ပွဲသို့ လူအုပ်ကြီး အမြောက်အမြား လာရောက်ရန် မျှော်လင့်ထားခြင်းမရှိမီ ရက်ပိုင်းအလိုတွင် ယခုလို ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဝါရှင်တန် အထိမ်းအမှတ်ကျောက်တိုင် (Washington Monument) ထိပ်ဖျားမှ တိုက်ရိုက် လွှင့်ထူနေသည့် ဝက်ဘ်ကင်မရာ (Webcam) ရုပ်သံများအရ အဆိုပါ ဂဏန်းများသည် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်ဗိမာန်၏ အရှေ့ဘက်၊ အမျိုးသားရင်ပြင်၏ အစိတ်အပိုင်း အတော်များများတွင် မြက်ခြောက်များသဖွယ် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ထိုအမှတ်အသားများ မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဇွန်လ ၅ ရက်နေ့က ရိုက်ကူးထားသည့် Getty Images ၏ အမျိုးသားရင်ပြင် ဓာတ်ပုံများတွင်မူ ထိုဂဏန်းများကို မတွေ့ရသေးပါ။

ကြာသပတေးနေ့ မွန်းလွဲပိုင်းက မြေပြင်အဆင့်မှ ကြည့်ရှုစဉ်တွင်မူ အဆိုပါ အမှတ်အသား များကို အလွယ်တကူ ထင်ထင်ရှားရှား မခွဲခြားနိုင်ခဲ့ပေ။ မွန်းလွဲ ၁ နာရီခန့်တွင် အမေရိကန် ကြည်းတပ်၏ Golden Knights လေထီးခုန်အဖွဲ့ အမျိုးသားရင်ပြင်သို့ ဆင်းသက်စဉ်အတွင်း အရေးပေါ်ကယ်ဆယ်ရေးယာဉ် အများအပြားက ထိုဧရိယာကို ပိတ်ဆို့ထားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Davis Ingle က CNN သို့ ပြောကြားရာတွင် “နိုင်ငံရေး အကြမ်းဖက်မှု သို့မဟုတ် လုပ်ကြံသတ်ဖြတ်မှု အစဥ်အလာ ယဉ်ကျေးမှုကို လုပ်ဆောင်သူ သို့မဟုတ် ထောက်ခံအားပေးသူ မည်သူ့ကိုမဆို ပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံး စကားလုံး များဖြင့် ရှုတ်ချရမည်” ဟု ဆိုသည်။

အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (Secret Service) နှင့် FBI တို့က ယခုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် အမေရိကန် ပန်းခြံရဲတပ်ဖွဲ့ (US Park Police) ထံသို့ လွှဲပြောင်းပေးခဲ့ပြီး၊ ထိုရဲတပ်ဖွဲ့ကသာ ယခုအမှတ်အသားများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုကို ကိုင်တွယ်နေသည်ဟု ပြောကြားခဲ့သည်။ အာဏာပိုင်များက သံသယရှိသူကို ရှာဖွေတွေ့ရှိပါက လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့သည် ပန်းခြံရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

မြက်ခင်းများ အရောင်ပြောင်းသွားရသည့် အကြောင်းရင်းကိုမူ တိတိပပ မသိရသေးကြောင်း ပန်းခြံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ဓာတ်ခွဲစမ်းသပ်ရန်အတွက် နမူနာများကို စုဆောင်းထားရှိကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြား ခဲ့သည်။

EarthCam မှ အမျိုးသားရင်ပြင်ပေါ်တွင် “8647” ဟူသော စာသား တဖြည်းဖြည်း ပေါ်ပေါက်လာပုံကို မှတ်တမ်းတင်နိုင်ခဲ့ EarthCam ၏ ပံ့ပိုးမှုဖြင့် EarthCam မှ ရရှိသည့် ရုပ်သံမှတ်တမ်းများအရ အမျိုးသားရင်ပြင်ပေါ်တွင် ရက်အနည်းငယ်အတွင်း “8647” ဟူသော ဂဏန်းများ တဖြည်းဖြည်း ချင်းပေါ်ထွက်လာသည်ကို ပြသနေသည်။

အမျိုးသားရင်ပြင်ကို စီမံခန့်ခွဲနေသည့် ပြည်ထဲရေးဝန်ကြီးဌာန (Department of Interior) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တစ်ခုတွင် အဆိုပါ အမှတ်အသားများကို “စိတ်နောက်နေသည့် ဖျက်ဆီးမှု (deranged vandalism)” ဟု ဖော်ပြခဲ့ပြီး၊ “သည်းခံခွင့်လွှတ် သွားမည်မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

“သမ္မတအပေါ် ခြိမ်းခြောက်မှုမှန်သမျှကို ဝန်ကြီးဌာနအနေနဲ့ အလွန်အလေးအနက်ထားပြီး၊ ကျွန်ုပ်တို့ရဲ့ အမေရိကန် ပန်းခြံရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူသွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ ဂဏန်းများကို ထရမ့်အား ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသရန် အသုံးပြုကြသော် လည်း၊ ထရမ့်အစိုးရအဖွဲ့ကမူ ယင်းကို သမ္မတအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ပြီးခဲ့သည့် ဧပြီလက FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေး (James Comey) သည် Instagram တွင် ပင်လယ်ခရုခွံများဖြင့် ထိုဂဏန်းများကို ပုံဖော်ထားသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည့်အတွက် သမ္မတအား ခြိမ်းခြောက်မှုစွဲချက်ဖြင့် တရားရေးဝန်ကြီး ဌာန၏ စွဲချက်တင်ခြင်းကို ခံခဲ့ရသည်။

“86” ဟူသော ဂဏန်းသည် စားသောက်ဆိုင်လုပ်ငန်းခွင်တွင် မှာယူထားသည့် အော်ဒါ သို့မဟုတ် ဖောက်သည်တစ်ဦးကို ဖယ်ရှားပစ်ခြင်း သို့မဟုတ် မောင်းထုတ်ခြင်းဟူသော အဓိပ္ပာယ်ဖြင့် သုံးစွဲလေ့ရှိသည့် လျှို့ဝှက်ကုဒ်တစ်ခုဖြစ်ပြီး၊ “47” မှာမူ ထရမ့်သည် ၄၇ ဆက်မြောက် သမ္မတဖြစ်သည်ကို ရည်ညွှန်းခြင်းဖြစ်သည်။

ဇွန်လ ၁၁ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ကွင်းပြင်ထဲတွင် “8647” ဟူသော ဂဏန်းများကို အကြီးအကျယ် ပုံဖော်ရေးထွင်းထားသည်ဟု ယူဆရသည့် နေရာသို့ အာဏာပိုင်များ သွားရောက်စစ်ဆေးခဲ့ကြသည်။ ဓာတ်ပုံ – Nathan Howard/Reuters

ဇွန်လ ၁၁ ရက်နေ့က ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင်တွင် အမှတ်အသားများ ပေါ်ပေါက်ခဲ့ပြီးနောက် အာဏာပိုင်များက လင်ကွန်းအထိမ်းအမှတ် ရေကန် (Lincoln Memorial Reflecting Pool) အနီးတွင် စစ်ဆေးဆောင်ရွက်နေကြသည်။ ဓာတ်ပုံ – Nathan Howard/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက