နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အီရန်နှင့် ထရမ့်၏ စစ်ပွဲအတွင်း အိန္ဒိယသင်္ဘောသားများ ဘေးထွက်ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးရမှုအပေါ် အိန္ဒိယတွင် ဒေါသမျက်မာန်ပွားလျက်ရှိ

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက်

အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကူးသန်းရောင်းဝယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ပေါ်တွင် အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံးခဲ့ရမှုသည် အိန္ဒိယပြည်သူများအကြား ဒေါသတကြီး မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဖြေရှင်းနေရပြီးသားဖြစ်သော ဆက်ဆံရေးကို ပိုမိုတင်းမာလာစေခဲ့သည်။

ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အီရန်ရေနံများ တင်ဆောင်လာသည့် M/T Settebello သင်္ဘောသည် အိုမန်ပင်လယ်ပြင်ကို ဖြတ်သန်းမောင်းနှင်နေစဉ်၊ အမေရိကန်စစ်လေယာဉ်တစ်စင်းက ၎င်း၏ အင်ဂျင်ခန်းထဲသို့ တိကျမှန်ကန်သော ဒုံးကျဥ်ခဲယမ်းမီးကျောက်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထွက်ပေါ် လာကာ အကြီးအကျယ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်။

ပလောင်း(Palau)ကျွန်းစု နိုင်ငံငယ်အလံ လွှင့်ထူးထားသည့် အဆိုပါသင်္ဘော တိုက်ခိုက်ခံရပြီး နောက် သေဆုံးလျက် တွေ့ရှိခဲ့ရသည့် အမျိုးသားသုံးဦးသည် ဝါရှင်တန်၏ အီရန်ဆိပ်ကမ်း များ ကို ပိတ်ဆို့ဖြတ်တောက်သည့် စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် အမေရိကန်၏ တိုက်ခိုက်မှုအတွင်း ပထမဆုံး သေဆုံးခဲ့ရသည့် သင်္ဘောသားများဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် မိမိတို့နှင့် မသက်ဆိုင်သော စစ်ပွဲတစ်ခုတွင် အိန္ဒိယနိုင်ငံသား များသည် ဘေးထွက်ဆိုးကျိုး (Collateral Damage) အဖြစ် အသက်ပေးနေရသည်ဟူသော စိုးရိမ်ပူပန်မှုများ အိန္ဒိယတွင် မြင့်တက်လာခဲ့သည်။

အမေရိကန်စစ်တပ်ကမူ ယင်းတိုက်ခိုက်မှုသည် ပိတ်ဆို့မှုကို အကောင်အထည်ဖော်နေသည့် အမေရိကန်တပ်ဖွဲ့ဝင်များ၏ ညွှန်ကြားချက်များကို သင်္ဘောပေါ်ပါ ဝန်ထမ်းများက ထပ်ခါ တလဲလဲ လိုက်နာရန် ပျက်ကွက်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း မိမိတို့သင်္ဘောသား များ၏ ဘေးကင်းလုံခြုံရေးအတွက် ပိုမိုစိုးရိမ်ပူပန်လာသည့် နယူးဒေလီသည် အမေရိကန် အနေဖြင့် ကုန်တင်သင်္ဘောများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

နယူးဒေလီက ဝါရှင်တန်၏ ယာယီသံရုံးတာဝန်ခံ (Chargé d’Affaires) ကိုဆင့်ခေါ်ပြီးနောက်၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီရ် ဂျိုက်စဝါးလ် (Randhir Jaiswal) က ကြာသပတေးနေ့တွင် သတင်းထောက်များအား “အခုဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေဟာ ချက်ချင်းရပ်တန့်ရပါမယ်” ဟု ပြောကြားခဲ့သည်။

လာမည့်သီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေး ဘေးပန်း တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် တို့ မတွေ့ဆုံမီ ရက်ပိုင်းအလိုတွင် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းကြောင့် အချိန်အခါ မှာ အလွန်ပင် ထိလွယ်ရှလွယ် ဖြစ်နေသည်။

အိန္ဒိယအစိုးရအပေါ် ပြည်တွင်းမှ ဖိအားများ မြင့်တက်လာ

သေဆုံးမှုများနှင့် ပတ်သက်၍ လူသိရှင်ကြား တစ်စုံတစ်ရာ မှတ်ချက်မပေးသေးသည့် ဝန်ကြီးချုပ် မိုဒီသည် တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချရန် အလုပ်သမားသမဂ္ဂအချို့၏ ဖိအားပေးခြင်းကို ခံနေရသည်။

“နိုင်ငံခြားစစ်တပ်တစ်ခုက နိုင်ငံတကာရေပိုင်နက်ထဲမှာ အိန္ဒိယအလုပ်သမားတွေကို သတ်ဖြတ်တဲ့အခါ၊ အိန္ဒိယအစိုးရအနေနဲ့ ကျယ်ကျယ်လောင်လောင်နဲ့ ပြတ်ပြတ်သားသား ပြောဆိုရပါမယ်” ဟု အိန္ဒိယ အလုပ်သမားသမဂ္ဂဗဟိုဌာန (CITU) က သောကြာနေ့တွင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံရေးသိပ္ပံပညာရှင် ကန်တီ ဘာ့ဂျ်ပိုင် (Kanti Bajpai) က ယခုကိစ္စသည် အမေရိကန်နှင့် “ယိမ်းယိုင်နေပြီးသား ဆက်ဆံရေးတွင် စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပြီ” ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသားများ ထိခိုက်ဒဏ်ရာရမှုနှင့် “ပြည်တွင်းရှိ ပြည်သူလူထု၏ ဒေါသပေါက်ကွဲ မှုများ” ထပ်မံဖြစ်ပွားလာပါက မိုဒီအစိုးရအနေဖြင့် ဤပြဿနာကို ထိန်းချုပ်ရန် ပိုမိုခက်ခဲ သွားနိုင်ကြောင်း အိန္ဒိယ လူမှုရေးနှင့် စီးပွားရေးတိုးတက်မှုဗဟိုဌာန (CSEP) ၏ အဆင့်မြင့် သုတေသနအဖွဲ့ဝင် ဘာ့ဂျ်ပိုင် က ဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ Settebello သင်္ဘောပေါ်ပါ သင်္ဘောသား ၂၈ ဦးအနက် အများစုမှာ အိန္ဒိယနိုင်ငံသားများ ဖြစ်ကြသည်။

လွန်ခဲ့သောတစ်ရက်ကတင် အခြားကုန်သွယ်ရေး ရေနံတင်သင်္ဘောတစ်စင်းဖြစ်သည့် M/T Marivex သည်လည်း အိုမန်ပင်လယ်ကွေ့တွင် အမေရိကန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် အိန္ဒိယသင်္ဘောသား ၂၄ ဦးကို ကယ်ဆယ်ခဲ့ရဖူးသည်။

ထို့ပြင် ကြာသပတေးနေ့ကလည်း အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်ရေနံများကို သယ်ယူ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သည့် ဂီနီဘစ်ဆော (Guinea-Bissau) နိုင်ငံအလံလွှင့်ထူးထားသော တတိယမြောက် ရေနံတင်သင်္ဘော M/T Jalveer ၏ အင်ဂျင်ခန်းထဲသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ယင်းသင်္ဘောတွင်လည်း အိန္ဒိယသင်္ဘောသားများ ပါဝင်ခဲ့သော်လည်း ၎င်းတို့အားလုံး ဘေးကင်းကြောင်း သတင်းရရှိသည်။

မိသားစုဝင်များက အမှန်တရားကို သိလိုကြ

သေဆုံးသွားသူ အမျိုးသားသုံးဦး၏ မိသားစုဝင်များသည် ပူဆွေးသောကရောက်နေကြပြီး ၎င်းတို့ချစ်ရသူများ၏ နောက်ဆုံးအချိန်များနှင့် ပတ်သက်၍ အမှန်တရားကို သိရှိရန် ကြိုးပမ်း နေကြသည်။

“ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့ ကျွန်တော့်သားရဲ့ ရုပ်အလောင်းကို ပြန်သယ်ပေးဖို့ပါပဲ” ဟု သေဆုံးသွားသူ သင်္ဘောသားတစ်ဦး၏ဖခင်ဖြစ်သူ ရာဂျေ့ရှ် ရှာမား (Rajesh Sharma) က အိန္ဒိယသတင်းအေဂျင်စီ ANI သို့ ပြောကြားခဲ့သည်။ “သူ့ရဲ့ နောက်ဆုံးအချိန်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကျွန်တော် သိချင်ပါတယ်။ သူ့ကို ကယ်ဆယ်ရေး အကူအညီတွေ ပေးခဲ့ရဲ့လား။ ကျွန်တော်တို့နိုင်ငံက သင်္ဘောသား သုံးဦး သေဆုံးခဲ့ရတဲ့ အခြေအနေက ဘာလဲဆိုတာ သိချင်ပါတယ်” ဟု ဆိုသည်။

အိန္ဒိယသည် ကမ္ဘာတစ်ဝှမ်းတွင် သင်္ဘောသားပေါင်း ၃၀၀,၀၀၀ ကျော်ဖြင့် ကုန်သည် ရေကြောင်း လုပ်သားအင်အားစုကို အဓိကပံ့ပိုးပေးနေသည့် အကြီးဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ကြောင်း ရေကြောင်းလုပ်သားသမဂ္ဂ (FSUI) ၏ အထွေထွေအတွင်းရေးမှူး မနော့ဂျ် ယာဒေ့ဗ် (Manoj Yadav) က ပြောသည်။

၎င်းတို့အနက် အများစုမှာ မတည်ငြိမ်သော ဒေသတွင်း၌ ပြေးဆွဲနေသည့် နိုင်ငံခြား အလံ လွှင့်ထူ ထားသော သင်္ဘောများပေါ်တွင် အလုပ်လုပ်ကိုင်နေကြသဖြင့် တင်းမာမှုများ မြင့်တက်လာချိန်တွင် အန္တရာယ်နှင့် ပိုမိုရင်ဆိုင်နေရသည်။

ယာဒေ့ဗ် က မကြာသေးမီက တိုက်ခိုက်မှုများသည် အိန္ဒိယသင်္ဘောသားများအကြား “ထိတ်လန့် စိုးရိမ်မှုများ” ဖြစ်ပေါ်စေခဲ့ပြီး၊ ၎င်းတို့အနက် အများစုမှာ ပဋိပက္ခစတင်ကတည်း က ပင်လယ်ကွေ့ဒေသတွင် ပိတ်မိနေခဲ့ကြကြောင်း ပြောကြားခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့်ခဲယမ်းမီးကျောက်မျှ တင်ဆောင်မထားသော စီးပွားဖြစ်သင်္ဘောကို အဘယ်ကြောင့် ပစ်ခတ်တိုက်ခိုက်ရန် လိုအပ်သနည်းဟု မေးခွန်း ထုတ်ခဲ့ပြီး၊ “သူတို့ လိုအပ်ရင် သင်္ဘောပေါ် တက်ရောက်ပြီး သင်္ဘောကို အလွယ်တကူ ထိန်းသိမ်းနိုင်ခဲ့တာပဲ” ဟု ၎င်းက ဆိုသည်။

အိန္ဒိယအတိုက်အခံများက ယခုသေဆုံးမှုများကို မိုဒီ၏ နိုင်ငံတကာသံတမန်ရေးရာ ဩဇာအာဏာအပေါ် စမ်းသပ်မှုတစ်ခုအဖြစ် ပုံဖော်ခဲ့ကြသည်။

“သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူရဲ့ ကိုယ်ရေးကိုယ်တာ ရင်းနှီးမှုကို သံတမန်ရေးရာ အောင်မြင်မှု တစ်ခုအဖြစ် ထပ်ခါတလဲလဲ ပြသခဲ့တဲ့ ဝန်ကြီးချုပ်ဟာ အဲဒီဆက်ဆံရေးက အိန္ဒိယနိုင်ငံသား တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်နိုင်တဲ့အခါ တာဝန်ယူမှုကနေ ရှောင်လွှဲလို့ မရပါဘူး” ဟု အိန္ဒိယအမျိုးသားကွန်ဂရက် (INC) က ထုတ်ပြန်ချက်တွင် ဝေဖန်ထားသည်။

အိန္ဒိယ ဆိပ်ကမ်းများနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးကမူ အစိုးရအနေဖြင့် “ပူဆွေး သောက ရောက်နေရသူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်-အိန္ဒိယ ဆက်ဆံရေးအတွက် စမ်းသပ်ချက်

လွန်ခဲ့သောနှစ်အတွင်းက Quad လုံခြုံရေးမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် အိန္ဒိယနှင့် အမေရိကန်တို့အကြား တစ်ချိန်က ခိုင်မာခဲ့သော ဆက်ဆံရေးသည် နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ တင်းမာမှုများကြောင့် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုကို ထိခိုက် လာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက ဖြစ်ပွားခဲ့သော တိုတောင်းသော်လည်း လူသေဆုံးမှုရှိခဲ့သည့် ပဋိပက္ခအတွင်း အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား မိမိက ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူသိရှင်ကြား ပြောကြားခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ယင်းပြောကြားချက်ကို နယူးဒေလီက ငြင်းပယ်ခဲ့ပြီး၊ ကက်ရှ်မီးယား (Kashmir) အငြင်းပွားမှုတွင် ပြင်ပတတိယအဖွဲ့အစည်း ပါဝင်ပတ်သက်မှုအပေါ် နယူးဒေလီ ၏ စိတ်ဆတ်မှုကို ပြန်လည်နှိုးဆွပေးသလို ဖြစ်ခဲ့သည်။

အမေရိကန်က အိန္ဒိယ၏ ပို့ကုန်အများအပြားအပေါ် အခွန်အတုပ်များ ကြီးလေးစွာ စည်းကြပ် ခဲ့ခြင်း ကလည်း တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။

ထို့ပြင် ဝါရှင်တန်သည် အိန္ဒိယ၏ အဓိကပြိုင်ဘက်ဖြစ်သော ပါကစ္စတန်နှင့် “ဆက်ဆံရေး တိုးမြှင့်လာခြင်း” ကလည်း အခြေအနေကို ပိုမိုတင်းမာစေခဲ့ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် ဘာ့ဂျ်ပိုင် က ထောက်ပြသည်။ အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲ များတွင် အဓိက ကြားခံညှိနှိုင်းသူအဖြစ် ပေါ်ထွက်လာသည့် ပါကစ္စတန် စစ်သေနာပတိချုပ် စစ်သူကြီး အာဆင် မူနီယာ (Asim Munir) ကို ထရမ့်က ထပ်ခါတလဲလဲ ချီးကျူးပြောဆိုခဲ့ဖူးသည်။

ဝါရှင်တန်သည် မကြာသေးမီက အိန္ဒိယဆိုင်ရာ သံအမတ်ကြီးတစ်ဦးကို ခန့်အပ်ခြင်းနှင့် ပြီးခဲ့သည့်လက နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၏ လာရောက် လည်ပတ်မှုတို့ဖြင့် နယူးဒေလီနှင့် ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် အိန္ဒိယသည် ယခုသင်္ဘောသားများ သေဆုံးမှုနှင့် ပတ်သက်၍ ပြည်တွင်းမှ ဖိအား များကို ထိန်းချုပ်ရန် ကြိုးပမ်းနေရသဖြင့် အမေရိကန်ထံမှ နောက်ထပ် တုံ့ပြန်မှုတစ်ခုကို မျှော်လင့်နေနိုင်သည်။

“အမေရိကန်ဘက်က စိတ်မကောင်းဖြစ်ရကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုး က အထောက်အကူပြုပါလိမ့်မယ်” ဟု ဘာ့ဂျ်ပိုင် က ဆိုသည်။ “အိန္ဒိယမှာ အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ အခြေခံစစ်ရေးသဘောတူညီချက် လေးခုရှိနေပြီး၊ အဲဒီသဘောတူညီချက် တွေရဲ့ အနှစ်သာရကို ထိန်းသိမ်းဖို့ဆိုတာ နှစ်ဦးနှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်ဆိုတာကို အမေရိကန်ဘက်ကို သတိပေးဖို့ လိုအပ်နိုင်ပါတယ်” ဟု ဆိုသည်။

နိုင်ငံရေးအဆင့်တွင် ဘာပဲဖြစ်ပျက်ပါစေ၊ သေဆုံးသွားသူများ၏ မိသားစုများမှာမူ ဘဝပျက် သလို ခံစားနေကြရသည်။

သေဆုံးသွားသူ သင်္ဘောသားတစ်ဦး၏ အခြားဖခင်တစ်ဦးဖြစ်သည့် ရမ်ဂျီ ချောင်ရာစီယာ (Ramji Chaurasiya) က ၎င်း၏သားဖြစ်သူနှင့် တိုက်ခိုက်မှုမဖြစ်ပွားမီ တစ်ရက်အလိုကတင် ဖုန်းဖြင့် စကားပြောခဲ့သေးကြောင်း ANI သို့ ပြောကြားခဲ့သည်။

“သူက အားလုံးအဆင်ပြေပါတယ်လို့ ပြောခဲ့တာပါ” ဟု ချောင်ရာစီယာ က မျက်ရည်လည်ရွဲ ဖြင့် ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က အိုမန်ပင်လယ်ကွေ့ကို ဖြတ်သန်းမောင်းနှင်နေစဉ် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ပလောင်း (Palau) နိုင်ငံအလံလွှင့်ထူးထားသည့် M/T Settebello ရေနံတင်သင်္ဘော။ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (ဓါတ်ပုံ)

ဇွန်လ ၈ ရက်၊ တနင်္လာနေ့က အိုမန်နိုင်ငံ၊ မူဆန်ဒမ် (Musandam) မှ မြင်တွေ့ရသည့် ဟော်မုဇ်ရေလက်ကြားတွင် ကျောက်ချရပ်နားထားသော သင်္ဘောများကို ဒရုန်းဖြင့် မြင်တွေ့ရစဉ်။ Stringer/Reuters/File

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်။ Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက