နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ အဆောက်အအုံမှ ထရမ့်၏အမည်ကို အားလုံးဖယ်ရှားပြီးဖြစ်ကြောင်း ပြောကြား

ရေးသားသူ – Devan Cole ၊ Betsy Klein ၊ Kaanita Iyer

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၄ရက်

ဝါရှင်တန် ဒီစီ။ ကနေဒီစင်တာ အဆောက်အအုံမှ ဒေါ်နယ်ထရမ့်၏ အမည်ကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း အမှုဆောင်ဒါရိုက်တာက စနေနေ့တွင် ပြောကြားခဲ့ရာ၊ ယင်းသည် ဝါရှင်တန် ဒီစီကို ပုံစံသစ်သွင်းရန် သမ္မတ၏ ကြိုးပမ်းမှုဆိုင်ရာ သင်္ကေတတစ်ခုကို ပယ်ဖျက်လိုက်ခြင်း လည်း ဖြစ်သည်။

အလုပ်သမားများသည် သောကြာနေ့က ဆိုင်းဘုတ်ပေါ်တွင် တာပေါ်လင်စ ကာရံထားခဲ့ပြီး ထရမ့်၏အမည် ဖယ်ရှားရေး လုပ်ငန်းခွင်အခြေအနေကို မမြင်ရအောင် ပိတ်ဆို့ထားခဲ့သည်။ စနေနေ့တွင်လည်း အဆောက်အအုံမျက်နှာစာ၌ တာပေါ်လင်စ ကာထားဆဲဖြစ်ပြီး၊ အမှုဆောင်ဒါရိုက်တာ မတ်တ် ဖလိုကာ (Matt Floca) က တရားသူကြီး၏ အမိန့်ကို လိုက်နာရန်အတွက် ထရမ့်၏အမည်ကို ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ဖယ်ရှားမှုသည် ဖျော်ဖြေရေးအနုပညာစင်တာကို ထိန်းချုပ်ရန်နှင့် နိုင်ငံတော်မြို့တော်ကို ၎င်း၏ပုံစံသွင်းရန် သမ္မတ၏ ကျယ်ပြန့်သော ကြိုးပမ်းမှုအပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။ သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီကို အထိမ်းအမှတ်ပြုထားသည့် ယင်းအဖွဲ့အစည်းကို ၎င်းက သိမ်းပိုက်နိုင်ရေးအတွက် ဒုတိယမြောက် သမ္မတသက်တမ်း အစောပိုင်းကာလများတွင် လက်ရှိဘုတ်အဖွဲ့ကို ဖြုတ်ချပြီး ၎င်းအပေါ် သစ္စာစောင့်သိ သူများကို အစားထိုး ခန့်အပ်ခြင်းဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

စနေနေ့ နံနက်အစောပိုင်းတွင် အလုပ်သမားများက ကနေဒီစင်တာ၏ အပြင်ဘက်နံရံမှ ထရမ့်၏အမည်ကို စတင်ဖယ်ရှားနေသည်ကို CNN ရုပ်သံအဖွဲ့၏ ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။

စနေနေ့ နံနက်ပိုင်းတွင် သမ္မတ၏အမည် ဖြုတ်ချသည်ကို ကြည့်ရှုရန် လူနည်းငယ် စုဝေးခဲ့ကြပြီး အချို့က ဓာတ်ပုံရိုက်ရန် ရပ်စောင့်ခဲ့ကြသည်။ အမျိုးသားတစ်ဦးသည် တာပေါ်လင်စ ကာထားသည့် အဆောက်အအုံကို နောက်ခံထားကာ လက်ချောင်းများ ယှက်လျက် (ဆုတောင်းသည့် ပုံစံဖြင့်) ဆဲလ်ဖီရိုက်ခဲ့သည်။

“ကျွန်မ (ထရမ့်) နာမည် ပျောက်သွားတာကိုပဲ မြင်ချင်တာ” ဟု ဂျိုအန် ဂျုံးစ် (JoAnn Jones) က CNN သို့ ပြောကြားခဲ့သည်။ “ကိုယ်နဲ့ ဘာမှမဆိုင်တဲ့၊ ကိုယ်တိုင်လည်း ဘာမှ အလုပ် မလုပ်ထားတဲ့ အဆောက်အအုံတစ်ခုပေါ်မှာ ကိုယ့်နာမည် လာတပ်ချင်တဲ့သူဟာ ဒါနဲ့ မထိုက်တန်ပါဘူး။”

သောကြာနေ့တွင် အလုပ်သမားများသည် အဆောက်အအုံ၏ အပြင်ဘက် ဆိုင်းဘုတ် အောက်၌ ငြမ်းများကို စတင်ဆင်ခဲ့ကြသည်။ စနေနေ့ နံနက် ၃ နာရီကျော်တွင် အလုပ်သမား များက စာလုံးများကို ဖြုတ်နေပုံရကြောင်း ငြမ်းကာရံထားသည့် အပေါက် ငယ်လေး တစ်ခုမှ တစ်ဆင့် ရိုက်ကူးထားသော ဗီဒီယိုတွင် တွေ့ရသည်။

တရားရုံး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ

အမေရိကန် ခရိုင်တရားသူကြီး ခရစ္စတိုဖာ ကူးပါး (Christopher Cooper) ချမှတ်ထားသည့် သောကြာနေ့ ည ၁၁:၅၉ နာရီ နောက်ဆုံးသတ်မှတ်ချက် အမိန့်ကို ဆိုင်းငံ့ထားရန်နှင့် တရားရုံး လုပ်ငန်းစဉ်များအတွက် အချိန်ပို လိုအပ်သည်ဟု ဆိုကာ ကနေဒီစင်တာဘက်မှ နောက်ဆုံး အချိန်၌ ကြိုးပမ်းမှုကို အယူခံတရားရုံးက သောကြာနေ့တွင် ပယ်ချခဲ့သည်။

အယူခံတရားရုံးသည် စာမျက်နှာအကျဉ်းမျှသာရှိပြီး လက်မှတ်ရေးထိုးမထားသည့် အမိန့်တွင် ယခုဆုံးဖြတ်ချက်၏ အကြောင်းရင်းကို ရှင်းလင်းဖော်ပြထားခြင်း မရှိပေ။ ယင်းခုံရုံးအဖွဲ့တွင် ထရမ့် ခန့်အပ်ခဲ့သည့် တရားသူကြီး ဂရီဂိုရီ ကတ်ဆပ်စ် (Gregory Katsas)၊ သမ္မတဟောင်း ဘာရက်အိုဘားမား ခန့်အပ်ခဲ့သည့် ပက်ထရစ်ရှာ မီးလက် (Patricia Millett) နှင့် ရောဘတ် ဝီလ်ကင်စ် (Robert Wilkins) တို့ ပါဝင်သည်။

အဆောက်အအုံ၊ ဝက်ဘ်ဆိုက်၊ ကြော်ငြာပစ္စည်းများနှင့် အခြားနေရာများမှ ထရမ့်၏ အမည်ကို ဖယ်ရှားရမည်ဟူသော အောက်တရားရုံး၏ အမိန့်ကို ဆိုင်းငံ့ထားရန် စင်တာ၏ လျှောက်ထားမှုအပေါ် ယခုလအတွင်း ထပ်မံတင်သွင်းရမည့် စာဖြင့်ရေးသားထားသော ဥပဒေကြောင်းဆိုင်ရာ လျှောက်လဲချက်များကို တရားသူကြီးများက တောင်းခံထားသည်။ သို့သော် လာမည့်ရက်သတ္တပတ်များအတွင်း ဥပဒေကြောင်းအရ အငြင်းပွားမှုများ ရှိနေဦးမည် ဖြစ်သော်လည်း စင်တာအနေဖြင့် တရားသူကြီး၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက် ရမည် ဖြစ်သည်။

စင်တာသည် မကြာသေးမီရက်ပိုင်းအတွင်း အချို့နေရာများတွင် ပြောင်းလဲမှုများကို ပြန်လည်ပြင်ဆင်ရန် ခြေလှမ်းများ လှမ်းခဲ့သော်လည်း တရားသူကြီး ကူးပါး၏အမိန့်ကို မလိုက်နာဘဲ ဆွဲဆန့်ထားနိုင်ရန်အတွက် အဆောက်အအုံမျက်နှာစာရှိ ထရမ့်၏အမည်ကို ဆက်လက်ထားရှိခဲ့သည်။

ဒီစီပတ်လမ်းဆိုင်ရာ တရားရုံးသို့ တင်သွင်းသည့် စာမျက်နှာ ၂၂ မျက်နှာပါ လျှောက်လဲ ချက်တွင် တရားရေးဝန်ကြီးဌာန (DOJ) ရှေ့နေများက တရားသူကြီး ကူးပါး ရှေ့မှောက်၌ တင်ပြခဲ့ဖူးသည့် အကြောင်းပြချက် အများအပြားကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြပြီး၊ ယင်းတို့အထဲတွင် ယခုအချိန်၌ စင်တာ၏ မူလအမည်ကို ပြန်လည်ပြောင်းလဲလိုက်ပါက ဥပဒေကြောင်းအရ စိန်ခေါ်မှုတွင် ၎င်းတို့ နောက်ဆုံး၌ အနိုင်ရရှိသွားခဲ့လျှင် အများပြည်သူ အကြား ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟူသောအချက် ပါဝင်သည်။

သို့သော် ၎င်းတို့က တရားသူကြီး၏အမိန့်ကို လိုက်နာခြင်းကြောင့် စင်တာသို့ လှူဒါန်းမည့် ပုဂ္ဂလိက အလှူငွေများကို ထိခိုက်စေနိုင်ကြောင်း အလားအလာကိုလည်း ထောက်ပြခဲ့သည်။ တရားရေးဝန်ကြီးဌာနက စင်တာ၏ “မှတ်တမ်းများ၊ စျေးကွက်ရှာဖွေရေး၊ အမှတ်တံဆိပ် ဖော်ဆောင်ရေး၊ အဆောက်အအုံမျက်နှာစာ သို့မဟုတ် အခြားဆက်စပ်နေရာများ” မှ ထရမ့်၏အမည်ကို ဖယ်ရှားပါက အလှူရှင်များထံ ငွေပြန်အမ်းရမည်ဟူသော စည်းမျဉ်းများကို ထောက်ပြခဲ့သည်။

“ဒီငွေတွေအားလုံး၊ ဒေါ်လာသန်းပေါင်း ရာနဲ့ချီတဲ့ ငွေတွေကို ချက်ချင်း ပြန်အမ်းရမှာ ဖြစ်သလို၊ စင်တာအနေနဲ့လည်း လက်ခံရရှိတော့မှာ မဟုတ်ပါဘူး” ဟု တရားရေး ဝန်ကြီး ဌာနက အယူခံတရားရုံးသို့ ပြောကြားခဲ့သည်။

သောကြာနေ့က ဝါရှင်တန်ဒီစီရှိ ကနေဒီစင်တာတွင် အလုပ်သမားများ ငြမ်းဆင်နေသည်ကို လူအများက ရပ်ကြည့်နေကြစဉ်။ ဓာတ်ပုံ – Daniel Heuer/Bloomberg/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက